Connect with us

China

တရုတ်နိုင်ငံမှ တောင်ဆူဒန်နိုင်ငံသို့ သွားရောက်သည့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆေးတပ်ဖွဲ့ခွဲ၏ ၁၁ ကြိမ်မြောက် တာဝန်လွှဲပြောင်းခြင်း ပြီးစီး

ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့က တာဝန်များ လွှဲပြောင်းပေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဂျူဘာ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ တောင်ဆူဒန်နိုင်ငံ(Wau)သို့ စေလွှတ်သည့် ၁၂ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆေးတပ်ဖွဲ့ခွဲ ပထမအဖွဲ့သည် တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘာတွင် ၁၄ ရက်ကြာ ကွာရန်တင်းဝင်ပြီးနောက် Wauမြို့ တာဝန်ထမ်းဆောင်မည့်နေရာသို့ သွားရောက်ခဲ့ရာ ၁၁ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆေးတပ်ဖွဲ့ခွဲက ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တာဝန်လွှဲပြောင်း စတင်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ တရုတ်နိုင်ငံမှ တောင်ဆူဒန်(Wau)သို့ သွားရောက်သည့် ၁၂ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ခွဲ၏ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်မှုများ စတင်ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ဆူဒန်နိုင်ငံ Wauမြို့သို့ တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာသော ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့အားတွေ့ရစဉ်(ဆင်ဟွာ)

ဆေးတပ်ဖွဲ့ခွဲနှစ်ခုသည် ကွပ်ကဲမှုအာဏာ၊ ဆေးကုသရေး အထောက်အပံ့ပစ္စည်း၊ မော်တော်ယာဉ်စက်ပစ္စည်း၊ တပ်ဖွဲ့တန်းလျား၊အသုံးအဆောင်ပစ္စည်းစသည့် ကဏ္ဍ ၁၀ ခုကျော်ကို လွှဲပြောင်းပေးမှုများ လုပ်ဆောင်ခဲ့သည့်အပြင် တာဝန်ကျရာနေရာ၏အခြေအနေအရ ပတ်ဝန်းကျင်အနေအထား၊ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွေ့အကြုံ၊ တာဝန်ထမ်းဆောင်စဉ် ဂရုပြုရမည့်အချက်များအား ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။

တာဝန်လွှဲပြောင်းမှုအပြီးတွင် ၁၂ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဆေးတပ်ဖွဲ့ခွဲသည် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အဆင့် ၂ ဆေးရုံပုံစံဖြင့် Wauမြို့ဒေသတွင် စတင် တာဝန်ထမ်းဆောင်မည်ဖြစ်ရာ အဓိကအားဖြင့် ကုလသမဂ္ဂအရာရှိများ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ၏ ဆေးကုသမှုနှင့်ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်မှုများအား ကူညီပံ့ပိုးပေးရန်နှင့် ရုတ်တရက်ဖြစ်ပွားသည့် ကျန်းမာရေးကဏ္ဍ အရေးပေါ် ကယ်ဆယ်မှုလုပ်ငန်းတာဝန်များစသည်တို့ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

၁၁ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆေးတပ်ဖွဲ့ခွဲ့၏ ၁ နှစ်တာ တာဝန်များတွင် ဒဏ်ရရာရှိသူများကို စုစုပေါင်း ၁,၇၀၀ ကြိမ် ကယ်ဆယ်ကုသပေးခြင်း၊ ဆေးရုံတင်ကုသပေးမှုအကြိမ်ရေ ၃၀ ကျော်၊ ငှက်ဖျားလူနာများအား ကုသပေးမှု အကြိမ်ရေ ၁၀၀ ကျော်၊ အလယ်အလတ်အဆင့်ရှိ ခွဲစိတ်ကုသမှု အကြိမ်ရေ ၂၀ ဆောင်ရွက်ခဲ့ရာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

‏တရုတ်နိုင်ငံမှ တောင်ဆူဒန်(Wau)သို့ သွားရောက် တာဝန်ထမ်းဆောင်မည့် ၁၂ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ခွဲ့ ဒုတိယအဖွဲ့သည် ဒီဇင်ဘာ လကုန်တွင် Wauသို့ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………….
(Chinese Version)

中国赴南苏丹(瓦乌)维和医疗分队完成第11次轮换交接
2021-12-13 10:51:23

工作交接。冉霞 摄
当地时间12月10日,中国第12批赴南苏丹(瓦乌)维和医疗分队第一梯队,在南苏丹首都朱巴完成14天的医学隔离后顺利飞抵瓦乌任务区,与第11批维和医疗分队进行轮换交接,11日下午工作交接完毕,这也标志着中国第12批赴南苏丹(瓦乌)维和医疗分队正式开始执行为期一年的维和任务。
两批维和医疗分队除了对指挥权限、医疗物资、车辆装备、营房营具等十多项内容进行交接外,还结合任务区形势,对营区周边环境、疫情防控经验、执行任务的注意事项等内容进行了深入交流。交接完成后,第12批维和医疗分队将继续以中国维和二级医院的形式在瓦乌任务区展开工作,主要负责联合国官员、维和部队的医疗保障任务;协助开展人道主义救援;突发卫生事件的应急医学救援任务等。
据了解,第11批维和医疗分队1年任务期内共累计救治伤病员1700余人次;住院治疗30余人次;治疗疟疾患者100余人次;完成中型手术20台次,圆满完成了维和医疗任务。
中国第12批赴南苏丹(瓦乌)维和医疗分队第二梯队计划于12月下旬抵达瓦乌任务区。(王兴华、程磊、张亚飞、张福)
抵达瓦乌任务区。何龙龙 摄