Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ၂၄ ကြိမ်မြောက် အာဆီယံ+ တရုတ်၊ဂျပန်၊တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် ၂၄ ကြိမ်မြောက် အာဆီယံ+ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်း ၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ခီရှိဒါ တို့က အစည်းအဝေးသို့ အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။အဆိုပါအစည်းအဝေးကို ဘရူနိုင်းနိုင်ငံ ဘုရင်ဟာဆန်နယ်ဘိုကီးယားက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗွီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က “10+3”နိုင်ငံများသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိသည့် ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကအခြေပြု၍ ဒေသစီးပွားရေး တစ်သားတည်းဖြစ်အောင် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်သလို ကပ်ရောဂါ၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ဘဏ္ဍာရေးစသည့် ကဏ္ဍများ စိန်ခေါ်မှုများကို အတူရင်ဆိုင်ကာ နိုင်ငံအသီးသီးဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် သမ္မတရှီက အရေးကြီး အဆိုပြုခဲ့ပါကြောင်း ၊ မိမိတို့အနေဖြင့် ရင့်ကျက်သည့် ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့် အကျပ်အတည်းကို ကိုင်တွယ်ရာတွင် များပြားသည့်အတွေ့အကြုံများကို ကောင်းမွန်စွာအသုံးချကာ အရှေ့တောင်အာရှဘက်စုံ ညီမျှစွာ ပြန်လည်ရှင်သန်လာရေးကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သလို ဒေသရေရှည် တည်ငြိမ်သာယာဝပျောမှုကို ထိန်းသိမ်းစောင့်ရှောက်ကာ ပို၍ တံခါးဖွင့်သော၊ အများလက်ခံပါဝင်နိုင်သော ရေရှည်ရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသည့် အရှေ့အာရှကို အတူတကွတည်ဆောက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံက အောက်ပါအကြံပြုချက်များကို ပြောကြားခဲ့သည်။

(၁) ပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “10+3”အရေးပေါ် ဆေးကုသရေးအထောက်အပံ့ပစ္စည်းများသိုလှောင်စင်တာ တည်ဆောက်မှုကို အရှိန်မြင့်တင်ဆောင်ရွက်ကာ ဒေသကပ်ရောဂါကိုင်တွယ်နိုင်စွမ်းအား တိုးမြှင့်ရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးတွင် ထုတ်ပြန်သည့် လူငယ်လူရွယ်နှင့်ကလေးသူငယ် စိတ်ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်အား ထောက်ခံအားပေးကြောင်း။

(၂) ဒေသစီးပွားရေး တစ်သားတည်းဖြစ်အောင် ထဲထဲဝင်ဝင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP)သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုမှတ်တိုင်ဖြစ်ရာ သက်ဝင်လည်ပတ်သည့်အဆင့်ကို ရောက်ရှိတော့မည်ဖြစ်ကာ သဘောတူညီချက်များ ဆောလျင်စွာ အသက်ဝင်ထိရောက်နိုင်စေရန် လျင်မြန်စွာ တွန်းအားပေးဆောင်ရွက်၍ ပိုမိုတစ်သားတည်းအသွင်သို့ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ထမ်းလေ့ကျင့်ရေး၊အတွေ့အကြုံဖလှယ်ရေးစသည့် စွမ်းရည်တည်ဆောက်မှုကဏ္ဍများကို ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း။

(၃) အရှေ့အာရှ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ ခရီးသွားစင်္ကြံကို “10+3”အထိ တိုးချဲ့ရန် ကြိုးပမ်းမှုကို ထောက်ခံအားပေးရာ လက်ရှိ “အမြန်လမ်းကြောင်း”နှင့်”အစိမ်းရောင်လမ်းကြောင်း”ကို ပိုမိုကောင်းမွန်စွာအသုံးချကာ ဒေသစီးပွားရေး အဆင်ပြေချောမွေ့စွာလည်ပတ်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၊ တရုတ်နိုင်ငံက “10+3”စက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း။

(၄) အရှေ့အာရှ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် “10+3”လူငယ်သိပ္ပံပညာရှင် ဖိုရမ်စသည့် လှုပ်ရှားမှုပွဲများအား ကျင်းပသွားပြီး ဒေသနိုင်ငံများ ဒီဂျစ်တယ်ကဏ္ဍကွာဟချက်ကို နီးကပ်အောင် ကူညီဆောင်ရွက်သွားလိုရာ ဘက်ပေါင်းစုံနှင့် ဆိုက်ဘာစီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှု၊ အွန်လိုင်းလုံခြုံရေးစသည့် ကဏ္ဍများ၏နှီးနှောဖလှယ်မျုများကို အားဖြည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ။

(၅) ငွေကြေးပူးပေါင်းဆောင်ရွက်မှု ရှင်သန်စွမ်းအားကို နှိုးဆွပေးရမည်ဖြစ်ကြောင်း၊ ချင်းမိုင်အဆိုပြုချက် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံသဘောတူညီမှု အထူးပြင်ဆင်ချက် သက်ဝင်လာမှုကို ကြိုဆိုကြောင်း၊ “10+3” မက်ခရိုစီးပွားရေး သုတေသနရုံး၏စွမ်းရည်ကို တိုးချဲ့မှုကို အားပေးထောက်ံကြောင်း။

(၆) အစိမ်းရောင်ရေရှည် တိုးတက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၊ စွမ်းအင်လုံခြုံရေးအာမခံမှုပေါ်တွင် အခြေခံ၍ စွမ်းအင်သုံးစွဲမှုနှင့်ကုန်ထုတ်လုပ်၊နေထိုင်မှုပုံစံကို အစိမ်းရောင်ကာဗွန်လျှော့ချခြင်းသို့ အသွင်ပြောင်း တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ “10+3” သန့်စင်စွမ်းအင် စားပွဲဝိုင်းဆွေးနွေးမှုများ ဆက်လက်ကျင်းပရမည်ဖြစ်ကာ “10+3” ဆန်စပါးအရေးပေါ်သိုလှောင်မှုယန္တရား၏ ပံ့ပိုးမှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားဖြည့်ဆောင်ရွက်ပြီး ဒေသစားနပ်ရိက္ခာဖူလုံးရေးကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း အကြုံပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံနှင့်အတူ ဒေသတည်ငြိမ်ရေးကို အတူတကွထိန်းသိမ်းကာကွယ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ ဒေသစီးပွားရေးပြန်လည်ရှင်သန်အောင် အတူတွန်းအားပေးကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးရေးထောက်တိုင်ကို အားကောင်းအောင် တည်ဆောက်သွားလိုကြောင်း လီခဲ့ချန်က ပြောကြားခဲ့သည်။

အစည်းအဝေးသို့တက်ရောက်ကြသော ခေါင်းဆောင်များက “10+3”ပူးပေါင်းဆောင်ရွက်မှုယန္တရားတည်ဆောက်ခဲ့သည်မှစပြီး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းမှု၊ အရှေ့အာရှဒေသဖွံ့ဖြိုးရေးအား တွန်အားပေး‌မှုတွင် အရေးကြီးသည့် အကျိုးဆောင်မှုများ ရှိကြောင်း ပြောကြားခဲ့သည်။ “10+3”၏ နှစ်ပေါင်းများစွာ နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်သည် ဒေသတွင်းနိုင်ငံများသို့ လျင်မြန်စွာ ကပ်ရောဂါကို အတူတိုက်ဖျက်ရာနှင့် ဒေသစီးပွားရေး ပြန်လည်ရှင်သန်အောင်၊ အားလုံးလက်ခံပါဝင်နိုင်မှုတိုးပွားလာအောင် လက်တွဲတိုးမြှင့်ရာတွင် အကျိုးဖြစ်ထွန်းခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

အနာဂတ်ကို မျှော်မှန်း၍ ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက် (RCEP)ဆောလျင်စွာ အသက်ဝင်နိုင်ရန် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့က အတူတွန်းအားပေးဆောင်ရွက်သင့်ကြောင်း၊ “10+3”အရေးပေါ်ဆေးကုသရေးအထောက်အပံ့ပစ္စည်းသိုလှောင်ရေးစင်တာကို အရှိန်မြှင့်တင်ဆောင်ရွက်ကြရန် ထောက်ခံအားပေးကြောင်း ၊ ပြည်သူ့ကျန်းမာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အပြန်အလှန်ချိတ်ဆက်မှု၊ ဘဏ္ဍရေးပေါင်းစည်းမှု၊ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ဖြေရှင်းရေး စသည့် ကဏ္ဍများ၏ပူးပေါင်းဆောင်ရွက်မှုကို ထပ်ဆင့်အားဖြည့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ဒေသ စက်မှုလုပ်ငန်းပံ့ပိုးမှုကွင်းဆက် တည်ငြိမ်အောင် ထိန်းသိမ်းရမည်ဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်သည့် ခေါင်းဆောင်များက ပြောကြားခဲ့သည်။ လာမည့်နှစ် “10+3”ပူးပေါင်းဆောင်ရွက်မှု ၂၅ နှစ်ပြည့် အခွင့်အလမ်းတွင် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်အား ပို၍ တိုးတက်ဖွံ့ဖြိုးလာအောင် တွန်းအားပေးဆောင်ရွက်ကာ အရှေ့အာရှအေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး၊ တောင်အာရှနှင့်ကမ္ဘာအတူ ဖွံ့ဖြိုးစည်းပင်သာယာဝပျောရေးကို မြှင့်တင်ရန်၊ ရေရည်ခိုင်မာသောအနာဂတ်အတွက် အပြုသဘောအကျိုးဆောင်မှုများကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

အစည်းအဝေးတွင် “10+3 လူငယ်လူရွယ်နှင့်ကလေးသူငယ် စိတ်ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ၏ကြေညာချက် ”အား အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

#China, #ASEAN, #10+3, #LiKeqiang, ,#Summit, #xinhua, #xinhuamyanmar, #တရုတ်, #အာဆီယံ, #အစည်းအဝေး, #လီခဲ့ချန်, #ဆင်ဟွာ

————————————————
(Chinese Version)
图说1:10月27日,国务院总理李克强在北京人民大会堂出席第24次东盟与中日韩领导人会议。会议以视频形式举行。 新华社记者 张领 摄

李克强出席第24次东盟与中日韩领导人会议
2021-10-27 23:17:11
新华社北京10月27日电(记者潘洁)国务院总理李克强10月27日下午在人民大会堂出席第24次东盟与中日韩领导人会议。东盟国家领导人以及韩国总统文在寅、日本首相岸田文雄共同出席。文莱苏丹哈桑纳尔主持会议。会议以视频形式举行。
李克强在发言中表示,10+3国家山水相连,命运与共。我们坚持合作主基调,持续推进区域经济一体化,共同应对疫情、能源、粮食、金融等多方面挑战,有力促进各国发展。习近平主席提出打造周边命运共同体的重要倡议。我们要用好开展合作的成熟机制和应对危机的丰富经验,促进东亚全面均衡复苏,维护地区长期繁荣稳定,共同打造更加开放、包容和可持续发展的东亚。中方提出以下建议:
一是完善公共卫生治理。加快10+3应急医疗物资储备中心建设,提升地区疫情应对能力。支持会议发表关于青少年和儿童精神健康合作的声明。
二是深化区域经济一体化。区域全面经济伙伴关系协定(RCEP)是东亚合作的标志性成果,即将达到生效门槛,要加紧推动协定尽早生效,打造更高水平的一体化。中方愿开展人员培训、经验交流等能力建设项目。
三是加强东亚产业合作。中方支持将东盟旅行走廊扩展到10+3范围的努力,更好发挥现有“快捷通道”和“绿色通道”作用,畅通地区经济循环。中方将举办10+3产业链供应链合作论坛。
四是推动东亚数字经济发展。中方愿举办10+3青年科学家论坛等活动,帮助地区国家缩小数字鸿沟,与各方就网络空间治理、数字治理、网络安全等议题加强交流。
五是激发财金合作活力。欢迎清迈倡议多边化协定特别修订文件生效,支持拓展10+3宏观经济研究办公室功能。
六是促进绿色可持续增长。在保证能源安全的基础上推动能源消费和生产生活方式向绿色低碳转变。继续举办10+3清洁能源圆桌对话,加大对10+3大米紧急储备机制支持与投入,维护地区粮食安全。
李克强指出,中方愿同各方一道,共同维护地区稳定,促进世界和平;共同推动地区经济复苏,打造世界经济的强大增长极。
与会领导人表示,10+3合作机制成立以来,为应对危机、推动东亚地区发展发挥了重要作用。得益于10+3多年紧密合作,地区国家快速行动共同抗击疫情,携手促进地区经济复苏和包容性增长。展望未来,东盟和中日韩应推动区域全面经济伙伴关系协定早日生效,支持加快10+3应急医疗物资储备中心建设,进一步加强公共卫生、数字经济、互联互通、财金金融、应对气候变化等领域合作,保持地区产业链供应链稳定。以明年10+3合作启动25周年为契机,推动东盟和中日韩合作实现更大发展,为构建东亚共同体、促进东亚和世界共同增长和繁荣、建设可持续的未来作出积极贡献。
会议通过了《10+3领导人关于青少年和儿童精神健康合作的声明》。
肖捷出席会议。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.