Connect with us

China

တရုတ်နိုင်ငံ တိဗက်ဒေသတွင် ပထမဆုံးလျှပ်စစ်ရထားလမ်းဖောက်လုပ်ပြီးစီး ပြေးဆွဲနေပြီဖြစ်၊ Fuxing ကျည်ဆန်ရထားပြေးဆွဲမှုကို ပြည်နယ်၊ ဒေသနှင့် မြို့ (၃၁)ခု အားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့

တရုတ်နိုင်ငံ တိဗက်ဒေသ နန်ဆန်းမြို့တွင် စမ်းသပ်မောင်းနှင်နေသည့် Fuxing ကျည်ဆန်ရထားအား ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လားဆ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ကုန်းပြင်မြင့်တွင် ပြေးဆွဲသည့် electric dual-source EMU အမျိုးအစား “Fuxing” ကျည်ဆန်ရထားကြီးသည် ဇွန် ၂၅ ရက် ၁၀ နာရီ ၃၀ မိနစ်တွင် တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လားဆ ရထားဘူတာမှ လျင်ကျီးမြို့သို့ မောင်းနှင်သွားပြီဖြစ်သည်။ ၎င်းမှာ စုစုပေါင်းအရှည် (၄၃၅)ကီလိုမီတာရှိပြီး တစ်နာရီလျှင် ကီလိုမီတာ (၁၆၀)နှုန်းပြေးဆွဲနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် လားလျင်(လားဆ-လျင်ကျီး)ရထားလမ်းဖောက်လုပ်ပြီးစီးသည့် အမှတ်အသားဖြစ်သလို တိဗက်ဒေသတွင် ပထမဆုံး လျှပ်စစ်ရထားလမ်း တည်ဆောက်ပြီးစီးခြင်းနှင့် “Fuxing”ကျည်ဆန်ရထားများ ပြည်နယ်၊ ဒေသနှင့် မြို့ပေါင်း (၃၁)ခု အားလုံးကို လွှမ်းခြုံပြေးဆွဲနိုင်ခြင်းကို အကောင်အထည်ဖော်နိုင်ခြင်းလည်း ဖြစ်သည်။

 ပထမဆုံးအကြိမ် ပြေးဆွဲသည့် electric dual-source EMUအမျိုးအစား “Fuxing” ကျည်ဆန်ရထားတွင် ခရီးသည်များအား ရထားဝန်ထမ်များက ရေသန့်လက်ကမ်းပေးနေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“Fuxing” ကျည်ဆန်ရထားနှင့်အတူ အမှတ်တရ ဓါတ်ပုံရိုက်နေသော ခရီးသွားများအား ဇွန် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက်ဒေသ ယာလုံဆန်ပိုမြစ်တွင် စမ်းသပ်ဖြတ်သန်းမောင်းနှင်သွားသော Fuxing ကျည်ဆန်ရထားအား ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက်ဒေသ ယာလုံဆန်ပိုမြစ်တွင် စမ်းသပ်ဖြတ်သန်းမောင်းနှင်သွားသော Fuxing ကျည်ဆန်ရထားအား ဇွန် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက်ဒေသ ကျန့်မုအထူးတံတားကြီးတွင် စမ်းသပ်ဖြတ်သန်း မောင်းနှင်နေသော Fuxing ကျည်ဆန်ရထားအား ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဗက်ဒေသ ဆန်းရီခရိုင်တွင် စမ်းသပ်မောင်းနှင်သွားသည့် Fuxing ကျည်ဆန်ရထားအား ဇွန် ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လားလျင်ရထားလမ်းသည် ချင်းဟိုင်တိဗက်ကုန်းပြင်မြင့်ရှိ Kailash တောင်နှင့် ဟိမဝန္တာတောင်တန်းအကြားတွင် တည်ရှိရာ ရထားလမ်းအပိုင်း၏ (၉၀)ရာခိုင်နှုန်းနှင့်အထက်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် မီတာ(၃,၀၀၀)ကျော်တွင် ရှိပြီး မြေမျက်နှာသွင်ပြင်ဘူမိအနေအထား အလွန်ရှုပ်ထွေးသော နေရာဖြစ်သည်။ ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ် မတ်လတွင် လမ်းတစ်လျှောက်စတင် အကောင်အထည်ဖော်ခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်းပေါင်း (၁၃၀,၀၀၀)ကျော် ရှေ့တန်းမှပါဝင်ပြီး ကုန်းပြင်မြင့်ရှိ အအေးလွန်ပြီးအောက်စီဂျင်နည်းပါးသည့် တောအထပ်ထပ် တောင်အသွယ်သွယ်ကြားတွင် အံ့ဖွယ် “ကောင်းကင်လမ်း” ကို ဆက်လက်ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(၆)နှစ်ကျော်ကြာ ဆောက်လုပ်ရေးကာလအပြီးတွင် ပါဝင်တည်ဆောက်သူများက ဂေဟ၊ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်းကို အခြေပြု၍ လမ်းတစ်လျှောက် မြင့်မားသောတောင်တန်းများ ၊ချောက်နက်ကြီးများ၊ ဘူမိအနေအထား ရှုပ်ထွေးမှု စသည့် အခက်အခဲတို့ကို ကျော်လွှားကာ ကုန်းမြင့်နှင်းမြေပေါ်တွင် “ကောင်းကင်လမ်း”သစ်ကို ဖောက်လုပ်နိုင်ခဲ့သည်။

ရထားလမ်းတစ်ခုလုံးတွင် ယာလုံဆန်ပိုမြစ်ကို (၁၆)ကြိမ် ကျော်ဖြတ် တည်ဆောက်ရပြီး လမ်းတံတား(၁၂၁)စင်းနှင့် ဥမင်လိုဏ်ခေါင်း(၄၇)ခုရှိရာ တံတားနှင့်ဥမင်လိုဏ်ခေါင်းသည် ရထားလမ်း၏ (၇၅)ရာခိုင်နှုန်းရှိခြင်းတို့ကြောင့် ရထားလမ်းတည်ဆောက်ရေးလုပ်ငန်း၏ အံ့မခန်းမှုကို ဖန်တီးနိုင်ခဲ့ကြောင်း China Railway Eryuan Engineering Group Co.Ltd၏ လားလျင် ရထားလမ်းပိုင်း ဒီဇိုင်းနှင့်စီမံကိန်း မန်နေဂျာ ဟဲနျန်ကျယ်က ဆိုသည်။

လားလျင်ရထားလမ်းတွင် တရုတ်နိုင်ငံက ကိုယ်တိုင်ဖန်တီးထုတ်လုပ်သည့် electric dual-source EMUအမျိုးအစား “Fuxing” ကျည်ဆန်ရထားကို အသုံးပြုလျက်ရှိရာ ၎င်း၏စွမ်းအား၊ ခရီးသယ်တင်ဆောင်နိုင်မှုပမာဏ၊ အရှိန်မြင့်မောင်းနှင်နိုင်စွမ်းစသည့် နည်းပညာများက ကမ္ဘာပေါ်ရှိအမျိုးအစားတူရထားများထက် ရှေ့ပြေးဖြစ်ကြောင်း၊ လျှပ်စစ်ရထားလမ်းနှင့် လျှပ်စစ်ရထားလမ်းမဟုတ်သည့် လမ်းကြောင်းများအကြားတွင် လွတ်လပ်စွာ ပြောင်းလဲမောင်းနှင်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်မြင့်မားသောဒေသနှင့် လိုဏ်ခေါင်းရှည် ဆက်တိုက်ရှိသည့် နေရာများတွင် အလိုက်သင့်မောင်းနှင်နိုင်ကြောင်း တိဗက် ရထားလမ်းဆောက်လုပ်ရေး ကုမ္ပဏီ ဒုတိယမန်နေဂျာ ကျူးကျင်ထန်က ဆိုသည်။

လားလျင်ရထားလမ်းသည် တရုတ်နိုင်ငံ တိဗက်ဒေသရှိ လားဆ၊ ဆန်းနန်နှင့် လျင်ကျီး မြို့(၃)မြို့ကို လွှမ်းခြုံထားပြီး တိဗက်ဒေသ၏ လူဦးရေများသည့် နေရာများကို ဖြတ်သန်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းရထားလမ်းတည်ဆောက်နိုင်ခြင်းသည် တိဗက်ဒေသ အရှေ့နှင့်တောင်သို့ ရထားလမ်း မပေါက်သည့် သမိုင်းကို အဆုံးသတ်နိုင်ခဲ့သလို ဖြတ်သန်းသွားသည့်မြို့သုံးမြို့အကြား သွားလာသည့်အချိန် များစွာတိုတောင်းသွားစေကြောင်း၊ နှစ်စဉ် ရထားဖြင့်ကုန်ပစ္စည်းသယ်ယူပို့ဆောင်နိုင်စွမ်းသည် တန်ချိန် (၁၀)သန်းအထိ ရှိမည်ဖြစ်ပြီး ကုန်ပစ္စည်းအမျိုးမျိုးသယ်ယူပို့ဆောင်ရန်အတွက် ပံ့ပိုးပေးနိုင်ကြောင်း သိရသည်။

လားလျင် ရထားလမ်းသည် ချင်းဟိုင်-တိဗက်ရထားလမ်းနှင့် လားဆ-ရစ်ကာကျယ် ရထားလမ်းကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ ဤရထားလမ်းတည်ဆောက်မှုသည် ကမ္ဘာ့အိမ်ခေါင်မိုး တိဗက်၏ အချိန်ပြည့် မြန်နှုန်းမြင့်သယ်ယူပို့ဆောင်နိုင်စွမ်းကို ပုံဖော်နိုင်ခဲ့ပြီး တိဗက်ဒေသကို တရုတ်နိုင်ငံပြည်တွင်း ဖွံ့ဖြိုးရေးလမ်းစဉ်အခင်းအကျင်းသစ်တွင် တစ်ပေါင်းတစ်စည်းတည်း ပါဝင်နိုင်မည့် အခွင့်အလမ်းသစ်ကို ဆောင်ကြဥ်းပေးခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးအသီးသီး၏နှီးနွယ်ဖလှယ်မှုအတွက် အားကောင်းသည့်မြှင့်တင်မှုဖြစ်သလို တိဗက်ဒေသ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် တွန်းအားလည်း ဖြစ်စေကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(社会)西藏首条电气化铁路建成通车 复兴号实现31个省区市全覆盖
2021-06-25 11:48:10

新华社拉萨6月25日电(记者刘洪明、张兆基)25日10时30分,一辆复兴号高原内电双源动车组缓缓驶出拉萨火车站,向林芝市进发。这标志着全长435公里、设计时速160公里的拉林铁路建成通车,西藏首条电气化铁路建成,同时复兴号实现对31个省区市全覆盖。
拉林铁路位于青藏高原冈底斯山与喜马拉雅山之间的谷地,90%以上的线路走行于海拔3000米以上,地形地质条件极其复杂。此项工程自2015年3月全线开工以来,13万多名建设者先后奋战在工程一线,在高寒缺氧的崇山峻岭间,续写了“天路”传奇。
通过6年多的施工,建设者们在保护好生态环境的基础上,克服铁路沿线山高谷深、地质条件极端复杂等困难,建成了这条雪域高原“新天路”。
中国中铁二院拉林铁路设计总体兼项目经理何娘者说,铁路全线16次跨越雅鲁藏布江,有桥梁121座,隧道47座,桥隧比高达75%,创造了铁路工程建设的奇迹。
西藏铁路建设有限公司副总经理朱锦堂介绍,拉林铁路使用了我国自主创新研制的复兴号高原内电双源动车组,其功率、载客量、加速性能等多项技术领先于世界同类型车,可在电气化和非电气化线路间自由切换,适应高海拔、连续长大隧道环境。
据了解,拉林铁路覆盖拉萨、山南、林芝三市,途经西藏人口稠密区域,铁路的建成也结束了藏东南不通铁路的历史,将大大缩短往返拉萨、山南、林芝之间的通行时间;年货运能力可达1000万吨,为各类物资运输提供有力支撑。
拉林铁路连接青藏铁路和拉日铁路。这一铁路的建成将推进世界屋脊快速、大运力、全天候的运输大通道形成,为西藏参与国内大循环,融入和服务新发展格局带来新机遇,并将有力促进各民族交往交流交融,推动西藏高质量发展。(完)

图说1:试运行的复兴号列车行驶在西藏山南市境内(6月16日摄)。 新华社记者 觉果 摄
图说2: 列车员向乘坐首趟复兴号高原内电双源动车组的乘客递水(6月25日摄)。新华社记者 普布扎西 摄
图说3:乘客与复兴号合影(6月25日摄)。新华社记者 觉果 摄
图说4,5: 试运行的复兴号列车行驶在雅鲁藏布江畔(6月16日摄)新华社记者 觉果摄
图说6: 试运行的复兴号列车行驶在藏木特大桥(6月17日摄,无人机照片)。新华社记者 普布扎西摄
图说7:试运行的复兴号列车行驶在桑日县境内(6月8日摄)。新华社记者 普布扎西摄