Connect with us

CHINA

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် အာဖဂန်နစ္စတန်နိုင်ငံသို့ရောက်ရှိ

ကဘူးလ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရ၏ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့မှ အာဖဂန်နစ္စတန်သို့ ကူညီပံ့ပိုးပေးသည့် ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး နှင့် ဆေးထိုးအပ်များသည် ဒီဇင်ဘာ ၈ ရက်က အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း၊ အာဖဂန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Yu နှင့် အာဖဂန်ကြားဖြတ်အစိုးရ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ယာယီဝန်ကြီး Abdul Bari Omar တို့က လေဆိပ်၌ အတူတကွ သွားရောက်ကြိုဆိုခဲ့ကြသည်။

လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် အာဖဂန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Yu က အာဖဂန်နစ္စတန်သည် လက်ရှိတွင် ကူးစက်ရောဂါ၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုစသည့် ခက်ခဲသောအကျပ်အတည်းများစွာကိုရင်ဆိုင်နေရကြောင်း၊တရုတ်နိုင်ငံသည် အိမ်နီးချင်းနှင့် ယုံကြည်ရသောမိတ်ဆွေကောင်း အနေဖြင့် အာဖဂန်နစ္စတန်၏ အခြေအနေကို အလေးအနက်ထား အာရုံစိုက်လျက်ရှိကြောင်း၊ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အာဖဂန်နစ္စတန်အတွက်ကိုဗစ်ကာကွယ်ဆေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများဖြစ်သည့် အသက်ရှူစက်၊ပါးစပ်နှာခေါင်းစည်းများ၊ရောဂါကာကွယ်ရေးဝတ်စုံများကိုလှူဒါန်းခဲ့ကြောင်း၊အာဖဂန်နစ္စတန်တွင် နိုင်ငံရေး အခြေအနေများ ပြောင်းလဲပြီးနောက် အာဖဂန်ပြည်သူများ အခက်အခဲများကို ဖြတ်ကျော်နိုင်ရန် တရုတ်ဘက်မှ အကူအညီပေးရေး ပရောဂျက်များကို အရှိန်မြှင့်တင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊အာဖဂန်လယ်သမားများနှင့် ကုန်သည်များအတွက် အကျိုးကျေးဇူးများဆောင်ကျဉ်းနိုင်ရန်တရုတ်-အာဖဂန် ကုန်သွယ်မှု သွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Wang Yu က တရုတ်နိုင်ငံသည် နယ်ပယ်အသီးသီးတွင် အာဖဂန်နစ္စတန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံအား အကူအညီများ ပေးအပ်ရန်နှင့် အာဖဂန်နစ္စတန်တွင် ကပ်ရောဂါကို စောလျဉ်းစွာ ကျော်လွှားကာ ငြိမ်းချမ်းတည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Omar က ကိုဗစ်ကပ်ရောဂါသည် အထူးသဖြင့် နောက်ဆုံးပေါ် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသည် အာဖဂန်ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးစနစ်အတွက် စိန်ခေါ်မှုများဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသော ကာကွယ်ဆေးသည် အာဖဂန်၏ကပ်ရောဂါတိုက်ဖျက်နိုင်စွမ်းကို များစွာမြှင့်တင်ပေးမည်ဖြစ်ကြောင်း နှင့် အာဖဂန်နစ္စတန်သည် ယင်းအတွက် အထူးကျေးဇူးတင်ရှိကြောင်း တရုတ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အာဖဂန်နစ္စတန်အပေါ် ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ဆက်လက်ကူညီပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

—————————————————-
(Chinese Version)

(国际)中国援助阿富汗新一批新冠疫苗运抵喀布尔

新华社喀布尔12月8日电(记者史先涛)中国政府援助阿富汗紧急人道主义物资项下的首批新冠疫苗及配套注射器8日运抵阿首都喀布尔国际机场。中国驻阿富汗大使王愚、阿临时政府公共卫生部代理部长阿卜杜勒•巴里•奥马尔等赴机场迎接。

王愚在交接仪式上表示,阿富汗当前正经历疫情、经济、人道主义等多重困难危机。作为好邻居和真诚朋友,中国密切关注关心阿局势发展,疫情暴发以来向阿捐助了新冠疫苗和大量呼吸机、口罩、防护服等抗疫物资。阿政局变化后,为帮助阿人民渡过难关,中方又加快实施一系列援助项目,并通过加强中阿贸易为阿农民、商户等带来了实惠。

王愚说,中方愿继续在各领域同阿富汗开展合作,向阿提供帮助,与国际社会一道助阿早日战胜疫情,实现和平稳定发展。
奥马尔表示,新冠疫情尤其是最新变异毒株奥密克戎给阿医疗卫生体系带来挑战,中方援助的疫苗将有力增强阿抗疫能力,阿方对此深表感谢。希望中方和国际社会继续伸出援手,向阿提供更多抗疫和医疗物资。(完)

图说1- 9月29日,在阿富汗首都喀布尔国际机场,工作人员从飞机上卸下中国政府首批对阿富汗紧急人道主义援助物资。