Connect with us

China

တရုတ်နိုင်ငံ ချီလျန်ဆန်းတောင်တန်း တောင်ခြေရှိ နှစ်တစ်ထောင် မြင်းမွေးမြူရေးစားကျက်နှင့် မြန်နှုန်းမြင့်ကျည်ဆန်ရထား၏ ဆုံစည်းမှု

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့နှင့် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းရှိ ဆန်းသန်း မြင်းမွေးမြူရေးကွင်းဘူတာအား ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကျန်းယဲ့၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့နှင့် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်း ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၀၀၀ ကျော်ရှိ ဆန်းသန်း မြင်းမွေးမြူရေးကွင်း ရထားဘူတာတွင် ဒီဇင်ဘာ ၅ ရက်က ခရီးသည်ပို့ဆောင်မှုလုပ်ငန်းများ တရားဝင် စတင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့နှင့် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းရှိ ဆန်းသန်း မြင်းမွေးမြူရေးကွင်းဘူတာတွင် တာဝန်ကျဝန်ထမ်းတစ်ဦးက ခရီးသည်များအား ကြိုဆိုနေသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့နှင့် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းရှိ ဆန်းသန်း မြင်းမွေးမြူရေးကွင်းဘူတာသို့ ကျည်ဆန်ရထား ဆိုက်ရောက်လာသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့နှင့် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းရှိ ဆန်းသန်း မြင်းမွေးမြူရေးကွင်းဘူတာတွင် ရထားတံခါးပိတ်ရန် ရထားဝန်ထမ်းတစ်ဦးက စောင့်ဆိုင်းနေသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့နှင့် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းရှိ ဆန်းသန်း မြင်းမွေးမြူရေးကွင်းဘူတာတွင် ခရီးသည်လက်မှတ်စစ်ဆေးနေသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချီလျန်ဆန်းတောင်တန်း တောင်ခြေရှိ ဆန်းသန်း မြင်းမွေးမြူရေး စားကျက်ကွင်း ၌ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှားနေသည့် မြင်းများအား ဇွန် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့နှင့် ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီကို ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းရှိ ဆန်းသန်း မြင်းမွေးမြူရေးကွင်းဘူတာသို့ ကျည်ဆန်ရထား ဆိုက်ရောက်လာသည်ကို ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချီလျန်ဆန်းတောင်တန်း တောင်ခြေရှိ ဆန်းသန်း မြင်းမွေးမြူရေးစားကျက်ကွင်းသို့ ဖြတ်သန်းသွားသော ကျည်ဆန်ရထား တစ်စီးကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါဘူတာရုံသည် ကန်းစုပြည်နယ် ကျန်းယဲ့မြို့ ဆန်းသန်းခရိုင်တွင် တည်ရှိသည့် မူလက ယွဲ့ဟန်ဘူတာဖြစ်ရာ ယခင်က ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုမရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ်လတွင် ဆန်းသန်း မြင်းမွေးမြူရေးကွင်း ရထားဘူတာ ပြုပြုတိုးချဲ့တည်ဆောက်မှုလုပ်ငန်းများ စတင်ခဲ့ရာ စတုရန်းမီတာ ၁၀,၈၀ အကျယ်ရှိသည့် ခရီးသည်သုံး ဘူတာရုံ အဆောက်အဦ ၊ ဘူတာရုံပလက်ဖောင်း ၂ ခုနှင့်ဆက်စပ်စက်ပစ္စည်းများ အသစ်တည်ဆောက်ခဲ့သည်။ တရားဝင်စတင်လည်ပတ်ပြီးနောက် နေ့စဉ် ရထားအစီးရေပေါင်းများစွာ ဆန်းသန်း မြင်းမွေးမြူရေးကွင်းဘူတာတွင် ရပ်နားမည်ဖြစ်ရာ ခရီးသွား၊ခရီးသည်များအနေဖြင့် ယင်းနေရာမှ လန်ကျိုး၊ ရှီးအန်း၊ ဝူးလူမုချီ၊ ကျာကူကွမ်း၊ သွန်းဟွမ်စသည့် မြို့များကို ရထားစီးသွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။

ဆန်းသန်း မြင်းမွေးမြူရေးကွင်းသည့် ကမ္ဘာတွင် သမိုင်းအရှည်ကြာဆုံးသော မြင်းမွေးမြူရေးကွင်းတစ်ခုဖြစ်သည်။ ဟန်မင်းဆက်(ဘီစီ ၂၀၂ ခုနှစ်မှ အေဒီ ၂၂၀ ခုနှစ်)မှ စတင်ကာ ဤနေရာသည် အစိုးရတည်ဆောက်ထားရှိသည့် မြင်းမွေးမြူရေးစခန်းတစ်ခုဖြစ်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ် တည်ထောင်ပြီးနောက်ပိုင်း ဆန်းသန်း မြင်းမွေးမြူရေးကွင်းသည် စစ်သည်မြင်းများ မွေးမြူရာနေရာအဖြစ် ရာစုနှစ်တစ်ဝက်ကြာခန့် တည်ရှိခဲ့သည်။

ယခုနှစ်ပိုင်းများတွင် ချီလျန်ဆန်းတောင်တန်း ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းမှုများက သိသာထင်ရှားသည့် ထိရောက်မှု များစွာရှိခဲ့ရာ ဂေဟယဉ်ကျေးမှုခရီးသွားဖွံ့ဖြိုးရေးအဖြစ် စတင် အားဖြည့်ဆောင်ရွက်လျက်ရှိသည်။ ဆန်းသန်း မြင်းမွေးမြူရေးကွင်း ဘူတာ ဖွင့်လှစ်ပြီးနောက် ခရီးသွားများအတွက် ဖြူဖွေးသည့်နှင်းတောင်၊ ကျယ်ပြန့်သည့်မြက်ခင်းပြင်၊ သန်မာသည့် မြင်းများပြေးလွှားနေသော တစ်မူထူးခြားသည့် ပေါင်းစပ်မြင်ကွင်းကို အဆင်ပြေချောမွေ့စွာလာရောက် ရှုစားနိုင်မည်ဖြစ်ရာ စိမ်းလန်းစိုပြေသော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်အဖြစ်ပြောင်းလဲရာတွင် တွန်းအား ဖြစ်လာစေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(新华全媒+)祁连山下千年马场“邂逅”高铁
2021-12-05 16:36:15
新华社照片,张掖(甘肃),2021年12月5日
祁连山下千年马场“邂逅”高铁
当日,海拔超过3000米的兰新高铁山丹马场站正式开办客运业务。
山丹马场站位于甘肃省张掖市山丹县,该站原为越行站,无客运业务。今年3月,山丹马场站启动改扩建工程,新建了1080平方米的旅客站房、2座客运站台及相关配套设施。正式运营后,每日将有多趟动车组列车停靠山丹马场站,旅客可乘坐这些列车抵达兰州、西安、乌鲁木齐、嘉峪关、敦煌等多个城市。
山丹马场是世界上历史最悠久的马场之一。自汉代起,这里就是官方设立的养马基地。新中国成立以来,山丹马场培育军马约半个世纪。
近年来,随着祁连山生态环境保护大见成效,山丹马场开始积极发展生态旅游业。山丹马场站开办客运业务后,将方便游客前来领略雪山、草原、骏马构成的独特风光,促“绿水青山”变“金山银山”。
新华社记者 范培珅 摄
图说1:12月5日,动车组列车驶入兰新高铁山丹马场站。新华社记者 范培珅 摄
图说2: 12月5日,在兰新高铁山丹马场站,值班人员在站台迎接动车组列车。新华社记者 范培珅 摄
图说3:12月5日,动车组列车驶入兰新高铁山丹马场站(无人机照片)。新华社记者 范培珅 摄
图4:12月5日,在兰新高铁山丹马场站,列车员等待列车关闭车门发车。新华社记者 范培珅 摄
图说5: 12月5日,在兰新高铁山丹马场站,旅客验票进站乘车。新华社记者 范培珅 摄
图说6: 骏马在祁连山下山丹马场奔跑(6月19日摄,无人机照片)。新华社记者 范培珅 摄
图说7:12月5日,动车组列车驶入兰新高铁山丹马场站。新华社记者 范培珅 摄
图说8: 动车组列车从祁连山下山丹马场穿行而过(7月15日摄,无人机照片)。新华社记者 范培珅 摄