Connect with us

Africa & Middle East

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန် ယာယီအစိုးရအဖွဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi တွေ့ဆုံဆွေးနွေး

ဒိုဟာ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

ကာတာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အောက်တိုဘာ ၂၆ ရက်က ဒိုဟာမြို့တွင် အာဖဂန်ယာယီအစိုးရအဖွဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqiနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက အာဖဂန်သည် တရုတ်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပြည်သူများတွင် အချိန်ကာလကြာရှည်သည့် ဆက်ဆံရေး ရှိကြောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဖဂန်၏ မိမိနိုင်ငံနှင့်လျော်ညီသည့် ဖွံ့ဖြိုးရေးလမ်းစဉ်နှင့်စီမံခန့်ခွဲမှုပုံစံ အား ရှာဖွေမှုကို လေးစားသလို အာဖဂန်၏အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်နက်ပြည်စုံမှုကို လေးစားကြောင်း၊ အာဖဂန်ယာယီအစိုးရ၏ တစ်နိုင်ငံလုံးတွင် ကျင့်သုံး တည်ရှိနေသည့် လက်တွေ့ကျမှုများကို လေးစားကြောင်း၊ အာဖဂန်တာလီဘန်တို့ အနေဖြင့် တိုင်းရင်းသားအသီးသီး ဂိုဏ်းဂနအသီးသီးကို စည်းလုံးစွာဖြင့် တည်ငြိမ်မှုကို အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ရှင်သန်လာကာ စစ်မှန်သည့် အာဖဂန်၏အနာဂတ်ကံကြမ္မာ ပြည်သူ့လက်ထဲတွင် ရှိစေလိုကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ “အာဖဂန်လူမျိုးများ ပိုင်ဆိုင်သော၊ အာဖဂန်လူမျိုးများ ဦးဆောင်သော”မူကို အာဖဂန်တွင် အခြေကျ ပြီးအပြုသဘောဆောင်နိုင်ရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အာဖဂန်လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာနိုင်မှုများကို တရုတ်နိုင်ငံက ဂရုပြုရာ တတ်နိုင်ငံသည့်အတိုင်းအတာတွင် ဆက်လက် လက်ကမ်းကူညီပေးသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ပံ့ပိုးပေးသည့် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ပထမအသုတ် အထောက်အပံ့ပစ္စည်းများ ကဘူးလ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ဆက်လက်ပြီး ကြက်ခြေနီအသင်း၊လခြမ်းနီအသင်း စသည့် နိုင်ငံတကာအဖွဲ့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးစသည့် လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံပြည်နယ်ဒေသများနှင့်ညှိနှိုင်းကာ အရေးပေါ်အထောက်အပံ့ပစ္စည်းများ ကူညီရန် တစ်ဆင့်တိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဖဂန်တာလီဘန်အနေဖြင့် တရုတ်နိုင်ငံ၏အရေးကြီးလုံခြုံရေးဂရုပြုမှုများကို နားလည်အလေးထားသည့်အတွက် တန်ဖိုးထားချီးကျူးပါကြောင်း ၊တာကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့နိုင်ငံတကာအကြမ်းဖက်အင်အားစုများကို ပို၍ပြတ်သားစွာ လက်တွေ့တိုက်ဖျက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အာဖဂန်တွင် တည်ငြိမ်သည့်အခြေအနေ၊ လုံခြုံရေးအခြေအနေရှိပြီးနောက် စီးပွားရေး ပြန်လည်တည်ဆောက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးသွားမည်ဖြစ်ရာ အာဖဂန်၏ “အာရှတိုက်၏နှလုံးနေရာ”ပထဝီအနေအထားအားသာချက်၊ တူညီသည့်ဒေသများအပြန်အလှန်ချိတ်ဆက်မှု၊ မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုစွမ်းများကို တိုးမြှင့်သွားရန် အားပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

Amir Khan Muttaqiကလည်း အာဖဂန်၏အခြေအနေသည် တဖြည်းဖြည်းတည်ငြိမ်မှုရှိလာပြီဖြစ်ရာ အာဖဂန်အစိုးရသစ်က လက်တွေ့စီမံခန့်အုပ်ချုပ်မှုများအား အကောင်အထည်ဖော်ပြီဖြစ်ကြောင်း၊ ၄၅ နှစ်ကြာ စစ်ပွဲကို ဖြတ်သန်းပြီးနောက် အာဖဂန်သည် ငြိမ်ချမ်းရေးကို အထူးတန်ဖိုးထားရာ နိုင်ငံအသီးသီးနှင့် တန်းတူညီမျှ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

အာဖဂန်-တရုတ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးသည် အာဖဂန်အတွက် အလွန်အရေးကြီးကြောင်း ၊ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် မူဝါဒကို တန်ဖိုးထားပါကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ဘက်ပေါင်းစုံ ပူးပေါင်းမှုဆောင်ရွက်မှုများအား တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊အာဖဂန်အနေဖြင့် တရုတ်နိုင်ငံကူညီထောက်ပံ့မှုများအား ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ကူညီပေးအပ်မှုများကို ပြည်သူ့စားဝတ်နေရေး ကောင်းမွန်အောင် အသုံးပြုသွားမည့် တစ်ချိန်တည်းတွင်ပင် မိမိကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အာဖဂန်အနေဖြင့် မိမိ၏လုံခြုံရေးတည်ငြိမ်ရေးကို အားစိုက်ဆောင်ရွက်သွားမည့်တစ်ချိန်တည်းတွင်ပင် ဒေသငြိမ်းချမ်းရေး၊လုံခြုံရေးကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဖဂန်တာလီဘန်အနေဖြင့် မည်သူ၊မည်သည့်အင်အားစုကမျှ အာဖဂန်နယ်မြေကို အသုံးချ၍ တရုတ်နိုင်ငံအား ထိခိုက်အောင် ဆောင်ရွက်မှုအား လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း Amir Khan Muttaqiက အလေးထားပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးမှုတွင် လုပ်ငန်းဆက်သွယ်ရေးယန္တရားဆွေးနွေးညှိနှိုင်းမှုများအောက်၌ ဆက်ဆံရေးတစ်ဆင့်တိုးဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

(国际)王毅会见阿富汗塔利班临时政府代理外长穆塔基

新华社多哈10月26日电当地时间2021年10月26日,正在卡塔尔进行访问的国务委员兼外长王毅在多哈会见阿富汗临时政府代理外长穆塔基。
王毅说,阿富汗是中国的邻国,两国人民有着悠久交往。中方尊重阿富汗探索符合自身国情的发展道路和治理模式,尊重阿富汗主权、独立和领土完整,尊重阿富汗临时政府在全国施政的客观现实。希望阿塔能够团结各民族各派别,实现稳定,恢复发展,真正把阿富汗的前途命运掌握在人民手中。中方愿同国际社会一道,推动“阿人所有、阿人主导”的原则在阿富汗真正落地并为此发挥建设性作用。

王毅表示,中方关注阿富汗当前面临的困难、特别是可能出现的人道主义危机,愿继续在力所能及的范围内伸出援手,提供帮助。中方提供的首批人道主义援助物资已运抵喀布尔,将继续通过红十字会与红新月会国际联合会、联合国难民署等渠道,并协调中国地方省区提供进一步紧急物资援助。中方赞赏阿塔理解和重视中方重大安全关切,相信阿塔会采取更加坚决果断的实际行动打击“东伊运”这股国际恐怖势力。愿在阿稳定局势、具备安全条件后,探讨开展经济重建领域合作,支持阿发挥“亚洲之心”地理优势,加强同地区互联互通,增强自主发展能力。

穆塔基表示,阿富汗局势已逐步稳定下来,阿新政府实现了对阿富汗的实际治理。经历了45年战争,阿富汗极为珍视和平,愿与各国开展平等友好合作。阿中友好关系对阿至关重要,阿方高度评价中方不干涉内政的原则,希同中方开展沟通,发展全方位合作。阿方感谢中方的支持和帮助,将把中方的援助用于改善民生,同时努力实现自主发展。阿富汗将在致力于实现自身安全稳定的同时,促进地区和平安全。穆塔基强调,阿塔决不允许任何人、任何势力利用阿领土从事危害中国的事情。

双方同意设立工作联络机制商谈下一步交往。(完)
图说1:10月26日,正在卡塔尔进行访问的中国国务委员兼外长王毅(右)在多哈会见阿富汗临时政府代理外长穆塔基。新华社记者 杨元勇 摄