Connect with us

China

တရုတ်နိုင်ငံ၏ အလုံးစုံပြန်လည်ပေါင်းစည်းရေးကို ထောက်ခံအားပေးသည့် သက်ဆိုင်ရာနိုင်ငံများကို တန်ဖိုးထားကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးက ပြောကြား

တရုတ်နိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့က "တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီကာရာဂွါသမ္မတနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်" ကို ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ထျန်းကျင်း၌ လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့သည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး၏ ပြောရေးဆိုခွင့်ရှိသူ Ma Xiaoguang က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူဖြစ်သလို နိုင်ငံတကာအသိုင်းအဝန်း၏ အလုံးစုံ သဘောတူညီမှုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ အလုံးစုံပြန်လည်ပေါင်းစည်းရေးကို ထောက်ခံအားပေးသည့် သက်ဆိုင်ရာနိုင်ငံများကို တန်ဖိုးထားကြောင်းနှင့် ထိုင်ဝမ်၏ “သံတမန်နိုင်ငံများ” ဟုအမည်ခံသည့် ကျန်ရှိသော နိုင်ငံအနည်းငယ်သည် တရုတ်နိုင်ငံ၏ ယေဘုယျလမ်းကြောင်းကို အသိအမှတ်ပြုပြီး သမိုင်း၏ မှန်ကန်သည့်ဘက်သို့ အမြန်ဆုံး ရပ်တည်နိုင်ရန် ကြိုဆိုပါကြောင်း ၎င်းကဆိုသည်။

“ထိုင်ဝမ်လွတ်လပ်ရေး” သည် လုံးဝမှားယွင်းသော လမ်းကြောင်းဖြစ်သည်ကို သမိုင်းနှင့်အမှန်တရားက ထပ်မံပြသခဲ့ကြောင်း၊ မည်သည့်အင်အားစုကမျှ တရုတ်နိုင်ငံ အလုံးစုံ ပြန်လည်ပေါင်းစည်းရေးနှင့် တရုတ်အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၏ သမိုင်းလမ်းကြောင်းကို တားဆီးနိုင်မည်မဟုတ်ကြောင်း Ma Xiaoguang မှ ထောက်ပြခဲ့သည်။ (Xinhua )

—————————————
(Chinese Version
国台办:赞赏有关国家顺应大势支持中国统一事业
2021-12-10 12:58:28 分类: 政治法律
新华社北京12月10日电 12月10日,中国同尼加拉瓜恢复大使级外交关系。国台办发言人马晓光应询表示,台湾是中国一部分,一个中国原则是国际关系基本准则和国际社会普遍共识。我们赞赏有关国家顺应大势,支持中国的统一事业,欢迎所剩无几的若干个台所谓“邦交国”认清大势,早日站到历史正确的一边。
马晓光指出,历史和现实再次表明,“台独”是绝路,任何人任何势力都阻挡不了祖国完全统一和中华民族伟大复兴的历史大势。
图说1-12月10日,中国同尼加拉瓜在天津签署《中华人民共和国和尼加拉瓜共和国关于恢复外交关系的联合公报》。新华社记者 岳月伟 摄