Connect with us

ASEAN

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ၊ ဝန်ကြီးချုပ် ဟွန်ဆန်က လေဆိပ်တွင် ကိုယ်တိုင် ကြိုဆို

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ကျင်းပသော တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် သတ္တမအသုတ် ကိုဗစ်ကာကွယ်ဆေး ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားနေသည်ကို နိုဝင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကမ္ဘောဒီယားနိုင်ငံသို့ ကူညီပံ့ပိုးပေးသော သတ္တမအသုတ် ကိုဗစ်ကာကွယ်ဆေးများအား ကြိုဆိုလက်ခံပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ရက်က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခမ်းနားစွာ ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး Tea Banh၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ဝန်ထျန်းတို့သည် လေဆိပ်၌ ကျင်းပသည့် ကြိုဆိုပွဲအခမ်းအနားသို့အတူတကွ တက်ရောက်ခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် သတ္တမအသုတ် ကိုဗစ်ကာကွယ်ဆေးများအား သယ်ဆောင်နေသည်ကို နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် သတ္တမအသုတ် ကိုဗစ်ကာကွယ်ဆေးများအား သယ်ဆောင်နေသည်ကို နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် သတ္တမအသုတ် ကိုဗစ်ကာကွယ်ဆေးများကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်ကို နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါအခမ်းအနားတွင် ဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်နိုင်ငံသည် ကာကွယ်ဆေးဝယ်ယူရေးနှင့်ကူညီပံ့ပိုးမှုများကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ပေးပြီး ကမ္ဘောဒီယားနိုင်ငံ ပထမအဆင့်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ဖြစ်သည့် အသက် ၆ နှစ်နှင့်အထက် လူအုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ် ကြိုတင်ပြီးမြောက်အောင် ကူညီပေးခဲ့ကြောင်း၊ ယင်းအစီအစဉ်သည် နိုဝင်ဘာ ၁ ရက်တွင် ပြီးမြောက်ခဲ့ရာ နိုင်ငံတစ်ဝန်းကဏ္ဍအသီးသီးတွင် တစ်ဆင့်စီ ပြန်လည်တံခါးဖွင့်လှစ်လျက်ရှိပြီး စီးပွားရေးပြန်လည်ရှင်သန်ရန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် တရုတ်နိုင်ငံမှ ပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးများနှင့်ကင်းကွာ၍မရကြောင်း ၊ တရုတ်ကာကွယ်ဆေးသည် ကမ္ဘောဒီယားတွင် ပြည်သူ့ကျန်းမာရေးလုံခြုံမှု၊ ပြည်သူ့အသက်အိုးအိမ်ကယ်ဆယ်ရေး၏ အဓိကဖြစ်နေကြောင်း ဟွန်ဆန်က ဆိုသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား အကျပ်အတည်းတွေ့ကြုံသည့်အခါတိုင်း အချိန်မီ၊ တောင်းဆိုချက်မရှိ ကူညီထောက်ပံ့မှုများ အစဉ်အမြဲပေးလျက်ရှိရာ သံမဏိသဖွယ်ခိုင်မာသည့် မိတ်ဆွေရင်းချာဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုသည်။

တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ဝန်ထျန်းက တရုတ်နိုင်ငံမှ ပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေးသည် ကမ္ဘောဒီယားနိုင်ငံက ရရှိသည့် ကာကွယ်ဆေးစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းရှိပါကြောင်း၊ ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံမှုထိရောက်မှုများကြောင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အကျိုးပြုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့် အချိန်မှစပြီး တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံပြည်သူများသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ အပြန်အလှန်ဖေးမကူညီခဲ့ကြပါကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်ပြည်သူများက ကမ္ဘောဒီးယားပြည်သူများနှင့်အတူ အစဉ် ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်များအရ တစ်နိုင်ငံလုံးတွင် လူပေါင်း ၁၄ သန်း ကျော်သည် အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးဖြစ်ရာ တစ်နိုင်ငံလုံးလူဦးရေ၏ ၈၈ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းတို့အနက် ၁၃.၂ သန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)
(国际)中国新一批援柬新冠疫苗运抵 柬首相洪森到机场迎接
2021-11-17 21:14:07
新华社金边11月17日电(记者毛鹏飞)柬埔寨政府17日在金边国际机场举行隆重仪式,迎接中国援柬第七批新冠疫苗。柬埔寨首相洪森、副首相兼国防大臣迪班、中国驻柬大使王文天等到机场迎接。
洪森在迎接仪式上表示,中国陆续提供的援助和商采疫苗,帮助柬埔寨提前完成了国家第一阶段疫苗接种计划,即为全国6岁以上人群接种新冠疫苗,该计划已于今年11月1日正式完成,柬全国各领域正逐步恢复开放,促进经济复苏。
洪森表示,柬埔寨国家疫苗接种计划的成功实施与中国提供的新冠疫苗密不可分,中国疫苗已成为柬维护公共卫生安全、拯救人民生命的关键。中国是柬埔寨真正的“铁杆朋友”,始终在柬困难时期提供及时、无条件的支持和帮助。
王文天表示,中方迄今向柬方提供的新冠疫苗超过柬获得疫苗总数的90%,中国疫苗不仅安全而且有效,为柬抗击疫情发挥了重要作用。新冠疫情发生以来,中柬两国人民同舟共济、守望相助,在抗击新冠疫情的斗争中,中国人民始终与柬埔寨人民站在一起。
柬埔寨卫生部最新统计显示,柬全国超过1400万人已接种至少1剂新冠疫苗,约占全国总人口的88%,其中1320万人已完成两剂接种。(完)
图说1:11月17日,柬埔寨首相洪森在金边国际机场举行的中国援柬第七批新冠疫苗迎接仪式上致辞。新华社发(李莱摄)
图说2:11月17日,工作人员在柬埔寨金边国际机场运输中国援柬第七批新冠疫苗。 新华社发(批隆摄)
图说3:11月17日,工作人员在柬埔寨金边国际机场运输中国援柬第七批新冠疫苗。新华社发(批隆摄)
图说4:11月17日,中国援柬第七批新冠疫苗抵达柬埔寨金边国际机场。新华社发(罗军摄)