Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပင်းချွမ်းခရိုင်တွင် လုပ်ငန်းကဏ္ဍ ၃ ရပ် ဖွံ့ဖြိုးတိုးတက်ရေးအား တစ်ပြိုင်တည်း အလေးထားဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပင်းချွမ်းခရိုင် ကျီးကျူဆန်းတောင်၏ ဆီးနှင်းအလှမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပင်းချွမ်း၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ(ပိုင်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပင်းချွမ်းခရိုင်သည် “ကမ္ဘာ့ ပထမတန်းစား သစ်သီးဝလံတို့၏ ဌာနေ”၊ “ယဉ်ကျေးမှုခရီးသွားကဏ္ဍ၏ ရည်မှန်းရာအရပ်” ဟူသော ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ဖြင့် စက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ ယဉ်ကျေးမှုခရီးသွား လုပ်ငန်းကဏ္ဍ ၃ ရပ်ကို အတိအကျရည်မှန်းချက်ထား၍ တစ်ပြိုင်တည်း အလေးထားဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပင်းချွမ်းခရိုင် ဆင်ခြေဖုံးရှိ မုန်ညင်းပန်းပင်လယ်အလှမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပင်းချွမ်းခရိုင် တာ့ယဉ်မြို့နယ် ဖိုင်ယဉ်ရှီးကျေးရွာရှိ Photovoltaics နေရောင်ခြည်စွမ်းအင်ထုတ် စီမံကိန်းမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပင်းချွမ်းခရိုင်ရှိ ဝူးလုံပေ့ လေအားလျှပ်စစ် စီမံကိန်းမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပင်းချွမ်းခရိုင် ပင်းကျွီးမြို့နယ် စီမာဖိန်ကျေးရွာတွင် လိမ္မော်သီးခူးနေကြသည့် တောင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အားနည်းချက်ရှိသည့်အပေါ် ပင်းချွမ်းခရိုင်က လယ်ယာထွက်ကုန်ပစ္စည်းအချောထည်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းသစ်များ၊ Photovoltaics စွမ်းအင်သစ် စသည့် လုပ်ငန်းသုံးခုကို အဓိကဖွံ့ဖြိုးတိုးတက်ရေး စက်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး အဓိကအားဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်အစားသောက်များနှင့် လတ်ဆတ်သည့် သစ်သီးများအား အမျိုးအစားခွဲခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ အအေးခန်းသယ်ယူပို့ဆောင်ခြင်း စသည့် လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ခရိုင်တစ်ခုလုံး၏ ကုန်းပြင်မြင့်ဒေသထွက်စားသောက်ကုန်ထုတ်လုပ်မှု၊ အအေးခန်းသယ်ယူပို့ဆောင်ခြင်း လုပ်ငန်း၏ ထုတ်လုပ်မှုတန်ဖိုး ယွမ် ၈ ဘီလီယံရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍတွင် ပင်းချွမ်းခရိုင်သည် “Shine-Muscat ၊ Crimson အစေ့လွတ်စသည့် အမှည့်စောသော စပျစ်သီး၊ အရည်အသွေးမြင့် အထူးစပျစ်သီး ၁၈,၀၀၀ မို(mu)၊ Fertile orange ၊ မိုးမခရွက်လိမ္မော်သီး စသည့် အမှည့်နှောင်း လိမ္မော်သီး ၁၂,၀၀၀ မို(mu)နှင့်အခြားအမျိုးအစား ၁၀,၀၀၀ မို၊ စုစုပေါင်း ဧရိယာ မို(mu) ၄ သိန်းစိုက်ပျိုးခြင်း”လုပ်ငန်း ဖြန့်ကျက်မှုအစီအမံဖြင့် ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း ယွမ် ဘီလီယံ ၂၀ ရရှိစေရန် ကြိုပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ယဉ်ကျေးမှုခရီးသွားကဏ္ဍတွင် ပင်းချွမ်းခရိုင်က ကျီးကျုဆန်းတောင် သမိုင်းယဉ်ကျေးမှု ထူးခြားချက်ကို အများသိအောင် ဆောင်ရွက်နေပြီး နေထိုင်ရန်၊ လုပ်ငန်းလုပ်ဆောင်ရန်နှင့်ခရီးသွားအပန်းဖြေရန် သင့်လျော်သည့် တောင်ပေါ် ယဉ်ကျေးမှုခရီးသွား ရည်မှန်းရာနေရာအဖြစ် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ 5A အဆင့် ခရီးသွားရှုမျှော်ခင်းဧရိယာတည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
飞阅中国|云南省宾川县:奏响产业发展“三部曲”
2021/12/0308:52:29 来源:新华网

近年来,云南省大理白族自治州宾川县瞄准“世界一流水果之乡”“文化旅游目的地”2个发展定位,找准工业、农业、文旅3大产业目标,奏响产业发展“三部曲”。
面对发展短板是工业这一现实,宾川县提出将农副产品加工、新型建材、光伏新能源三大工业产业集群确定为工业发展重点,重点发展果蔬食品和鲜果分拣、包装、仓储、冷链物流等产业,力争到2025年,全县高原特色食品加工冷链物流业产值达80亿元。宾川县制定实施“阳光玫瑰、克瑞森等早熟、特优葡萄18万亩,沃柑、柳叶桔等晚熟柑桔12万亩,其他种类10万亩,总种植面积达40万亩”的产业布局思路,力争实现农业总产值200亿元。针对文旅产业,宾川县重点宣传鸡足山历史文化特色,做好“一山”文章,围绕“宜居、宜业、宜游”全力建设文化旅游目的地,加快5A级景区创建。(完)(杨朗琼 吴松江)

图说1:宾川县鸡足山雪景(资料图)。新华网发(宾川县委宣传部供图)
图说2:宾川县城郊区的油菜花海(资料图)。新华网发(宾川县委宣传部供图)
图说3:宾川县大营镇排营西村太阳能光伏发电项目(资料图)。新华网发(宾川县委宣传部供图)
图说4:宾川县乌龙坝风力发电项目(资料图)。新华网发(宾川县委宣传部供图)
图说5:宾川县宾居镇石马坪村村民正在采收柑橘(资料图)。新华网发(宾川县委宣传部供图)