Connect with us

China

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဟော့အယ်ကောစစ်ဂိတ်မှ ယခုနှစ်အတွင်း ပြည်ဝင်/ထွက်သည့် တရုတ်-ဥရောပ ရထားအစီးရေ ၅,၀၀၀ကျော် ရှိပြီဖြစ်

ပြည်ပသို့ ထွက်ခွာမည့် တရုတ်-ဥရောပရထားအား အကောက်ခွန်အရာရှိများက စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-ဟော့အယ်ကောစစ်အကောက်ခွန်ဌာန)

ဝူးလူမုချီ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံနယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဟော့အယ်ကောစစ်ဂိတ်တွင် လက်ရှိအချိန်အထိ ယခုနှစ်အတွင်း ပြည်ဝင်/ထွက်သည့် တရုတ်-ဥရောပရထားအစီးရေ ၅,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဟော့အယ်ကောစစ်အကောက်ခွန်ရုံးမှ သိရသည်။

တရုတ်-ဥရောပ ရထား၏ သယ်ယူပို့ဆောင်နိုင်မှုပမာဏ ကြီးမားခြင်း၊ ကုန်ကျစရိတ်နည်းခြင်း၊ သွားလာနိုင်သည့်နိုင်ငံနှင့်ဒေသများပြားခြင်း၊ ပို့ဆောင်ရေးတည်ငြိမ်မှုအားကောင်းခြင်း ပြည်တွင်း၊ ပြည်ပလုပ်ငန်းများတွင် ပိုမို ရေပန်းစားလာခဲ့ပြီး ယခုနှစ်မှစ၍ ဟော့အယ်ကောစစ်ဂိတ်တွင် ဝင်၊ထွက်သွားလာသည့် ရထားအစီးရေသည် ပြီးခဲ့သည့်နှစ် စုစုပေါင်းပမာဏကို ကျော်လွန်ခဲ့သလို အပြန်ရထား၏အချိုးအစားကလည်း တည်ငြိမ်စွာ တိုးတက်လျက်ရှိရာ အခြေခံအားဖြင့် နေ့စဉ် “အသွားခရီးစဉ် ၁၂ ခု၊ အပြန်ခရီးစဉ် ၇ ခု” မပြတ်မောင်းနှင်သွားလာလျက် ရှိသည်။

တရုတ်-ဥရောပ ရထားပြေးဆွဲမှု တည်ငြိမ်ပြီး ပိုမိုထိရောက်စွာ လည်ပတ်နိုင်ရေးအတွက် ဟော့အော်ကောစစ်အကောက်ခွန်၊ ရထားလမ်းစသည့် သက်ဆိုင်ရာဌာနများက ဝန်ဆောင်မှုကို တိုးချဲ့ဆောင်ရွက်လျက်ရှိသလို အကောက်ခွန်ရှင်းတန်းလုပ်ငန်းစဉ်များ လွယ်ကူစေရန်၊ အချိန်ကုန်သက်သာစေရန်၊ လုပ်ငန်းများ ထောက်ပို့ရေးထိရောက်မှု များစွာမြှင့်တင်နိုင်ရန်အတွက် နည်းလမ်းအသွယ်သွယ်ထုတ်ပြန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ နိုင်ငံတကာ ပင်လယ်ရေကြောင်းနှင့်လေကြောင်းသယ်ယူပို့ဆောင်ရေးများ အတားအဆီးဖြစ်ခဲ့သော်လည်း တရုတ်-ဥရောပရထား သယ်ယူပို့ဆောင်မှုပမာဏ မြင့်တက်လာခဲ့ရာ နိုင်ငံတကာစက်မှုလုပ်ငန်းကွင်းဆက်နှင့် ပံ့ပိုးမှုကွင်းဆက် တည်ငြိမ်မှုရှိအောင် အာမခံပေးသည့် အထောက်အပံ့ဖြစ်ခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(经济)霍尔果斯口岸今年进出境中欧班列突破5000列
2021-10-18 15:37:08
新华社乌鲁木齐10月18日电(记者孙少雄)记者从霍尔果斯海关获悉,截至目前,中国和哈萨克斯坦边境的新疆霍尔果斯口岸今年进出境中欧班列已突破5000列。
中欧班列因运量大、价格低、通达国家(地区)多、稳定性强等优势,受到越来越多国内外企业青睐,今年以来霍尔果斯口岸中欧班列通行数量已超去年总和,且返程班列比例也在稳步提升,基本实现每天“去程12班、回程7班”的高频开行。
为确保中欧班列稳定高效运行,霍尔果斯海关、铁路等相关部门加大服务力度,出台多项措施,进一步简化通关手续,压缩通关时间,大幅提升企业物流效率。
新冠肺炎疫情发生以来,国际海运、空运物流受阻,而中欧班列运量逆势增长,为保障国际产业链和供应链稳定提供了支撑。(完)