Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာန က 《တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၏ လူ့အခွင့်အရေးအပေါ် လေးစားမှု နှင့် အာမခံချက် ရရှိရေးအတွက် မဟာဖော်ဆောင်မှု》စက္ကူဖြူစာတမ်း ထုတ်ပြန်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာန က ဧပြီ ၆ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာန က ဇွန် ၂၄ ရက်၌ 《တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၏ လူ့အခွင့်အရေးအပေါ် လေးစားမှု နှင့် အာမခံချက် ရှိရေးအတွက် မဟာဖော်ဆောင်မှု》စက္ကူဖြူစာတမ်း အား ထုတ်ပြန်ကြေညာခဲ့သည်။စက္ကူဖြူစာတမ်းတွင် ၂၀၂၁ ခုနှစ်သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ထူထောင်ခဲ့သည့် နှစ် (၁၀၀) ပြည့်သည့်နှစ်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီသည် နှစ်ပေါင်း ၁၀၀ အတွင်း လူ့အခွင့်အရေးအပေါ် လေးစာမှု နှင့် အာမခံချက် ရရှိရေးအတွက် မဟာအံ့ဖွယ်ကို ဖန်တီးနိုင်ခဲ့ပြီး လူ့အခွင့်အရေးယဉ်ကျေးမှုအတွက် သမိုင်းစာမျက်နှာသစ်ကို ရေးထိုးပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီသည် ပြည်သူသာအဓိက ဟူသည်ဆောင်ရွက်မှုကို ခိုင်မြဲစွာလုပ်ဆောင်ခဲ့ကြောင်း ၊ လူ့အခွင့်အရေး တွင် သိရှိနေကြဖြစ်သော အခြေခံမူများကို တရုတ်နိုင်ငံ လက်တွေ့အခြေအနေ နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစွာ လုပ်ဆောင်ခဲ့ကြောင်း ၊ လူသားတိုင်း၏ ရှင်သန်ပိုင်ခွင့်ကိုလည်း ခိုင်မြဲစွာဆောင်ရွက်ခဲ့ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ခွင့်သည် လူ့အခွင့်အရေး၏ အခြေခံအခွင့်အရေးဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ချမ်းမြေ့ပျော်ရွှင်စွာနေထိုင်နိုင်ရန် ခိုင်မြဲစွာ ဆောင်ရွက်ခြင်းသည် အကြီးမားဆုံးသော လူ့အခွင့်အရေး ဆောင်ရွက်မှုဖြစ်ကြောင်း ၊ လူသားတို့၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအား ခိုက်မြဲစွာဆောင်ရွက်ခြင်း ၊ ပြည်သူလူထုတို့၏ ပိုင်ဆိုင်ခွင့်ခံစားမှု ၊ ပျော်ရွှင်ချမ်းမြေ့မှု နှင့် လုံခြုံမှု တို့ကို အဆက်မပြတ် တိုးမြင့်အောင် ဆောင်ရွက်ခြင်းတို့ဖြင့် တရုတ်နိုင်ငံ၏ တမူထူးခြားသော ဆိုရှယ်လစ်ဝါဒ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ထောက်ပြထားသည်။

စက္ကူဖြူစာတမ်းတွင် နှစ်ပေါင်း ၁၀၀ အတွင်း တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ က လောကကြီးတစ်ခုလုံး အတွက် စဉ်စားခဲ့ပြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ခိုင်မြဲစွာ လျှောက်လှမ်းခဲ့ကာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအား တွန်းအားပေးနိုင်ရန်အတွက် ခိုင်မြဲစွာဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန်အတွက် ခိုင်မြဲစွာဆောင်ရွက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု မှ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ရန်အတွက် ခိုင်မြဲစွာဆောင်ရွက်ခဲ့ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှု မှ လူ့အခွင့်အရေးအား တွန်းအားပေးနိုင်ရန် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၊ ကမ္ဘာ့လူ့အခွင့်အရေး စီမံခန့်ခွဲမှုအတွက် တရုတ်နိုင်ငံ က အကြံဉာဏ်ပေးအပ်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံ နည်းလမ်းများကို ထောက်ပံ့ပေးခဲ့ကြောင်း ၊ ကမ္ဘာ့လူ့အခွင့်အရေး လုပ်ငန်းဖွံ့ဖြိုးတက်ရန် အတွက် တွန်းအားပေးဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အတူတကွ ရပ်တည်ကာ အတူတကွ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ကို တည်ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စက္ကူစာတမ်းတွင် လက်ရှိချိန်သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ မှ နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးကို ဦးဆောင်၍ ဒုတိယ နှစ် (၁၀၀) ရည်းမှန်းချက်အား လက်တွေ့ဖော်ဆောင်နိုင်ရန် နှင့် တရုတ်လူမျိုးတို့၏ မဟာပြန်လည်းထွန်းတောက်စေမည့် တရုတ်လူမျိုးအိပ်မက် (Chinese Dream) ကို ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်ကာလဖြစ်ကြောင်း ၊ တရုတ်နိုင်ငံထူထောင်ခြင်း နှစ် (၁၀၀) ပြည့်ချိန်တွင် တရုတ်နိုင်ငံသည် ဒီမိုကရေစီယဉ်ကျေးမှု ပြည့်ဝပြီး သာယာပျော်ဖွယ်ကောင်း၍ လှပသည့် ဆိုရှယ်လစ်ဝါဒ ခေတ်မီအင်အားကြီး နိုင်ငံအဖြစ် တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း ၊ ထိုအချိန်တွင် တရုတ်နိုင်ငံ ပြည်သူ၏ ကဏ္ဍအသီးသီးရှိ အခွင့်အရေးမှာလည်း ပိုမိုအဆင့်အတန်းမြင့်မားသည့် အာမခံချက်ရရှိမည်မှာလည်း သေချာကြောင်း ၊ တရုတ်နိုင်ငံ ပြည်သူလူထုတို့က လေးစားမှုကို ပိုမိုပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပြီး လွတ်လပ်မှု နှင့် ပျော်ရွှင်မှုတိုကိုလည်း ပိုမိုပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ၊ ထိုအချိန်တွင် ကမ္ဘာကြီးသည် တရုတ်နိုင်ငံကြောင့် ပိုမို၍ စည်ပင်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအတွက် ပိုမိုပေးဆပ်ဆောင်ရွက်နိုင်မည်မှာလည်း သေချာကြောင်း ဖြည့်စွက် ဖော်ပြထားသည်။ (Xinhua)

———————————————
(Chinese Version)

(中国共产党尊重和保障人权的伟大实践白皮书)国务院新闻办发表《中国共产党尊重和保障人权的伟大实践》白皮书

新华社北京6月24日电 国务院新闻办24日发表《中国共产党尊重和保障人权的伟大实践》白皮书。
白皮书说,2021年是中国共产党成立100周年。中国共产党的100年,创造了尊重和保障人权的伟大奇迹,谱写了人权文明的新篇章。
白皮书指出,100年来,中国共产党坚持人民至上,坚持将人权的普遍性原则与中国实际相结合,坚持生存权、发展权是首要的基本人权,坚持人民幸福生活是最大的人权,坚持促进人的全面发展,不断增强人民群众的获得感、幸福感、安全感,成功走出了一条中国特色社会主义人权发展道路。

白皮书说,100年来,中国共产党心怀天下,坚持走和平发展道路,坚持促进共同发展。中国坚定维护世界和平,坚持以合作促发展,以发展促人权,积极参与国际人权事务,为全球人权治理贡献中国智慧、提供中国方案,推动世界人权事业发展,与世界各国一道,共同构建人类命运共同体。

白皮书指出,当前,中国共产党正带领全国人民为实现第二个百年奋斗目标和中华民族伟大复兴的中国梦而努力。到新中国成立100年时,中国将建成富强民主文明和谐美丽的社会主义现代化强国。到那时,中国人民的各项权利必将得到更高水平的保障,中国人民将更加享有尊严、自由和幸福。到那时,世界将因中国而更加繁荣发展,中国必将为推动世界人权事业发展作出更大贡献。(完)

Photo
4月6日,国务院新闻办公室发布《人类减贫的中国实践》白皮书,并举行新闻发布会,介绍白皮书有关情况。
新华社记者 金良快 摄