Connect with us

China

တရုတ်နိုင်ငံ ချိန်တူးမြို့တွင် တစ်ဦးလျှင် ကာကွယ်ဆေးထောက်ပံ့ငွေ ယွမ် ၆၀၀ ဖြင့် အသက် ၁၃-၁၄ နှစ်အရွယ် ကျောင်းသူလေးများအတွက် HPV ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်

တရုတ်နိုင်ငံအလယ်ပိုင်း၊ဟူပေပြည်နယ်၊ဝူဟန့်မြို့ရှိ မိခင်နှင့်ကလေးကျန်းမာရေးဆေးရုံတွင် တရုတ်သုတေသီများ တီထွင်ခဲ့သော HPVကာကွယ်ဆေးကို သူနာပြုတစ်ဦး ကိုင်ဆောင်ပြသနေသည်ကို ၂၀၂၀ ပြည့်နှစ် ၊ မေလ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချိန်တူး၊နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ချိန်တူးမြို့တွင် အမျိုးသမီးသားအိမ်ခေါင်းကင်ဆာဖြစ်ပေါ်မှုမှ တက်ကြွစွာကာကွယ်ရန် အသက် ၁၃-၁၄ နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးမည်ဖြစ်ကြောင်း ချိန်တူး မြူနီစပယ်ကျန်းမာရေးကော်မရှင်ထံမှ သိရသည်။

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူပေပြည်နယ်၊ဝူဟန့်မြို့ရှိ မိခင်နှင့်ကလေးကျန်းမာရေးဆေးရုံတွင် သူနာပြုဆရာမက မိန်းကလေးတစ်ဦးကို ပြည်တွင်းထုတ် HPVကာကွယ်ဆေး ထိုးပေးနေသည်ကို ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချိန်တူးမြူနီစပယ်ကျန်းမာရေးကော်မရှင်သည် ဌာနပေါင်းစုံနှင့်တွဲဖက်၍ “ချိန်တူးမြူနီစယ် သားအိမ်ခေါင်းကင်ဆာရောဂါကို ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်ကာကွယ်ထိန်းချုပ်ရန် HPV ကာကွယ်ဆေး ထိုးနှံမှု အကောင်အထည်ဖော် အစီအစဉ် (၂၀၂၁ ခုနှစ် ဗားရှင်း)” ကို ပူးတွဲထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၁ ပြည့်နှစ်၌ ချိန်တူးမြို့ ခရိုင်များရှိ ကျောင်းနေအရွယ် ကျောင်းသူများအား HPV ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများစတင်မည်ဖြစ်ပြီး ၊၂၀၂၅ ခုနှစ်တွင် ကျောင်းသူများ HPV ကာကွယ်ဆေး ထိုးနှံမှုနှုန်း ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန်စီစဉ်ထားကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးမျိုးပွားမှုစနစ်၏ အဓိက ကင်ဆာအကျိတ်ဖြစ်ကြောင်း၊ ယခုနှစ်များတွင် တရုတ်နိုင်ငံ၌ လူငယ်လူရွယ်များ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လာကြောင်း၊ HPV ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ထိရောက်သော ကာကွယ်မှုရှိနိုင်ကြောင်း သိရသည်။

၎င်းအဆိုပြုချက်တွင် အသက် ၁၃ နှစ်မှ ၁၄ နှစ်ကြားရှိ ကျောင်းသူများကို ထိုးနှံပေးမည် ဖြစ်ပြီး ကျောင်းသူမိဘများ (အုပ်ထိန်းသူများ) သည် bivalent နှင့် quadrivalent HPV ကာကွယ်ဆေးများ ရွေးချယ်နိုင်ပြီး ဘဏ္ဍာရေး ရန်ပုံငွေဖြင့် တစ်ဦးလျှင် ကာကွယ်ဆေးထောက်ပံ့ငွေအဖြစ် ယွမ် ၆၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထောက်ပံ့ငွေအပြင် ကျန်ကုန်ကျစရိတ်နှင့် ကာကွယ်ဆေးထိုးနှံမှုဝန်ဆောင်ကြေး (ဆေးတစ်လုံး ၂၀ ယွမ်) ကို ထိုးနှံသူ၏ မိဘ (အုပ်ထိန်းသူ) မှ ပေးဆောင်ရမည်ဖြစ်သည်။ အစီအစဉ်အရ ဆောင်းဦးရာသီကျောင်းဖွင့်ချိန်တွင် ဒေသတွင်းရှိကျောင်းများမှ မှတ်ပုံတင်ခြင်းလုပ်ငန်းကို တာဝန်ယူပြီး၊ “အသိပေးသဘောတူညီချက်၊ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံမှု” ဟူသောမူဝါဒနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်းကို ကျောင်းအတွင်းရှိ ကာကွယ်ဆေးထိုးနှံပေးမှု နေရာမှ တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–
(Chinese Version)
(医卫)每人补助600元 成都将为13至14岁在校女孩普遍接种HPV疫苗

新华社成都11月19日电(记者董小红)记者19日从成都市卫生健康委员会获悉,成都将为13至14岁在校女孩普遍接种HPV疫苗,积极预防女性宫颈癌。
记者了解到,成都市卫健委联合多部门发布了《成都市宫颈癌综合防控HPV疫苗接种实施方案(2021年版)》。该方案提出,从2021年起启动成都全市在校适龄女孩HPV疫苗接种工作,实现区(市)县全覆盖;计划到2025年底,达到在校适龄女孩HPV疫苗接种率大于90%的目标。
记者了解到,宫颈癌是我国女性生殖系统的一大恶性肿瘤,近年来发病呈年轻化趋势,患病率和死亡率呈上升趋势。通过接种HPV疫苗,可以进行有效预防。
该方案明确,适龄女孩是指当年13至14岁的在校女学生,学生家长(监护人)可以在国产/进口双价和进口四价HPV疫苗中自主选择,由财政资金给予600元/人的疫苗接种补助,补助后的疫苗费差额和疫苗接种服务费(20元/剂)由受种者家长(监护人)承担。
据悉,该方案还要求,每年秋季开学,由当地学校负责摸底登记工作,按照“知情同意、自主选择、自愿接种”的原则,由学校所在地预防接种单位实施HPV疫苗接种。(完)