Connect with us

China

တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသလုပ်ငန်းခရီးစဉ်သစ်ကို အာကာသယာဉ်မှူးများ အာကာသစခန်းပင်မခန်းသို့ ဝင်ရောက်နိုင်ခြင်းနှင့်အတူ စတင်လိုက်ပြီဖြစ်

လူလိုက်ပါအာကာသယာဉ် “Shenzhou-12” နှင့် အာကာသစခန်းပင်မခန်း “Tianhe” ချိတ်ဆက်ပြီးနောက် “Tianhe”၊ “Tianzhou-2”၊ “Shenzhou-12” အစိတ်အပိုင်းသုံးခုဖြင့် ဖွဲ့စည်းထားသည့် အာကာသစခန်းအား ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ(BACC)မှ ဇွန် ၁၇ ရက်က ရိုက်ကူးထားသည့်ပုံမှတစ်ဆင့် တွေ့မြင်ရစဉ်(ဆင်ဟွာ)

ကျိုချွန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

အာကာသယာဉ်မှူး နွဲ့ဟိုင်စိန့်၊ လျိုပေါမင်နှင့် ထန်းဟုန်ပေါတို့သည် ဇွန် ၁၇ ရက်က “Shenzhou-12” အာကာသယာဥ်တွင် လိုက်ပါ၍ တရုတ်အာကာသစခန်း ပင်မခန်း“Tianhe”သို့ ပထမအသုတ် ဝင်ရောက်ခြေချနိုင်သူများဖြစ်ပြီး တရုတ်နိုင်ငံ လူလိုက်ပါအာကာသစခန်း၏ ပထမဆုံး ပျံသန်းမှုတာဝန်ကို စတင်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် “Shenzhou-12” အာကာသယာဉ်မှူးများ လိုက်ပါပို့ဆောင်ခြင်းအခမ်းအနား တက်ရောက်နေသော အာကာသယာဉ်မှူး နွဲ့ဟိုင်စိန့် (လယ်) ၊ လျိုပေါ်မင် (ယာ) နှင့် ထန်းဟုန်ပေါတို့အား ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ(BACC)တွင် သိပ္ပံပညာရှင်များက “Shenzhou-12” နှင့် “Tianhe” အာကာသစခန်းပင်မခန်း အလိုအလျောက် လျင်မြန်စွာ ချိတ်ဆက်မှုအခြေအနေအား စောင့်ကြည့်နေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာကာသယာဉ်မှူးအဖွဲ့ “Tianhe”အာကာသစခန်း ပင်မခန်းသို့ ဝင်ရောက်သွားသည်ကို ဇွန် ၁၇ ရက်က ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ တွေ့ရစဉ်(ဆင်ဟွာ)

အာကာသယာဉ်မှူးအဖွဲ့က “Tianhe”အာကာသစခန်း ပင်မခန်း၌ တရုတ်တစ်နိုင်ငံလုံးအား အလေးပြုနေသည်ကို ဇွန် ၁၇ ရက်၌ ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးထားသည့်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

“Shenzhou-12”လူလိုက်ပါအာကာသယာဉ်ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၁၇ ရက် နံနက် ၉ နာရီ ၂၂ မိနစ်က ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ် လွှတ်တင်မှုသည် Long March-2F သယ်ဆောင်ရေး ဒုံးပျံ၏ (၇) ကြိမ်မြောက် လူလိုက်ပါအာကာသယာဉ် လွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။

(၅၇၃)စက္ကန့်အကြာခန့်တွင် “Shenzhou-12”သည် ဒုံးပျံမှ ခွဲထွက်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်သွားရာ အာကာသယာဉ်အဖွဲ့သားအားလုံး အခြေအနေကောင်းမွန်ခြင်းကြောင့် အာကာသယာဉ်လွှတ်တင်မှုခရီးစဉ် အပြည့်အဝ အောင်မြင်မှုရရှိခဲ့သည်။ ထိုအချိန်တွင် အာကာသစခန်း ပင်မခန်း “Tianhe”နှင့် ကုန်တင်အာကာသယာဉ် “Tianzhou-2”၏ ပူးတွဲချိတ်ဆက်ထားသည့်စခန်းသည် ဂြိုဟ်ပတ်လမ်းကြောင်း၏ ၃၉၀ ကီလိုမီတာခန့်အကွာတွင် ကောင်းမွန်စွာလည်ပတ်နေပြီး လူတင်အာကာသယာဉ် “Shenzhou-12”နှင့်ချိတ်ဆက်ရန် စောင့်ဆိုင်းနေသည်။

၁၅ နာရီ ၅၄ မိနစ်တွင် “Shenzhou-12”သည် “Tianhe”နှင့်ချိတ်ဆက်ပြီး “Tianhe”၊ “Tianzhou-2”တို့နှင့်အတူ အာကာသစခန်း အစိတ်အပိုင်း (၃)ခု ပူးတွဲနိုင်ခဲ့သည်။ ထိုသို့ ချိတ်ဆက်ရာတွင် အချိန် (၆.၅)နာရီခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။

၎င်းမှာ ဧပြီ ၂၉ ရက်က အာကာသစခန်းပင်မခန်းအား ဂြိုဟ်ပတ်လမ်းသို့ လွှတ်တင်ပြီးနောက် လူလိုက်ပါအာကာသယာဉ်နှင့် ပထမဆုံး ချိတ်ဆက်ခြင်းဖြစ်သည်။

၁၈ နာရီ ၄၈ မိနစ်တွင် အာကာသယာဉ်မှူးများဖြစ်သည့် နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်နှင့် ထန်းဟုန်ပေါတို့သည် အစဉ်လိုက် “Tianhe”အာကာသစခန်းပင်မခန်းသို့ ဝင်ရောက်နိုင်ခဲ့ရာ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အာကာသစခန်းသို့ ပထမဆုံးဝင်ရောက်သည့် တရုတ်လူမျိုးများ ဖြစ်ခဲ့သည်။
အာကာသယာဉ်တွင် တတိယအကြိမ်လိုက်ပါသည့် နွဲ့ဟိုင်စိန့်၊ ဒုတိယအကြိမ်လိုက်ပါသည့် လျိုပေါ်မင်နှင့် ပထမဆုံးအကြိမ်လိုက်ပါသည့် ထန်းဟုန်ပေါတို့သည် တရုတ်လူမျိုးတို့၏ အချိန်အကြာဆုံး အာကာသယာဉ်ပျံသန်းမှုခရီးစဉ်ကို စတင်နိုင်ခဲ့သည်။

အာကာသယာဉ်မှူးများသည် “Tianhe” အာကာသစခန်း ပင်မခန်းတွင် (၃)လကြာ နေထိုင်ကာ စက်ရုပ်လက်တံအား ထိန်းချုပ်မောင်းနှင်ခြင်း၊ အာကာသယာဉ်ပြင်ပသို့ သွားလာလှုပ်ရှားခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းတွင် ရေရှည်နေထိုင်ရန်၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုနှင့်အသက်ရှင်မှုအထောက်အကူပြုစနစ် (recycling and life support system) စသည့် အဓိကနည်းပညာများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

“Shenzhou-12” ခရီးစဉ်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသယာဉ် အင်ဂျင်နီယာ စီမံကိန်း အကောင်အထည်ဖော်ပြီးနောက်ပိုင်း (၁၉)ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။

၁၉၉၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက လူလိုက်ပါအာကာသယာဉ် အင်ဂျင်နီယာကဏ္ဍ “ခြေလှမ်း(၃)ရပ်”ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့သည်။ တရုတ်နိုင်ငံသည် အာကာသကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်း(၃၀) ကိုယ်ပိုင်သီးခြား မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ရာတွင် လူလိုက်ပါအာကာသယာဉ်၏ ပထမအဆင့်ခြေလှမ်းနှင့် ဒုတိယအဆင့်ခြေလှမ်းအားလုံးကို အပြည့်အဝအောင်မြင်မှုရရှိခဲ့ပြီး လက်ရှိတွင် အာကာသစခန်းတည်ဆောက်မှုနှင့် တရုတ်နိုင်ငံ အမျိုးသား အာကာသစမ်းသပ်ခန်း တည်ဆောက်ရန် လျှောက်လှမ်းနေပြီဖြစ်ကြောင်း သိရသည်။

လူလိုက်ပါ အာကာသယာဉ် အင်ဂျင်နီယာကဏ္ဍတွင် ယခင်က မရှိခဲ့ဖူးသည့် အာကာသခရီးစဉ်ယာဉ်လွှတ်တင်မှုများစွာ ဆောင်ရွက်သွားမည်ဖြစ်ရာ အာကာသစခန်းတည်ဆောက်ရေးအစီအစဉ်အရ ယခုနှစ်နှင့်လာမည့်နှစ်တွင် အာကာသခရီးစဉ် (၁၁) ကြိမ် သွားရောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် အာကာသစခန်းကို ဂြိုဟ်ပတ်လမ်းတွင် တည်ဆောက်ခြင်း၊ တရုတ်အမျိုးသား အာကာသစမ်းသပ်ခန်း တည်ဆောက်ခြင်းများ ပြီးစီးပါက အာကာသစခန်းလည်ပတ်နိုင်သည့်အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(神舟十二号)3名航天员成功飞天入驻“天和” 中国载人航天事业启航新征程
2021-06-17 22:19:29
新华社甘肃酒泉6月17日电(记者黄明、黎云、张汨汨)九霄逐梦再问天,阔步强国新征程。6月17日,航天员聂海胜、刘伯明、汤洪波乘神舟十二号载人飞船成功飞天,成为中国空间站天和核心舱的首批入驻人员,开启了中国载人航天工程空间站阶段的首次载人飞行任务。
9时22分,长征二号F遥十二运载火箭在酒泉卫星发射中心准时点火发射。这是长征二号F火箭的第7次载人发射任务。
约573秒后,船箭成功分离。神舟十二号载人飞船进入预定轨道,飞行乘组状态良好,发射取得圆满成功!
那一刻,天和核心舱与天舟二号的组合体正运行在约390km的近圆对接轨道,状态良好,静待神舟。
15时54分,飞船采用自主快速交会对接模式,成功对接于天和核心舱前向端口,与此前已对接的天舟二号货运飞船一起构成三舱(船)组合体,历时约6.5小时。
这是天和核心舱自4月29日发射入轨后,首次与载人飞船进行的交会对接。
18时48分,航天员聂海胜、刘伯明、汤洪波先后顺利进驻天和核心舱,标志着中国人首次进入自己的空间站。
三度飞天的聂海胜、再叩苍穹的刘伯明,与首征太空的汤洪波一起,开始了中国人迄今为止时间最长的太空飞行。
航天员乘组将完成为期3个月的在轨驻留,开展机械臂操作、出舱活动等工作,验证航天员长期在轨驻留、再生生保等一系列关键技术。
神舟十二号载人航天飞行任务,是我国载人航天工程立项实施以来的第19次飞行任务。
党中央1992年作出实施载人航天工程“三步走”发展战略以来,经过近30年独立自主发展和接续奋斗,中国载人航天已圆满完成第一步、第二步全部既定任务,当前,正向着建造空间站、建成国家太空实验室全力进发。
中华民族的飞天征程,站在了新的起点上。
载人航天工程也将迎来前所未有的高密度发射——按照空间站建造任务规划,今明两年共实施11次飞行任务,2022年完成空间站在轨建造,建成国家太空实验室,之后,空间站将进入运营阶段。
那又是一段豪迈壮阔的征程。(完)

图说1:这是6月17日在北京航天飞行控制中心拍摄的神舟十二号载人飞船与天和核心舱自主快速交会对接成功的画面,与此前已对接的天舟二号货运飞船一起构成三舱(船)组合体。新华社记者 金立旺 摄
图说2:6月17日,神舟十二号航天员出征仪式在酒泉卫星发射中心举行。这是航天员聂海胜(中)、刘伯明(右)和汤洪波准备出征。 新华社记者 李刚 摄
图说3: 6月17日,在北京航天飞行控制中心,科研人员在监测神舟十二号载人飞船与天和核心舱自主快速交会对接情况。新华社记者 金立旺 摄
图说4:6月17日在北京航天飞行控制中心拍摄的神舟十二号载人飞船航天员乘组进驻天和核心舱的画面。新华社记者 金立旺 摄
图说5: 6月17日在北京航天飞行控制中心拍摄的进驻天和核心舱的航天员向全国人民敬礼致意的画面。 新华社记者 金立旺 摄