Connect with us

China

တရုတ်နိုင်ငံ ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေး လျင်မြန်စွာ တိုးတက်လျက်ရှိ၊ ၁၁ လကြာကာလ ကုန်သွယ်ရေးပမဏ ယွမ် ၂၆၀ ဘီလီယံကျော်ရှိ

တရုတ်နိုင်ငံ ရိဝူးအနောက်ဘူတာမှ ထွက်ခွာလာသည့် တရုတ်-ဥရောပကုန်ရထားကြီးအား နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူးလူမုချီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယခုနှစ် ပြီးခဲ့သည့် ၁၁ လကြာ ကာလတွင် တရုတ်နိုင်ငံ ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးပမာဏသည် ယွမ် ၂၆၁.၈၂ ဘီလီယံအထိရှိပြီး ကာလတူထက် ၃၀ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဝူးလူမုချီ အကောက်ခွန်ရုံးမှ သိရသည်။ ၎င်းတို့အနက် ပို့ကုန် ကုန်သွယ်မှုပမာဏသည် ယွမ် ၁၉၇.၉၁ ဘီလီယံဖြင့် ၂၇.၇ ရာခိုင်နှုန်း၊ သွင်းကုန် ကုန်သွယ်ရေးပမာဏ ယွမ် ၆၃.၉၁ ဘီလီယံဖြင့် ၃၇.၆ ရာခိုင်နှုန်း အသီးသီး တိုးတက်လာကြောင်း သိရသည်။

ကပ်ရောဂါသက်ရောက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကျုံ့ဝင်မှုရှိနေသော်လည်း ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ ကုန်သွယ်ရေးသည် လျင်မြန်စွာတိုးတက်လာသည့် အနေအထားရှိနေသည်။ ထိုသို့ တိုးတက်မှုရှိခြင်းသည် အဓိက အကြောင်းအရင်း သုံးခု ရှိကြောင်း၊ ၎င်းတို့မှာ တရုတ်-ဥရောပ ရထားပြေးဆွဲမှုက ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ ကုန်သွယ်ရေးတိုးတက်စေရန် အားဖြည့်ပေးခြင်း ၊ လျှပ်စစ်စက်ပစ္စည်းများက သွင်းကုန်ပို့ကုန် တိုးတက်ရေး၏ အဓိက အင်အားစု ဖြစ်ခြင်း၊ သန့်စင်စွမ်းအင်ဆိုင်ရာထုတ်ကုန်ပစ္စည်းပို့ကုန်များက စတင် လှမ်းချီလာခြင်း တို့ကြောင့် ဖြစ်ကြောင်း ဝူးလူမုချီ အကောက်အခွန်စာရင်းအင်းနှင့်စိစစ်ရေးဌာနခွဲ ဒုတိယ ဌာနခွဲမှူး စွန်းထောင်းက သုံးသပ်ပြောကြားခဲ့သည်။

ရှင်းကျန်းမီးရထားဌာန၏ စာရင်းအင်းများအရ ပြီးခဲ့သည့် ၁၁ လကြာ ကာလတွင် ရှင်းကျန်းဂိတ်မှ ပြည်ဝင်ပြည်ထွက်သွားလာသည့် တရုတ်-ဥရောပရထားအစီးရေ ၁၁,၁၅၆ စီး ရှိရာ ကာလတူထက် ၂၆.၈ ရာခိုင်နှုန်း တိုးတက်လာပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုပမာဏတန်ချိန် ၁.၀၇၃ သန်းဖြင့် ကာလတူထက် ၃၀.၂ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။ ထိုမှတစ်ဆင့် ရှင်းကျန်းဂိတ်မှ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်၊ ပြင်သစ်၊ ဟန်ဂေရီစသည့်နိုင်ငံများသို့ သွင်းကုန်ပို့ကုန် ကုန်သွယရေးပမာဏသည် အလိုအလျောက် သိသာထင်ရှားစွာ တိုးတက်ခဲ့သည်။

ပြီးခဲ့သည့် ၁၁ လကြာကာလတွင် ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ တင်ပို့သည့် လျှပ်စစ်စက်ပစ္စည်းပမာဏသည် ယွမ် ၁၅၈.၀၄ ဘီလီယံဖြင့် ၃၂.၉ ရာခိုင်နှုန်းတိုးတက်လာရာ ယင်းကာလ စုစုပေါင်း ပို့ကုန်ပမာဏ စုစုပေါင်း၏ ၇၉.၉ ရာခိုင်နှုန်းရှိခဲ့သလို ရှင်းကျန်းဂိတ်တွင် ဥရောပသမဂ္ဂမှ တင်သွင်းလာသည့် လျှပ်စစ်စက်ပစ္စည်းသည် ၂၉.၂ ရာခိုင်နှုန်း တိုးတက်လာပြီး ယင်းကာလ စုစုပေါင်း သွင်းကုန်ပမာဏ၏ ၆၅.၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

“မူလပုံစံ ပလက်စတစ်၊ လျှပ်စစ်ခရီးသည်တင်ကား၊ ပိုလီဆီလီကွန် ပို့ကုန်တွေက ဆတိုး တိုးတက်လာတယ် ”စွန်းထောင်းက ဆိုသည်။ ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ တင်ပို့သော လုပ်သားအင်အား အများအပြားဖြင့် တစ်စုတစ်စည်းတည် ထုတ်လုပ်ရသည့် ထုတ်ကုန်များတွင် ပလက်စတစ်ထုတ်ကုန်၊ ဖိနပ်၊ ပရိဘောဂစသည့် ထုတ်ကုန်ပစ္စည်းများသည် သိသာထင်ရှားစွာ တိုးတက်မှုရှိလာကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၁၁ လကြာကာလတွင် ရှင်းကျန်းဂိတ်မှ ဥရောပသမဂ္ဂသို့ တင်ပို့သော လေအားလျှပ်စစ်တာဘိုင်သည် ကာလတူထက် ၂၁၉.၂ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်ခဲ ၂၈.၁ ရာခိုင်နှုန်း၊ Lithium-ion ဘက်ထရီ ၃၁.၃ ရာခိုင်နှုန်း အသီးသီးတိုးတက်လာကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
新疆口岸对欧盟进出口贸易快速增长 前11月贸易额超2600亿元
2021-12-27 11:26:41
新华社乌鲁木齐12月27日电(记者孙少雄)记者从乌鲁木齐海关获悉,今年前11月,新疆口岸对欧盟进出口贸易额达2618.2亿元,同比增长30%。其中,出口贸易额1979.1亿元,同比增长27.7%;进口贸易额639.1亿元,同比增长37.6%。
受疫情影响,全球贸易萎缩,新疆口岸对欧盟贸易却呈现快速增长态势。乌鲁木齐海关统计分析处副处长孙涛分析,主要有三方面原因:中欧班列助推新疆口岸对欧盟贸易增长;机电产品成为拉动进出口增长的主要力量;清洁能源相关设备及产品出口开始起步。
据新疆铁路部门统计,前11月,经新疆口岸进出境中欧班列开行11156列,同比增长26.8%;货运量107.3万吨,同比增长30.2%,带动新疆口岸对德国、波兰、荷兰、法国、匈牙利等国进出口贸易额显著增长。
前11月,新疆口岸对欧盟出口机电产品1580.4亿元,同比增长32.9%,占同期新疆口岸对欧盟出口总额的79.9%;新疆口岸自欧盟进口机电产品增长29.2%,占同期新疆口岸自欧盟进口总额的65.5%。
“初级形状的塑料、电动载人汽车、多晶硅出口实现成倍增长。”孙涛说,在新疆口岸对欧盟出口劳动密集型产品中,塑料制品、鞋靴、家具等产品增长显著。
前11月,新疆口岸对欧盟出口的风力发电机组同比增长219.2%;太阳能电池同比增长28.1%;锂离子蓄电池同比增长31.3%。(完)
图说:11月23日,“侨商号”中欧(义新欧)班列从铁路义乌西站出发。新华社发(龚献明摄)