Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဆက်သွယ် ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အီတလီနိုင်ငံ ရောမမြို့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တွေ့ဆုံဆွေးနွေးနေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် နိုဝင်ဘာ ၁၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး ခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒင် တို့သည် နို၀င်ဘာ ၁၆ ရက်တွင် ဗီဒီယိုလင့်ခ် မှတစ်ဆင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ယခုအကြိမ် တွေ့ဆုံမှုသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အဓိကကျသည်သာမက နိုင်ငံတကာဆက်ဆံရေးအတွက်လည်း အဓိကကျကြောင်း၊ နှစ်နိုင်ငံပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းမှ ဤတွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံစလုံးအတွက်သာမက ကမ္ဘာအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များရရှိမည်ဟု မျှော်လင့်ထားကြကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-အမေရိကန် ဆက်ဆံရေး ဦးတည်ရာလမ်းညွှန်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နှစ်ဘက်စလုံး ဘုံရည်မှန်းချက်အတွက် မျက်နှာချင်းဆိုင် လျှောက်လမ်းရန်၊ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ ဤအရေးကြီးသော တွေ့ဆုံမှု အဆင်ပြေ ချောမွေ့အောင်မြင်မှု ရှိစေရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ကြံ့ခိုင်ပြီး တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ရောက်ရှိစေရန် တွန်းအားပေးဆောင်ရွက် သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဘလင်ကန်က အမေရိကန်နှင့် တရုတ် နိုင်ငံခေါင်းဆောင်များကြား ဗီဒီယိုလင့်ခ်တွေ့ဆုံမှုကို ကမ္ဘာက မျှော်လင့်ချက် ကြီးမားပြီး နှစ်ဖက်လုံးက အစည်းအဝေးတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိရေးအတွက် အပြည့်အဝ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီ ဖြစ်ကြောင်း၊ အမေရိကန် အနေဖြင့် တွေ့ဆုံစဉ်အတွင်း အပြန်အလှန်လေးစားသည့်စိတ်ဓာတ်ဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ၎င်း၏အမြင်များကို မျှဝေရန် ၊ ကမ္ဘာသို့ ခိုင်မာသောအချက်ပြမှုကို ပူးတွဲပေးပို့ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ထိုင်ဝမ်ကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်မှ မှားယွင်းသော မှတ်ချက်များနှင့် အပြုအမှုများကို တုံ့ပြန်သည့်အနေဖြင့် ဝမ်ရိက တရုတ်နိုင်ငံ၏ လေးနက်သော ရပ်တည်ချက်ကို ထပ်မံ ပြောကြားခဲ့သည်။ “ထိုင်ဝမ်လွတ်လပ်ရေး” သည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်မှာ သမိုင်းနှင့် လက်တွေ့တွင် အပြည့်အဝ သက်သေပြခဲ့ကြောင်း၊ “ထိုင်ဝမ်လွတ်လပ်ရေး” တပ်ဖွဲ့ကို အားပေး ထောက်ခံမှုများသည် ထိုင်ဝမ်ရေလက်ကြားတစ်ခွင် ငြိမ်းချမ်းရေးကို ဖျက်ဆီးစေနိုင်ပြီး ယင်းလုပ်ဆောင်ချက်များ၏ အကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်း ဝမ်ရိ က ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အမှန်တကယ် ထိန်းသိမ်းလိုပါက “ထိုင်ဝမ်လွတ်လပ်ရေး” လှုပ်ရှားမှုမှန်သမျှကို ပြတ်သား ခိုင်မာစွာ ဆန့်ကျင်သင့်ကြောင်း၊ တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက် သုံးရပ်ပါ ကတိကဝတ်များကို လိုက်နာရန်၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်တွေ့အကောင်အထည်ဖော်၍ “ထိုင်ဝမ်လွတ်လပ်ရေး” တပ်ဖွဲ့အား မှားယွင်းသောအချက်ပြမှုများ ပေးပို့မှု မပြုလုပ်ရန် ဝမ်ရိက ပြောကြားခဲ့သည်။

နှစ်ဘက်စလုံးသည် စွမ်းအင်လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အီရန်နျူကလီးယားစသည့် ကိစ္စရပ်များအပေါ် ထင်မြင်ချက်များ ဖလှယ်ခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………………
(Chinese Version)
(国际)王毅同美国国务卿布林肯通电话
新华社北京11月13日电11月13日,国务委员兼外长王毅应约同美国国务卿布林肯通电话。   王毅说,习近平主席同拜登总统将于11月16日举行视频会晤。这次举世瞩目的会晤不仅是中美关系的一件大事,也是国际关系的一件大事。两国人民和国际社会都希望会晤取得对两国和世界都有利的结果。两国元首对中美关系发挥着把舵引航的关键作用。双方要相向而行,为会晤做好准备,确保这次重要会晤顺利、成功,推动中美关系回到健康稳定发展的轨道。
布林肯表示,世界高度关注此次美中元首视频会晤,双方已为此进行充分准备,取得积极进展。美方期待在会晤中本着相互尊重的精神与中方分享对双边关系的看法,共同向世界发出强有力的信号。
针对美方近日在台湾问题上采取的错误言行,王毅进一步表明中方严正立场。王毅表示,历史和现实已充分证明,“台独”是台海和平稳定的最大威胁,任何对“台独”势力的纵容和支持,都是对台海和平的破坏,最终都将自食其果。王毅说,如果美方真想维护台海和平,就应当明确、坚定地反对任何“台独”行径,就应当信守在中美三个联合公报中作出的郑重承诺,就应当把一个中国政策落实到行动上,不再向“台独”势力发出错误信号。
双方还就能源安全、气候变化、伊朗核等问题交换了意见,同意就应对各类全球挑战保持对话。(完)