Connect with us

Asia

တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့်နည်းပညာများက မလေးရှား အရှေ့ကမ်းရိုးတန်း ရထားလမ်းစီမံကိန်း ဥမင်ဖောက်လုပ်တည်ဆောက်မှုအတွက် အကျိုးဖြစ်ထွန်းစေသည်ဟု မလေးရှား ပို့ဆောင်ရေးဝန်ကြီး ပြောကြား

မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Wee Ka Siong က Pahang ပြည်နယ် Bentong မြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း(ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဇန်နဝါရီ ၁၃ ရက်က သွားရောက်လေ့လာကြည့်ရှုစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆောက်လုပ်ရေးသမား၏ ကြွယ်ဝသည့်အတွေ့အကြုံနှင့် ကျွမ်းကျင်သောနည်းပညာဗဟုသုတများက မလေးရှား အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း (ECRL) တည်ဆောက်မှုတွင် အကျိုးဖြစ်ထွန်းကြောင်း မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Wee Ka Siong က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ Pahangပြည်နယ် Bentongမြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း (ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ဥမင်တူးစက်အား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ Pahang ပြည်နယ် Bentong မြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း (ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်မြင်ကွင်းအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ Pahangပြည်နယ် Bentongမြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း(ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ဥမင်တူးစက်အား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ Pahangပြည်နယ် Bentongမြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း(ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ဥမင်တူးစက်အား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ Pahangပြည်နယ် Bentong မြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း(ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်မြင်ကွင်းအား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မလေးရှား ပို့ဆောင်ရေးဝန်ကြီး Wee Ka Siong သည် ဇန်နဝါရီ ၁၃ ရက်က Pahang ပြည်နယ် Bentong မြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း(ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေး လုပ်ငန်းခွင်အခြေအနေကို သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စီမံကိန်းကို တာဝန်ယူတည်ဆောက်သည့် China Communications Construction Company (CCCC) က ကြွယ်ဝသည့်အတွေ့အကြုံနှင့် ကျွမ်းကျင်သည့်နည်းပညာဗဟုသုတများ ရှိရာ အရှေ့ကမ်းရိုးတန်း ရထားလမ်းစီမံကိန်းကို တရုတ်ပညာရှင်များ ဦးဆောင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Zhongjiao Tianhe Machinery Manufacturing Co Ltd.က ထုတ်လုပ်သည့် ဥမင်လိုဏ်ခေါင်းတူးစက် (TBM) ကိုလည်း လုပ်ငန်းခွင်တွင် Wee Ka Siong က လေ့လာကြည့်ရှုခဲ့သည်။ အဆိုပါစက်သည် အလေးချိန်အားဖြင့် တန်ချိန် ၁,၆၀၀ ၊ အရှည် ၂၆၆ မီတာရှိရာ စက်နှစ်လုံးစီမံကိန်း ဥမင်လိုဏ်ခေါင်းတူးဖော်တည်ဆောက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ပိုင်ရှင် Malaysia Rail Link (MRL) ကုမ္ပဏီက အဆင့်မြင့်နည်းပညာစက်ပစ္စည်းများက စီမံကိန်းအတွက် နည်းပညာအင်အားဖြစ်ပြီး ဘူမိအခြေအနေနှင့် အင်ဂျင်နီယာလုပ်ငန်းများ၏ စိန်ခေါ်မှုကို ဖြေရှင်းနိုင်မှာဖြစ်ရာ ဥမင်လိုဏ်ခေါင်း အဆင်ပြေချောမွေ့စွာ ဖောက်လုပ်တည်ဆောက်ရန်အတွက် အာမခံချက်ဖြစ်ကြောင်း ဆိုသည်။

မလေးရှား အရှေ့ကမ်းရိုးတန်း ရထားလမ်း စုစုပေါင်း အရှည်ကို ၆၀၀ ကီလိုမီတာကျော် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ ဖောက်လုပ်တည်ဆောက်ပြီးပါက မလေးရှားနိုင်ငံ အရှေ့ကမ်းရိုးတမ်းဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးသက်ရောက်စေမည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်ဒေသများ၏ အပြန်အလှန် ဆက်သွယ်သွားလာရေးအတွက် များစွာကောင်းမွန်အောင် ပြောင်းလဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(财经)马来西亚交通部长:中方经验和技术助力马东铁项目隧道施工
2022-01-14 10:09:23
新华社吉隆坡1月14日电(记者朱炜 梁慧文)马来西亚交通部长魏家祥近日表示,中方建设者拥有丰富的经验和专业技术知识,使马来西亚东海岸铁路项目建设受益。
魏家祥13日前往位于彭亨州文冬附近的东海岸铁路项目云顶隧道建设工地,了解隧道建设情况。他说,项目承建方中国交通建设集团有限公司(中国交建)拥有丰富的经验和专业技术知识。东海岸铁路项目需要中方专家带领本地团队施工。
魏家祥当天在施工现场参观了由中交天和机械设备制造有限公司制造的敞开式硬岩掘进机。据了解,敞开式硬岩掘进机重约1600吨,长约266米,将有两台用于云顶隧道建设。项目业主马来西亚铁路衔接公司表示,高科技设备为项目带来技术力量,能应对地质和工程方面的挑战,保障隧道顺利建设。
马来西亚东海岸铁路设计全长600多公里,建成后将带动马来西亚东海岸地区经济发展,并极大改善沿线地区互联互通。 (完)
图说1:1月13日,马来西亚交通部长魏家祥(前右三)在彭亨州文冬附近的马来西亚东海岸铁路项目云顶隧道建设工地听取介绍。新华社记者 朱炜 摄
图说2:这是1月13日在马来西亚彭亨州文冬附近的马来西亚东海岸铁路项目云顶隧道建设工地上拍摄的敞开式硬岩掘进机。 新华社记者 朱炜 摄
图说3:这是1月13日在马来西亚彭亨州文冬附近拍摄的马来西亚东海岸铁路项目云顶隧道建设工地(无人机照片)。新华社记者 朱炜 摄
图说4:这是1月13日在马来西亚彭亨州文冬附近的马来西亚东海岸铁路项目云顶隧道建设工地上拍摄的敞开式硬岩掘进机。新华社记者 朱炜 摄
图说5:这是1月13日在马来西亚彭亨州文冬附近的马来西亚东海岸铁路项目云顶隧道建设工地上拍摄的敞开式硬岩掘进机。新华社记者 朱炜 摄
图说6:这是1月13日在马来西亚彭亨州文冬附近拍摄的马来西亚东海岸铁路项目云顶隧道建设工地(无人机照片)。新华社记者 朱炜 摄