Connect with us

Social, Education & Health

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ်စီမံကိန်း လျှပ်စစ်ဓါတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ပြီဖြစ်

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်းအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချိန်တူး၊ မတ် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပင်လယ်ရေမျက်နှာအမြင့်ဆုံး ကီလိုဝပ် သန်းနှင့်ချီထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သည့် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ်စီမံကိန်း၏ နောက်ဆုံးစက်အုပ်စုသည် မတ် ၁၈ ရက်တွင် ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ပြီးဖြစ်သဖြင့် တရားဝင် စီးပွားဖြစ်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။ယခုအခါ လျန်းဟယ်ခိုရေအားလျှပ်စစ်စက်ရုံရှိ ကီလိုဝပ် ၅ သိန်းစီထုတ်လုပ်နိုင်သည့် စက်အုပ်စုကြီး ၆ ခုစလုံး အပြည့်အဝ လျှပ်စစ်ဓါတ်အားထုတ်လုပ်လျက်ရှိသည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်းမှ ဆည်ရေလွှတ်နေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လျန်းဟယ်ခို ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကမ်းကျစ် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရာကျန်းခရိုင်တွင် တည်ရှိပြီး နိုင်ငံတော်နှင့် စီချွမ်းပြည်နယ်၏ အရေးကြီးသော စီမံကိန်းဖြစ်ရာ အနောက်ပိုင်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလိုက် တစ်ဖက်တစ်လမ်းမှ စွမ်းအင်ကောင်းမွန်စွာ ပံ့ပိုးရေး၏ မဟာဗျူဟာမြောက် စီမံကိန်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်း ထိန်းချုပ်ခန်းတွင် တာဝန်ကျဝန်ထမ်းများက စမတ်ထိန်းချုပ်စောင့်ကြည့်ရေးစနစ်ဖြင့် စက်ရုံလည်ပတ်မှုအား စောင့်ကြည့်စမ်းသပ်နေသည်ကို မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အတည်ပြု ရင်းနှီးမြုပ်နှံမှုပမာဏ တရုတ်ယွမ်ငွေ စုစုပေါင်း ၆၆.၄၅၇ ဘီလီယံရှိပြီး စက်တပ်ဆင်မှုစုစုပေါင်း ကီလိုဝပ် ၃ သန်း ၊ ဓါတ်အားသိုလှောင်မှုပမာဏ ကုဗမီတာ ၁၀.၈ သန်းရှိရာ နှစ်ရှည် ချိန်ညှိနိုင်စွမ်းရှိကြောင်း သိရသည်။ လျှပ်စစ်ဓါတ်အားစက်ရုံသည် နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ် ၁၁ ဘီလီယံ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ အဆိုပါ စက်ရုံအား ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အားလုံးပြီးမြောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်း စက်အုပ်စု အလုံးစုံ လည်ပတ်ခြင်း အထိမ်းအမှတ်အခမ်းအနားအား မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဓါတ်အားပေးစက်ရုံ၏ဆည်သည် ကျောက်စရစ်မြေနံရံကာ ကျောက်ဆည်ဖြစ်ရာ အမြင့် ၂၉၅ မီတာရှိသည်။ လျန်းဟယ်ခို ရေအားလျှပ်စစ်စက်ရုံကို ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ မီတာ ၃,၀၀၀ တွင် တည်ဆောက်ထားခြင်းကြောင့် တရုတ်နိုင်ငံ၏ ကုန်းမြင့်အအေးပိုင်းဒေသများသို့ ရေအားလျှပ်စစ် ဖွံ့ဖြိုးရေး အထင်ကရ စီမံကိန်းတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်း ထိန်းချုပ်ခန်းတွင် တာဝန်ကျဝန်ထမ်းများက စမတ်ထိန်းချုပ်စောင့်ကြည့်ရေးစနစ်ဖြင့် စက်ရုံလည်ပတ်မှုအား စောင့်ကြည့်စမ်းသပ်နေသည်ကို မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရာလုံကျန်းမြစ်ဝှမ်းဒေသသည် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ရေအားလျှပ်စစ်အခြေစိုက်နေရာဖြစ်ရာ ဆည်မြင့်သည့် လျန်းဟယ်ခို ရေအားလျှပ်စစ်စီမံကိန်းသည် ရာလုံကျန်းမြစ်ဝှမ်းဒေသ သန့်စင်စွမ်းအင်အခြေစိုက်ရာ၏ အဓိကအစိတ်အပိုင်း ဖြစ်သည်။ ဓါတ်အားပေးစက်ရုံ အလုံးစုံ ထုတ်လုပ်နိုင်ပြီးနောက် လျန်းဟယ်ခို၊ ကျင်ဖိန်၊ အဲ့ထန်းစသည့် လှေကားထစ် ရေအားလျှပ်စစ်စက်ရုံများ၏ ကောင်းမွန်လျင်မြန်စွာ ချိန်ညှိနိုင်မည်ဖြစ်ရာ ရာလုံကျန်းမြစ်ဝှမ်းတစ်လျှောက် အခါအားလျော်စွာ အပြောင်းအလဲနေသည့် လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ကို တည်ငြိမ်မှုရှိပြီး အရည်အသွေးမြင့် လျှပ်စစ်ဓါတ်အားအဖြစ်သို့ ချိန်ညှိပေးနိုင်မည် ဖြစ်သည်။ ရေအားလျှပ်စစ်ပြင်ပသို့ ပို့လွှတ်ခြင်းဖြင့် လေစွမ်းအင်၊ နေစွမ်းအင်ဖွံ့ဖြိုးအသုံးပြုရေးအခက်အခဲကို ထိရောက်စွာ ဖြေရှင်းနိုင်မည် ဖြစ်သလို ရာလုံကျန်းမြစ်ဝှမ်းဒေသ ရေ-လေ-နေ သန့်စင်စွမ်းအင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်ဖြည့်ဆည်းရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်း ဆည်ရေသိုလှောင်ရာ နေရာအား ၂၀၂၁ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လျန်းဟယ်ခို ရေအားလျှပ်စစ်စက်ရုံ၏ ဖြည့်ဆည်းချိန်ညှိမှုသည် ရာလုံကျန်းမြစ် အလယ်ပိုင်းနှင့်အောက်ပိုင်း၊ ကျင်းဆားမြစ် အောက်ပိုင်းနှင့် ယန်ဇီမြစ် ပင်မရေစီးကြောင်းများရှိ ရေအားလျှပ်စစ်စက်ရုံများအတွက် ခြောက်သွေ့ကာလ နှစ်စဉ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏကို ၃၄.၂ ဘီလီယံ ကီလိုဝပ် ထပ်တိုးစေနိုင်ကြောင်း သိရသည်။ ၎င်းပမာဏမှာ လျန်းဟယ်ခို ရေအားလျှပ်စစ်စက်ရုံ ထုတ်လုပ်သည့် ဓါတ်အားပမာဏ၏ ၃ ဆ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်း GIS အဆောက်အဦ အဖွင့်အပိတ်ခန်းအား ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်း ဓါတ်အားထုတ်လွှတ်ရေးအထပ်၌ ပြင်ဆင်ထိန်းသိမ်းရေးဝန်ထမ်းများက စက်ပစ္စည်းများအား လိုက်လံစစ်ဆေးနေသည်ကို မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်းရှိ စက်အုပ်စု ၆ ခုအား မတ် ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ် စီမံကိန်း ဆည်ရေလွှတ်နေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ လျှပ်စစ်ဓါတ်အားပေးစက်ရုံ အလုံးစုံ ထုတ်လုပ်မှုသည် စီချွမ်းပြည်နယ် လျှပ်စစ်ဓါတ်အား ကွန်ရက်၏ “ပိုလျှံခြင်းနှင့်လိုအပ်ခြင်း” ခြားနားမှုကို လျှော့ချပေးနိုင်မည်ဖြစ်ရာ ယန်ဇီမြစ် စီးပွားရေးရပ်ဝန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိန်တူး-ချုံချင့်ဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း တည်ဆောက်ရေးအတွက် လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း သိရသည်။ (Xinhua)

———————-
雅砻江两河口水电站全部机组投产发电
2022-03-18 09:56:32
新华社成都3月18日电(记者薛晨)3月18日,我国海拔最高的百万千瓦级水电站——雅砻江两河口水电站最后一台机组完成72小时试运行,正式投入商业运行。至此,两河口水电站6台50万千瓦机组全部投产发电。
两河口水电站位于四川甘孜藏族自治州雅江县,是国家和四川省重点工程、西部大开发优化能源供给侧结构性调整的战略工程。核准投资总额664.57亿元,总装机300万千瓦,电站库容108亿立方米,具备多年调节性能。电站设计年发电量超过110亿千瓦时。于2014年10月开工,计划于2023年全部竣工。
电站大坝为砾石土心墙堆石坝,坝高295米。两河口水电站平均海拔3000米,是我国水电开发向高海拔寒冷地区发展的标志性工程。
雅砻江流域是我国第三大水电基地,拥有高坝大库的两河口水电站是雅砻江流域清洁能源基地重要组成部分。电站全部投产后,通过两河口、锦屏、二滩等梯级水电站的优化调度和快速调节,可以将雅砻江流域随机波动的风电、光伏发电调整为平滑、稳定的优质电力,借助水电外送通道打捆送出,有效破解风能、太阳能开发和消纳难题,实现雅砻江流域水风光清洁能源协同开发和优势互补。
据了解,通过两河口水电站的补偿调节,还可为雅砻江中下游、金沙江下游和长江干流上的水电站增加平枯期年发电量约342亿千瓦时,相当于两河口水电站自身发电量的三倍。电站全部投产,对缓解四川电网“丰余枯缺”矛盾,促进长江经济带高质量发展和成渝地区双城经济圈建设具有重要意义。(完)

图说1:这是3月17日拍摄的雅砻江两河口水电站(无人机照片)。 新华社记者 沈伯韩 摄

图说2:这是2021年9月23日拍摄的正在泄洪的雅砻江两河口水电站(无人机照片)。新华社发
图说3:3月17日,在雅砻江两河口水电站中控室,值班员利用智能监控系统监测水电站运行情况。 新华社记者 沈伯韩 摄
图说4:3月18日拍摄的雅砻江两河口水电站全部机组投产发电仪式。新华社记者 沈伯韩 摄
图说5:3月17日,在雅砻江两河口水电站中控室,值班员利用智能监控系统监测水电站运行情况。新华社记者 沈伯韩 摄
图说6:这是2021年8月14日拍摄的雅砻江两河口水电站大坝及库区(无人机照片)。新华社发
图说7:这是2021年8月20日拍摄的雅砻江两河口水电站GIS楼开关站。新华社发

图说8:3月17日,在雅砻江两河口水电站发电机层,检修部员工进行监控设备巡检。新华社记者 沈伯韩 摄
图说9:这是3月18日拍摄的雅砻江两河口水电站全部6台机组。新华社记者 沈伯韩 摄
图说10: 这是2021年9月23日拍摄的正在泄洪的雅砻江两河口水电站(无人机照片)。新华社发