Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် တွေ့ဆုံဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်လာရောက်သည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား စက်တင်ဘာ ၁၂ ရက်က ဖနွမ်းပင်မြို့တွင် လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီးစဉ်လာရောက်သည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဟွန်ဆန်က ဝမ်ရိမှ တရုတ်နိုင်ငံခေါင်းဆောင်များအား နှုတ်ခွန်းဆက်စကား တစ်ဆင့် ပြောကြားခဲ့ရာ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေးသည် ကာလကြာတည်ရှိပြီး နှစ်နိုင်ငံအတူ နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးကို အပြန်အလှန် ထိန်းသိမ်းကာကွယ်ရာတွင် အစဉ်အမြဲ အပြန်အလှန်ထောက်ခံအားပေးကူညီဖေးမမှုရှိကြကြောင်း၊ နှစ်နိုင်ငံ အမာခံဆက်ဆံရေးကို အဆက်မပြတ် ရှေ့သို့တိုးတက်အောင် တရုတ်နိုင်ငံနှင့်အတူ တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံငယ်ဖြစ်သော်လည်း ဖိအားများအောက်တွင် နောက်တွန့်သွားမည်မဟုတ်ကြောင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်းစသည့် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားရေးတွင် တရုတ်နိုင်ငံ၏ မှန်ကန်သော ရပ်တည်ချက်ကို ခိုင်မာစွာအားပေးထာက်ခံသွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ကူညီမှုများအား ကျေးဇူးတင်ရှိကြောင်း ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံနှင့်အတူ ဆက်လက်အားဖြည့်ဆောင်ရွက်သွားလိုကြောင်းနှင့် နှစ်ဖက်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံစသည့် ကဏ္ဍများ ၏ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်သို့ လျှောက်လှမ်းရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဒေသပြင်ပအင်အားစုများ ဒေသရေးရာတွင် ရှုပ်ထွေးမှုမရှိစေရန် တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်ကာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို အတူကာကွယ်ထိန်းသိမ်းသွား လိုကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံခေါင်းဆောင်များမှ ရင်းနှီးစွာ နှုတ်ခွန်းဆက်သစကားအား တစ်ဆင့်ပြောကြားခဲ့သည်။ ကပ်ရောဂါအခြေအနေတွင် ကမ္ဘောဒီယားသို့ နောက်ထပ်တစ်ကြိမ်လာရောက်လည်ပတ်ခြင်းသည် ကမ္ဘောဒီယား၏ အမာခံမိတ်ဆွေသင်္ဂဟအနေဖြင့် ကမ္ဘောဒီးယားပြည်သူ့ပါတီအစိုးရ၏အား ထောက်ခံခြင်း၊ အင်အားကြီးအနိုင်ကျင့်ဗိုလ်ကျမှုကို မကြောက်ရွံ့ဆန့်ကျင်၍ နိုင်ငံ၏အချုပ်အခြာအာဏာနှင့်အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်းသည်ကို ထောက်ခံခြင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မိမိနိုင်ငံနှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာဖွေမှုအားထောက်ခံခြင်းကို ပြသဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ယုံကြည်ရဆုံးရေရှည်မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်လာဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အပြန်အလှန် ထောက်ခံကူညီခြင်းသည် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ထိန်းသိမ်းခြင်းဖြစ်ရုံသာမက နိုင်ငံတကာတရားမျှတမှုနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်အတိုင်း အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုး နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုပြီး နှစ်နိုင်ငံချစ်ကြည်ရေးမှသည် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားအတွက် အေးတူပူအမျှအသိုက်အဝန်းသို့ မပြတ်တွန်းအားပေးလျှောက်လှမ်းသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကာကွယ်ဆေး၊ ကပ်ရောဂါကုသထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများကို ကမ္ဘောဒီးယားတွင် ကပ်ရောဂါတိုက်ပွဲအပြီးတိုင် အနိုင်ရသည်အထိ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အတူလက်တွဲတည်ဆောက်၍ ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးနှင့်လူမှုဘဝပြန်လည်ကောင်းမွန်အောင် လက်တွေ့ဆောင်ရွက်သွားလိုကြောင်း ၊ ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်သည့် ကာလတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်ကာ ကုလသမဂ္ဂ ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း(UNCLOS)အပါအဝင် နိုင်ငံတကာဥပဒေ၊ လက်တွေ့ထိရောက်သည့်စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီအောင် ရေးဆွဲသွားပြီး တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများက မိမိတို့၏ကိစ္စရပ်အပေါ် ကောင်းမွန်အောင် ဆောင်ရွက်သည့်ဆန္ဒနှင့်ဆောင်ရွက်နိုင်စွမ်းရှိသည် ပြသသွားလိုကြောင်း ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ဝမ်ရိနှင့်ဟွန်ဆန်တို့သည် တရုတ်နိုင်ငံအစိုးရက ကူညီတည်ဆောက်ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ အားကစားရုံး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်ကို အတူသက်သေပြုခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ကမ္ဘောဒီးယားနိုင်ငံ အလည်အပတ်ခရီးစဉ်ကာလတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယ ဝန်ကြီးချုပ် Hor Namhongနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————
(Chinese Version)
(国际)柬埔寨首相洪森会见王毅
2021-09-13 03:33:04
新华社金边9月12日电(记者毛鹏飞)当地时间2021年9月12日,柬埔寨首相洪森在金边会见对柬埔寨进行正式访问的国务委员兼外长王毅。
洪森请王毅转达对中国领导人的诚挚问候,表示柬中友好源远流长,两国在维护彼此主权和独立方面一贯相互支持、相互帮助。柬方愿同中方一道,推动柬中铁杆关系不断向前发展。柬虽是小国,但不会在压力下退缩,将在台湾、涉港、涉疆等涉及中方核心利益问题上继续坚定支持中方的正当立场。感谢中方为柬抗击疫情提供的宝贵帮助,柬方希同中方继续加强抗疫合作,推动双边经贸、基础设施等领域合作迈上新台阶。柬方愿同中方加强沟通,防止域外势力搅乱地区事务,共同维护地区和平稳定。
王毅向洪森转达中国领导人的亲切问候,表示在疫情形势下再次访柬,就是要对外发出明确信号,作为柬埔寨的铁杆朋友,中方将支持柬人民党政府顺利执政,支持柬不畏强权、反对霸凌,维护国家主权和民族尊严,支持柬探索符合自身国情的发展道路,中国将是柬最可靠、最长期的战略伙伴。双方鼎力互助,不仅是维护两国的共同利益,也是在维护国际公平正义,维护发展中国家正当权益。中方愿同柬方一道,按照两国领导人达成的重要共识,进一步深化两国互利合作,推进中柬友好事业朝着构建中柬命运共同体的方向不断迈进,造福两国人民。
王毅说,中方将继续为柬提供疫苗和抗疫物资,直至柬最终战胜疫情。愿同柬加快高质量共建“一带一路”,切实助柬恢复经济、改善民生。中方希柬明年出任东盟轮值主席国期间,中国同东盟国家能完成“南海行为准则”商谈,制定符合包括《联合国海洋法公约》在内的国际法、实质、有效的准则,彰显中国和东盟国家有意愿、有能力把自己的事情办好。
会见前,王毅同洪森首相共同出席了中国政府援柬体育场项目交接仪式。会见结束后,双方共同见证双边合作文件签署。
访柬期间,王毅还同柬副首相兼外交大臣布拉索昆举行会谈,并将会见柬副首相贺南洪。(完)

图说1:9月12日,柬埔寨首相洪森(右)在金边会见对柬埔寨进行正式访问的中国国务委员兼外长王毅。 新华社发(戈基摄)