Connect with us

CHINA

တရုတ်နိုင်ငံ ဝူဟန့်တွင် (၂၄)နာရီအတွင်း Nucleic acid ဓါတ်ခွဲနမူနာ (၂.၅၂၈)သန်း ရယူပြီးဖြစ်

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် Nucleic acid စစ်ဆေးမှုခံယူနေသည့် ကလေးငယ်များအား ဩဂုတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်တွင် ဩဂုတ် ၄ ရက်က အဓိကလူအုပ်စုရှိရာ နေရာနှင့် အဓိကဒေသများ၏ Nucleic acidစစ်ဆေးမှုများ ပြီးဆုံးခဲ့ရာ ဩဂုတ် ၆ ရက်မတိုင်မီ တစ်မြို့လုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း ဝူဟန့်မြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲ ဩဂုတ် ၄ ရက် တွင် ပြောကြားခဲ့သည်။ ဩဂုတ် ၄ ရက် ၁၂ နာရီအထိ ဝူဟန့်တွင် Nucleic acid ဓါတ်ခွဲနမူနာ (၂.၅၂၈)သန်း ရယူပြီးဖြစ်ကြောင်း သိရသည်။ဓါတ်ခွဲနမူနာယူဆောင်သည့်နေရာတစ်ခုတွင် လူပေါင်း (၂,၀၀၀)မှ(၂,၅၀၀)ထိ စစ်ဆေးပေးရန် သတ်မှတ်ထားရာ လက်ရှိ ဝူဟန့်မြို့၌ ဓါတ်ခွဲနမူနာရယူသည့်နေရာ (၂,၈၂၀)ခု ရှိကြောင်း ဝူဟန့်မြို့ ကျန်းမာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဖုန်ဟိုဖုန်းက ဆိုသည်။ ဓါတ်ခွဲနမူနာယူသည့်နေရာတွင် ဝန်ထမ်း(၄)ဦး ထက်မနည်း ထားရှိကြောင်း၊ တစ်ချိန်တည်း တွင်ပင် မြေပြင်တွင် ပူးပေါင်းစီမံဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အချက်အလက်မှတ်တမ်းတင်ခြင်း စသည့် အလုပ်များ လုပ်ဆောင်ရန် သတ်မှတ်ဦးရေ၏ ရပ်ကွက်အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပါတီဝင်၊ ရဲတပ်ဖွဲ့ဝင်၊ ရပ်ကွက်စေတနာ့ဝန်ထမ်းများ ထားရှိကြောင်း ဆိုသည်။ လက်ရှိ မြေပြင်တွင် ဓါတ်ခွဲနမူနာယူနေရန် ဆေးဝန်ထမ်း၊ အလုပ်သမားဝန်ထမ်း(၁၈,၀၀၀) ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် Nucleic acid စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဩဂုတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် Nucleic acid စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဩဂုတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Nucleic acid ဓါတ်ခွဲနမူနာနည်းပညာသတ်မှတ်ချက်များအရ ဝူဟန့်မြို့၏ အန္တရာယ်အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်ဒေသများတွင် (၁၀ : ၁) ဆယ်ချိုးတစ်ချိုးပုံစံဖြင့် ဓါတ်ခွဲနမူနာယူလုပ်ဆောင်နေကြောင်း ၊ ကူးစက်မှုအန္တရာယ်မြင့်မားနေရာများနှင့် အဓိက လူအုပ်စုများ သီးသန့်ဓါတ်ခွဲနမူနာရယူခြင်းများဆောင်ရွက်လျက်ရှိရာ စစ်ဆေးမှုအရည်အသွေးအာမခံထားနိုင်သည့် အခြေအနေတွင် စစ်ဆေးနှုန်းကို ထိရောက်စွာ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ဖုန်ဟိုဖုန်းက ဆိုသည်။

ဩဂုတ် ၂ ရက်မှ ၃ ရက်အထိ ဝူဟန့်မြို့တွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုအတည်ပြုလူနာ (၁၂)ဦး၊ ပြည်တွင်းကူးစက်မှု လက္ခဏာမပြလူနာ (၈)ဦး ရှိရာ အားလုံးမှာ ကျန်းစူး ၊ဟွိုင်အန်းမှ အတည်ပြုလူနာများနှင့်ဆက်စပ်ကြောင်း သိရသည်။ (Xinhua)

——————————————————–
(Chinese Version)

武汉:24小时内已完成核酸采样252.8万余人

新华社武汉8月4日电(记者熊琦)记者从4日晚举行的武汉市新冠疫情防控工作新闻发布会上获悉,武汉将于8月4日内完成对重点人群所在地和重点区域的核酸检测,8月6日前完成全市全员核酸检测。截至4日12时,武汉市已完成核酸采样252.8万余人。

武汉市卫生健康委员会副主任彭厚鹏介绍,按照每2000-2500受检人设置1个采样点的标准,目前武汉市共设置了采样点2820个。
每个采样点配备不少于4名采样人员。同时,配备一定数量的社区干部、下沉党员、公安民警、社区志愿者等工作人员,配合做好现场组织、扫码测温、信息登记等工作。目前,已有1.8万余名医务人员、工作人员参与现场采样工作。

彭厚鹏说,按照核酸采样检测相关技术规范,武汉市在中、低风险区域采用不超过10:1混采方式进行采样检测,高风险区域及重点人群采取单采方式进行,在确保检测质量的前提下提升检测效率。

8月2日至8月3日,武汉市累计报告新冠肺炎本土确诊病例12例,本土无症状感染者8例,均为江苏淮安确诊病例的关联病例。
图说1:8月3日,小朋友在武汉市东西湖区联通佳苑小区检测点进行核酸检测。新华社记者 肖艺九 摄
图说2:8月3日,市民在武汉市青山区光明社区检测点进行核酸检测。新华社发(伍志尊 摄)
图说3:8月3日,市民在武汉市东湖风景区华侨城社区检测点进行核酸检测。新华社记者 熊琦 摄