Connect with us

CHINA

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် အောက်တိုဘာလမှစပြီး nucleic acid ဆေးစစ်မှု အကြိမ်ရေ စုစုပေါင်း ၃.၆၉ သန်းရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြို့နေပြည်သူများအား nucleic acid ဆေးစစ်မှုများ ပြုလုပ်ပေးနေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟို၊ ပြည်နယ်၊ ပြည်နယ်ခွဲ၏ ထောက်ခံအားပေးမှုဖြင့် ရွှေလီမြို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ နေ့စဉ်နှင့်အမျှ ပို၍ ပြည့်စုံလာရာ လူနာ လက်ခံကူသမှုနှင့် nucleic acid ဆေးစစ်နိုင်စွမ်း တည်ငြိမ်စွာ မြှင့်တင်နိုင်ခဲ့ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့အစိုးရက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် အောက်တိုဘာလ ရွှေလီမြို့တွင် ကပ်ရောဂါအသစ်တစ်ကြိမ် ပြန်လည်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ nucleic acid ဆေးစစ်မှု စုစုပေါင်း အကြိမ်ရေ ၃.၆၉၂၅ သန်း ဆောင်ရွက်ခဲ့ရာ ကပ်ရောဂါအခြေအနေအချိန်မီ သိရှိရေး၊ ကူးစက်မှုအရင်းအမြစ် အချိန်မီထိန်းချုပ်နိုင်ရေးတို့အတွက် အခြေခံ အုတ်မြစ်ချနိုင်ခဲ့သည်။

ယခုနှစ် အောက်တိုဘာ ၁ ရက်မှစပြီး ရွှေလီမြို့၌ ပြည်ပကူးစက်မှုမှ ပြည်တွင်းကူးစက်မှုသစ် ဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၁၃ ရက်အထိ ရွှေလီမြို့တွင် ယခုတစ်ကြိမ်ကပ်ရောဂါအတွင်း ကိုဗစ် nucleic acid ဆေးစစ်မှု positiveဖြစ်သူ ၄၉ ဦး (အတည်ပြုလူနာနှင့်လက္ခဏာမပြရောဂါကူးစက်သူ)ရှိ ကြောင်းသိရသည်။

“လက်ရှိပြောရရင် ကပ်ရောဂါအခြေအနေ အချိန်မီ သိရှိမယ့် အထိရောက်ဆုံးနည်းလမ်းကတော့ nucleic acid ဆေးစစ်ခြင်းပဲ ဖြစ်ပါတယ်”ဟု ယူနန်ပြည်နယ် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ ညွှန်ကြားရေးမှူး ဆုန့်ကျစ်ကျုံးက ပြောကြားခဲ့သည်။ အကယ်၍အချိန်မီ စစ်ဆေးနိုင်မှုမရှိလျှင် ကူးစက်မှုအား အချိန်မီ တွေ့ရှိနိုင်မည်မဟုတ်ခြင်းကြောင့် ပမာဏာအများအပြားရပ်ကျေးကူးစက်မှုဖြစ်ပွားနိုင်ကြောင်း ဆိုသည်။

ရောဂါကူးစက်မှုအား စောလျဉ်းစွာတွေ့ရှိနိုင်ရေးအတွက် ရွှေလီမြို့တွင် သိပ္ပံနည်းကျ nucleic acid ဆေးစစ်သည့်နည်းလမ်းများကို သတ်မှတ်ခဲ့ရာ နယ်စပ်ကျေးရွာရှိ အဓိကလူအုပ်စုများ၊ ကွာရန်တင်းစင်တာစသည့်တို့တွင် အလုပ်လုပ်ကိုင်နေသူများအား ၃ ရက် ၁ ကြိမ် စစ်ဆေးခြင်း၊ ဈေး၊စူပါမာကက်နှင့်ကုန်စုံဆိုင်စသည့် လုပ်ငန်းများ၌ အလုပ်လုပ်ကိုင်နေသူများအား ၇ ရက် ၁ ကြိမ် စစ်ဆေးခြင်း၊ နိုင်ငံခြားသားနှင့် အဓိကနေရာများတွင် ၁၄ ရက် ၁ ကြိမ် စစ်ဆေးခြင်း ၊ တစ်မြို့လုံးအားပုံမှန် ၁ လ ၁ ကြိမ် စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

လက်ရှိတွင် ရွှေလီမြို့၌ နေထိုင်သူဦးရေ ၂၈၀,၀၀၀ ခန့် ရှိရာ လူတိုင်း nucleic acid ဆေးစစ်မှု တစ်ရက်အတွင်း ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သိရသည်။ ရွှေလီမြို့ ကျန်းမာရေးဦးစီးဌာန ဒုတိယ အကြီးအကဲ လျိုကျန်းက အောက်တိုဘာ ၁ ရက် ပြည်တွင်းကူးစက်မှုအသစ်တစ်ကြိမ် ဖြစ်ပွားသည့်အချိန်မှစ၍ ရွှေလီမြို့တွင် nucleic acid ဆေးစစ်မှု စုစုပေါင်း အကြိမ်ရေ ၃.၆၉၂၅ သန်း ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

တက်ဟုန်းပြည်နယ်ခွဲ ကော်မတီ အတွင်းရေးမှူး ကျန်းဆန်းက တက်ဟုန်း၏ယခုအကြိမ်ကပ်ရောဂါပြန့်ပွားမှု ကွင်းဆက်က များသော်လည်း ကွင်းဆက်တိုကြောင်း၊ ကူးစက်မှုကွင်းဆက်တစ်ခုကို ၂ ဆင့်မှ ၄ ဆင့်အထိ ရှိပြီး ပျမ်းမျှအားဖြင့် ကူးစက်မှုကွင်းဆက်တစ်ခုကို ၃.၈ ရက်ကြာလျှင် ထိရောက်စွာ ဖြတ်တောက်နိုင်ခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်အထိ တက်ဟုန်းပြည်နယ်ခွဲတစ်ခုလုံးတွင် ကူးစက်သူ ၈၉ ဦးရှိရာ ဆေးရုံ၌ ဆေးကုသမှုခံယူနေပြီး ရောဂါပြင်းထန်လူနာမရှိကြောင်းနှင့် ဆေးရုံတင်ကုသည့် လူနာ၏ပြန်လည်ကောင်းမွန်သည့် အခြေအနေရှိကြောင်း ဆိုသည်။ (Xinhua)

………………………………………………
(Chinese Version)

(聚焦疫情防控)云南瑞丽10月以来核酸检测达369万人次
2021-11-15 12:43:13
新华社昆明11月15日电(记者林碧锋、庞明广)云南省瑞丽市政府14日发布消息,在中央、省、州大力支持下,瑞丽市抗疫医疗设施日益完善,患者救治和核酸检测能力稳步提升。今年10月瑞丽市新一轮疫情发生以来,已累计开展核酸检测369.25万人次,为及早发现疫情、及早控制传染源奠定了基础。
今年10月1日以来,瑞丽市发生境外多点输入引发的新一轮本土疫情。截至11月13日,瑞丽市本轮疫情共报告新冠病毒核酸阳性49例(含确诊病例和无症状感染者)。
“目前来说,及时发现疫情的最有效手段就是核酸检测。”云南省疾控中心主任宋志忠介绍,如果不及时开展检测,就不能及早发现疫情,就可能发生规模性社区传播。
为落实“早发现”要求,瑞丽市科学制定核酸检测方案,对抵边村寨重点人群、隔离点等工作人员三天一检,商超、农贸市场等从业人员七天一检,外籍人员及重点区域十四天一检,全市常态化一月一检。
目前,瑞丽市实际居住人口约28万人,已具备一天完成一轮全员核酸检测的能力。瑞丽市卫生健康局副局长刘江介绍,自10月1日新一轮本土疫情发生以来,瑞丽市已累计开展核酸检测369.25万人次。
德宏州委书记姜山介绍,德宏州本轮疫情传播链多,但传播链短,每条链传播仅为2至4代,平均每条链3.8天就得到有效阻断。截至12日,全州尚有89例感染者在院治疗,无重症患者,住院治疗患者恢复良好。(完)

图说1:7月7日,防疫人员为瑞丽居民进行核酸检测。新华社记者 王冠森 摄