Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Abdulla Shahid တွေ့ဆုံဆွေးနွေး

ဟန်ကျိုး၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌနှင့် မော်လ်ဒိုက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahidအား နိုဝင်ဘာ ၂၅ ရက်က ကျဲ့ကျန်းပြည်နယ် အန်းကျီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ပြီးခဲ့သည့်လတွင် မိမိတို့အနေဖြင့် တရုတ်နိုင်ငံတော်သစ် ကုလသမဂ္ဂတရားဝင်နေရာအား ပြန်လည်ရရှိခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးပြုလုပ်ခဲ့ရာ သမ္မတရှီကျင့်ဖိန်တက်ရောက်၍ အရေးကြီးမိန့်ခွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အထူးပါဝင်တက်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးသမိုင်း၏ အရေးကြီးကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုလသမဂ္ဂသို့ ပြန်လည်ဝင်ရောက်ခြင်းသည် နိုင်ငံတကာတရားမျှတမှု၏ကျယ်ပြန့်မှုကို ရရှိခြင်းဖြစ်ရာ အကြီးဆုံး အစိုးရများအကြား နိုင်ငံတကာအဖွဲ့အစည်းများက စစ်မှန်သည့် ကိုယ်စားပြုမှုနှင့်အခွင့်အာဏာရှိခြင်း ဖြစ်ကြောင်း ၊ ဤနှစ်ပေါင်း ၅၀ ကြာကာလသည် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာမှုဖြစ်သလို လူသားအကျိုးဆောင်ခဲ့သည် နှစ် ၅၀ ဖြစ်ပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၏တည်‌ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးဆောင်သူ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများအား ကာကွယ်ထိန်းသိမ်းသူအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ တံခါးမပိတ် ဖွင့်လှစ်မှုကို ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်သလို ၊ သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်မှုမျိုးမဟုတ်သည့် အပြန်အလှန်ဘုံအကျိုးစီးပွားကို ခိုင်မာစွာဖော်ဆောင်သွားမည်ဖြစ်ပြီး မည်သည့် တစ်ဖက်သတ်ဝါဒနှင့်အာဏာနိုင်ငံရေးကိုမဆို ဆန့်ကျင်၍ တရားမျှတမှု ကျယ်ပြန့်အောင် ခိုင်မာစွာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၊ တရုတ်နိုင်ငံသည် သမိုင်း၏မှန်ကန်သည့်ဘက်၊ လူသားမျိုးနွယ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေးဘက်တွင် အစဉ်အမြဲရပ်တည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှုဝါဒသည် အများတူညီသည့် သဘောထားအမြင်ဖြစ်ရာ တစ်ဖက်သတ်ဝါဒ၊ ထင်မြင်ချက်အယူအဆ စည်းခြား၍ အုပ်စုဖွဲ့ ဆန့်ကျင်ရပ်တည်ရန် လှုံ့ဆော်မှုသည် ခေတ်ရေစီးကြောင်းနှင့်လျော်ညီမှုမရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏မူဘောင်အောက်တွင် နိုင်ငံတိုင်းက တန်းတူညီတူရှိသလို နိုင်ငံတိုင်း၏အသံက အရေးကြီးပြီး နိုင်ငံတိုင်း၏မဲဆန္ဒတိုင်းက အကျုံးဝင်သည်ဟု ဆိုသည်။ အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူမျှဝေမှုဖြင့် အများလုံခြုံရေးကို အတူကာကွယ်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးမှုရလဒ်ကောင်းများအား အတူမျှဝေရေး၊ ကမ္ဘာ့ကံကြမ္မာအား အတူ လက်ကိုင်ထားရေးကို နိုင်ငံအသီးသီးက ခိုင်မာစွာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ “ခြံဝန်းခတ် တံတိုင်းမြင့်ကာခြင်း”ဖြင့် အသိုက်အဝန်းငယ်ဖွဲ့ခြင်းသည် မိမိနိုင်ငံ၏ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်သလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်မူ ပို၍မရကြောင်း ၊ နိုင်ငံကြီးများအကြား အကယ်၍ ယှဉ်ပြိုင်ရမည်ဆိုလျှင် မည်သူက လူသားမျိုးနွယ်အပေါ် အကျိုးဆောင်မှုများသနည်း၊ မည်သူက ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းသနည်းဆိုသည်ကို ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အသံပြိုင် လက်သီးဆုပ် အင်အားတောင့်တင်းမှုကို ယှဉ်ပြိုင်ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် တရားမျှတမှု၏ ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ရာ ဗိုလ်ကျစိုးမိုးအနိုင်ကျင့်မှုအား လက်ပိုက်ကြည့်သူလုပ်ရမည် မဟုတ်ကြောင်း၊ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံအား အကောင်အထည်ဖော်သည့် ပလက်ဖောင်းဖြစ်ရာ နိုင်ငံကြီးများ အားပြိုင်သည့် ပြိုင်ကွင်းလုပ်ရမည်မဟုတ်ကြောင်း ၊ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ရာ ထိုင်၍စကားပြောသည့်ဆွေးနွေးခန်းလုပ်ရမည်မဟုတ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုကို သမ္မတရှီကျင့်ဖိန်က အဆိုပြုခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ အားပေးထောက်ခံမှုကို ရရှိခဲ့ပါကြောင်း ၊ အဆိုပါ တံခါးဖွင့်အဆိုပြုချက်တွင် ဘက်ပေါင်းစုံပါဝင်ပြီး ပိုမိုများပြားသည့်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို အလေးထားကြဖို့ တွန်းအားပေးကာ ပို၍ကြီးမားသည့် ပူးပေါင်းအင်အားဖြင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အရှိန်မြှင့်တင်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

Abdulla Shahid က တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကုလသမဂ္ဂ၌ တရားဝင်နေရာ ပြန်လည်ရရှိခြင်း နှစ် ၅၀ ပြည့်အား ဂုဏ်ပြုကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို တရုတ်နိုင်ငံက အစဉ်တစိုက် ခိုင်မာစွာ ထောက်ခံအားပေးသည့်အပေါ် အထူးချီးကျူးဂုဏ်ပြုပါကြောင်း ၊ တရုတ်နိုင်ငံ၏ ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းမှု၊ အတူဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်မှု၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် ထူးချွန်သည့် ဦးဆောင်မှုများအပေါ် ကောင်းမွန်သည့်မှတ်ချက်ပြုကြောင်း ပြောကြားခဲ့သည်။

လူသားမျိုးနွယ်တို့၏ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်သည့်အတွေးအမြင်အား သဘောတူလက်ခံပြီး တစ်ဖက်သတ်ဝါဒသည် ဈေးကွက်မရှိသည်ကို ခိုင်မာစွာ ယုံကြည်ကြောင်း Abdulla Shahidက ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်သည် အချိန်အခါနှင့်ကိုက်ညီသလို ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် တွန်းအားပေး အရှိန်မြှင့်တင်ဆောင်ရွက်ရန်အတွက် လေးနက်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်ရာ လူသားအားလုံးအတွက် မျှော်လင့်ချက်များ ဆောင်ကြဉ်းပေးခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အလွန်အားတက်ဖွယ်ကောင်းကြောင်း ၊ တရုတ်နိုင်ငံသည် ကာကွယ်ဆေး အရေးကြီး ပံ့ပိုးနိုင်သူအနေဖြင့် ကာကွယ်ဆေးရရှိမှုခြားနားခြင်း ကွာဟချက်ကို ဖြည့်ဆည်းရာတွင် လစ်လပ်၍မရသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှုနှင့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက အင်တိုက်အားတိုက် အားပေးထောက်ခံ၍ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုအကြိမ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်သွားလိုကာ တရားမျှတမှုအား အတူတကွ ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒအား အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား အတူကိုင်တွယ်ဖြေရှင်းခြင်း၊ ကုလသမဂ္ဂ၏အခွင့်အာဏာနှင့်ယုံကြည်ကိုးစားမှုကို ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုစသည့်ကဏ္ဍများအတွက် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဝမ်ရိက ဂေဟယဉ်ကျေးမှုတည်ဆောက်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ရာ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ဖြစ်ရုံသာမက အုပ်ချုပ်ရေးပါတီ၏ပြည်သူလူထုအပေါ်ထားရှိသော လေးနက်သည့် ကတိကဝတ်ဖြစ်ကြောင်း ၊ “စိမ်းလန်းစိုပြေသည့် တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်”ဖြစ်သည့် အရေးကြီးအတွေးအမြင်သည် ကျွန်တော်တို့ ယခုရှိနေသည့် ကျဲ့ကျန်းပြည်နယ် အန်းကျီသို့ သမ္မတရှီကျင့်ဖိန် လာရောက်လေ့လာစစ်ဆေးစဉ် အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဤအတွေးအမြင်သည် တရုတ်နိုင်ငံ လူမှုအဖွဲ့အစည်းအားလုံး၏ တူညီသည့်သဘောထားအမြင်နှင့် ဆောင်ရွက်မှုဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဂေဟဦးစားပေး အစိမ်းရောင် ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ခိုင်မာစွာ လျှောက်လှမ်းသွားမည်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင်ဂေဟထိန်းသိမ်းခြင်း၊ ဂေဟထိန်းသိမ်းခြင်းတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းတို့ဖြင့် လူမှုစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ကာဗွန်လျော့နည်းရေးဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုအခန်းကဏ္ဍအား ချီးကျူးပါကြောင်းနှင့် ကျွန်းစုနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှု ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံက ကူညီပံ့ပိုးမှုများအပေါ် ကောင်းမွန်ကြောင်း Abdulla Shahidက သုံးသပ်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်ရန် နှစ်ဖက်ကြား သဘောတူညီခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးပြီးနိုင်ငံများက ပေးအပ်ထားသည်ကတိကဝတ်များကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းသွားကြရန်နှင့် ပဲရီသဘောတူညီချက်အား အတူဘက်စုံ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။

ထို့အပြင် လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂဌာနများ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အမြင်သဘောထားချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ ဝမ်ရိက လုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ဦးဆောင်မှု၊ တူညီသည့် တန်းတူညီမျှဆွေးနွေးမှု၊ အများသဘောတူညီမှု ၊ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် စကားပြောဆိုပိုင်ခွင့်အား ထပ်တိုးပေးခြင်းတို့ကို ခိုင်မာစွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

王毅同第76届联合国大会主席沙希德举行会谈
2021-11-26 03:27:23
新华社杭州11月25日电(记者段菁菁、吴帅帅)11月25日,国务委员兼外长王毅在浙江安吉同第76届联合国大会主席、马尔代夫外长沙希德举行会谈。

王毅表示,上个月,我们隆重举行了新中国恢复联合国合法席位50周年纪念会议,习近平主席发表了重要讲话,古特雷斯秘书长专程出席。这是联合国发展史上的大事。中华人民共和国重返联合国,国际公平正义得到伸张,世界上最大的政府间国际组织真正具有了代表性和权威性。这50年也是中国和平发展、造福人类的50年。中国将继续做世界和平的建设者、全球发展的贡献者、国际秩序的维护者,坚持开放、不搞封闭;坚持互利共赢、不搞零和;坚持主持公道、伸张正义,反对任何单边主义和强权政治。中国将始终站在历史正确的一边,站在人类进步的一边。

王毅说,坚持多边主义已成为广泛共识,搞单边主义、以意识形态划线,挑动集团对立,不符合时代潮流。在联合国框架下,每个国家的地位都平等,每个国家的声音都重要,每个国家的一票都有效。要坚持共商共建共享,由各国共同维护普遍安全、共同分享发展成果、共同掌握世界命运。搞“小院高墙”、拉小圈子,解决不了本国问题,更应对不了全球性挑战。大国之间如果要竞争,那就比一比谁对人类贡献的多,谁同发展中国家合作的好,而不是比嗓门,更不能比拳头。

王毅说,联合国要成为公平正义的维护者,而不做霸权霸凌的旁观者;要成为践行多边主义的大舞台,而不做大国博弈的竞技场;要成为应对挑战的行动派,而不做坐而论道的清谈馆。

王毅说,习近平主席前不久提出全球发展倡议,得到国际社会热烈响应和支持。欢迎各方参与这一开放倡议,推动更多国家关注发展问题,形成更大合力,加快实现联合国2030年可持续发展议程。

沙希德祝贺中华人民共和国恢复联合国合法席位50周年,高度赞赏中国一直以来坚定支持联合国和多边主义,积极评价中国在维护世界和平、促进共同发展、应对全球性挑战所展现的卓越领导力。沙希德表示,赞同构建人类命运共同体理念,坚信单边主义没有任何市场。习近平主席提出的全球发展倡议恰逢其时,对加快推进2030年可持续发展议程意义重大,为全人类带来希望。联合国对中方全球疫苗合作计划深感鼓舞,中国作为疫苗的关键提供方,为弥合“疫苗鸿沟”发挥了不可或缺作用。中国大力支持南南合作和三方合作,履行了在联合国这一票始终属于发展中国家的承诺。本届联大愿同中方加强协作,共同维护公平正义,共同践行多边主义,共同应对全球挑战,维护联合国的权威和公信力。

双方还就绿色发展、气候变化等交换意见。王毅说,生态文明建设已被写入中国共产党的党章和国家宪法,不仅成为中国的国家意志,也是执政党对人民的庄重承诺。“绿水青山就是金山银山”这一重要理念就是习近平主席当年在我们现在所在的浙江安吉考察时提出的。现在,这一理念已经成为中国全社会的共识和行动。中国将坚持走生态优先、绿色低碳发展道路,在发展中保护、在保护中发展,实现经济社会的可持续发展。

沙希德赞赏中国为推动全球绿色低碳发展发挥的引领作用,高度评价中方为小岛屿国家应对气候变化提供支持和帮助。双方同意加强合作,与发展中国家一道,敦促发达国家切实兑现出资承诺,共同推动《巴黎协定》全面有效实施。  双方还就联合国机构包括安理会改革等交换了意见。王毅强调安理会改革应坚持会员国主导,坚持平等协商一致,坚持达成最广泛共识,坚持增加发展中国家的代表性和发言权。(完)