Connect with us

International Organizations

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမြဲတမ်း ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်း ၊ စိတ်ရင်းစေတနာ စစ်မှန်သော မိတ်ဖက်ကောင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ပြောကြား

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းသည် နိုဝင်ဘာ ၃၀ ရက်က ကျင်းပသော “Group of 77 +China” ၏ ၄၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ video conference အစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမြဲတမ်း ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်း နှင့် စိတ်ရင်းစေတနာ စစ်မှန်သော မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်ကပ်ရောဂါ ဆက်လက်ပြင်းထန်မှုကြောင့် လူနေမှု ကွာဟချက်၊ တောင်-မြောက် ကွာဟချက်နှင့် ကာကွယ်ဆေးကွာဟချက်များ ကြီးမားလာကြောင်း၊ “Group of 77 +China” အနေဖြင့် ၎င်းအခက်အခဲများကို ဖယ်ရှားရန် စည်းလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကပ်ရောဂါကင်းစင်ပြီးနောက် ပြန်လည်ကောင်းမွန်လာမှု နှင့် ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရန် ကျန်းကျွင်းက ပြောကြားခဲ့သည်။ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသင့်ကြောင်း၊ “Group of 77 +China” သည် ပြည်သူကိုဗဟိုပြုသည့် အတွေးအမြင်ကို လိုက်နာရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ကမ္ဘာ့မက်ခရိုမူဝါဒညှိနှိုင်းဆောင်ရွက်မှုတွင် ထင်ရှားသောအနေအထားတွင်ထားရှိရန်၊ ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန်၊ အလွန်အမင်းဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးတို့ကို ကောင်းမွန်စွာ ဖြေရှင်းရန် ကျန်းကျွင်းက ဆက်လက်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကျန်းကျွင်းက စစ်မှန်သော နိုင်င်ပေါင်းစုံ ဘက်ပေါင်းစုံဝါဒကို လိုက်နာသင့်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂကို အဓိကထားသည့် နိုင်ငံတကာစနစ်အား ခိုင်မာစွာ ဆုပ်ကိုင်ထားရန်၊ နိုင်ငံတကာဥပဒေအပေါ်အခြေခံသော နိုင်ငံတကာစနစ်ကို လက်ကိုင်ရန်၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့်ဗိုလ်ကျစိုးမိုးမှုများကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ၎င်းတို့၏ ကတိကဝတ်များကို ဖြည့်ဆည်းရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ရန်ပုံငွေ၊ နည်းပညာနှင့် စွမ်းရည်မြှင့်တင်ရေး အထောက်အပံ့များ ပံ့ပိုးပေးရန် တိုက်တွန်းရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျန်းကျွင်းက မိမိနိုင်ငံတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ လက်ကိုင်သင့်ကြောင်း၊ “Group of 77 +China”သည် တောင်ဘက်အခြမ်း -တောင်ဘက်အခြမ်း ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်းစေရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိပ်ဆက်မှု ခိုင်မာစေရန်၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်များ မြှင့်တင်ရန် လုပ်ဆောင်သင့်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ပြီး ဘုံအကျိုးဖြစ် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံရေး တည်ဆောက်မှုကို မြှင့်တင်ရန် တတိယမြောက် တောင်ပိုင်း ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပရန် ကျန်းကျွင်းကဆိုသည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြား၏ အမြဲတမ်း ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်း စိတ်ရင်းစေတနာ စစ်မှန်သော မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်မြှင့်တင်ခြင်းကို အားကောင်းစေရန် တောင်ခြမ်း-တောင်ခြမ်း ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ သွန်းအားပေးဆောင်ရွက်သင့်ကြောင်း ၎င်းထည့်သွင်းပြောကြားခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ ၈ ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများနှင့်အတူ ကျန်းမာရေး၊ ဆင်းရနွမ်းပါးမှု လျှော့ချရေးနှင့် စိုက်ပျိုးရေးကောင်းမွန်စေရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး ၊ ရင်းနှီးမြှုပ်နှံမှု သွန်းအားပေးရေး အပါအဝင် စီမံကိန်းကိုးခုကို လာမည့် သုံးနှစ်အတွင်း ပူးတွဲအကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ အာဖရိကသို့ ကာကွယ်ဆေး ပံ့ပိုးပေးရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိင်းရှိင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယခုနှစ် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုမှု”ကို လေးနက်စွာ အဆိုတင်သွင်းခဲ့သည်။ ဤအရေးကြီးသော အဆိုပြုမှုတွင် G77 မှ အဖွဲ့ဝင်နိုင်ငံများ တက်ကြွစွာ ပံ့ပိုးကူညီမှုနှင့် ပါဝင်မှုကို တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း ၊ “Group of 77 +China”သည် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၀ ကျော်ပါဝင်သော ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပါကစ္စတန်က ၂၀၂၂ ခုနှစ် အလှည့်ကျနိုင်ငံအဖြစ် ရွေးချယ်ခံရပြီး ဝန်ကြီးအဆင့် ကြေငြာချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————–
(Chinese Version)
(国际)中国常驻联合国代表:中国始终是发展中国家的可靠朋友和真诚伙伴

新华社联合国11月30日电中国常驻联合国代表张军11月30日在“77国集团和中国”第45届外长会视频会议上发言时说,中国始终是发展中国家的可靠朋友和真诚伙伴。   张军说,当前新冠疫情仍在肆虐,贫富鸿沟、南北鸿沟、疫苗鸿沟扩大。“77国集团和中国”应排除干扰,加强团结,在联合国平台发出响亮声音,为发展中国家加快疫后复苏、落实2030年议程营造良好环境。

张军指出,应坚持发展优先。“77国集团和中国”要秉持以人民为中心的理念,推动国际社会把发展问题置于全球宏观政策协调的突出位置,加大发展领域投入,解决好极端贫困、粮食安全、经济复苏等问题。

张军强调,应坚持真正的多边主义。发展中国家要坚定维护以联合国为核心的国际体系,维护以国际法为基础的国际秩序,反对单边主义、保护主义和霸凌行径。要敦促发达国家履行承诺,向发展中国家提供资金、技术和能力建设支持。

张军表示,应坚持联合自强。“77国集团和中国”要不断深化南南合作,增进政治互信,加强发展战略对接,开展各领域务实合作,增强自主发展能力。要成功开好第三届南方首脑会议,推动构建合作共赢的全球发展伙伴关系。

张军说,中国始终是广大发展中国家的可靠朋友和真诚伙伴,积极推动南南合作,加强发展中国家发展能力建设。习近平主席在中非合作论坛第八届部长级会议开幕式上宣布,中国将同非洲国家在未来3年共同实施卫生健康、减贫惠农、贸易促进、投资驱动等“九项工程”,向非洲提供疫苗,深化双方合作。习近平主席还在今年第76届联大郑重提出“全球发展倡议”。中方欢迎77国集团各成员国积极支持和参与这一重要倡议。
“77国集团和中国”是世界最大的发展中国家合作组织,有130多个成员国。本届外长会选举巴基斯坦担任2022年度主席国,并通过了部长宣言。(完)