Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အာကာသစခန်းမှ ဖွင့်လှစ်သော “Tiangong Classroom” ၏ ပထမဆုံးသော အာကာသ သင်ကြားပို့ချမှုကို မကြာမီကာလအတွင်း ပြုလုပ်မည်ဖြစ်

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်အာကာသစခန်း၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရန် အာကာသစခန်းမှ တရုတ်နိုင်ငံ၏ ပထမဆုံးသော အာကာသ သိပ္ပံပညာပေးအမှတ်တံဆိပ် “Tiangong Classroom” ကို မကြာမီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အာကာသစခန်း၏ ပထမဆုံး အာကာသဆိုင်ရာသင်ကြားပို့ချရေးကို မကြာမီကာလတွင် ကမ္ဘာသို့ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ(CMSA)ထံမှ သိရသည်။အာကာသစခန်းသည် အမျိုးသားအာကာသဓာတ်ခွဲခန်းတစ်ခုဖြစ်သလို အရေးပါသော အာကာသသိပ္ပံပညာပေးစခန်း တစ်ခုလည်းဖြစ်ကြောင်း၊ ၎င်းတွင် ထူးခြားပြီး ကြွယ်ဝသော ပညာရေး အရင်းအမြစ်များ ပါရှိကြောင်း၊ ၎င်းသည်ပြည်သူလူထုများအကြား(အထူးသဖြင့်လူငယ်အုပ်စုများကြားတွင်) အာကာသသိပ္ပံပညာအပေါ် စိတ်အားထက်သန်မှု မြှင့်တင်ရန်နှင့် အာကာသလုပ်ငန်းကို နှစ်သက်စိတ်ပါဝင်စားစေရန် ထူးခြားသော အားသာချက်ရှိကြောင်း သိရသည်။

အာကာသယာဉ်မှူးအဖွဲ့က “Tianhe”အာကာသစခန်း ပင်မခန်းမှနေ၍ တရုတ်တစ်နိုင်ငံလုံးအား အလေးပြုနေသည်ကို ဇွန် ၁၇ ရက်၌ ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ ရိုက်ကူးထားသည့်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

အာကာသယာဉ်မှူးအဖွဲ့ “Tianhe”အာကာသစခန်း ပင်မခန်းသို့ ဝင်ရောက်သွားသည်ကို ဇွန် ၁၇ ရက်က ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာမှ တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်တွင် အာကာသယာဉ်မှူး Wang Yaping သည် Nie Haisheng နှင့် Zhang Xiaoguang တို့၏ အကူအညီဖြင့် ပထမဆုံး အာကာသ သင်ကြားပို့ချမှုကို ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသား သန်းပေါင်း ၆၀ ကျော်သည် အာကာသပညာဆိုင်ရာ သင်ယူပို့ချခြင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ပြီး ကြီးမားသော ရလဒ်ကောင်းများ ရရှိခဲ့ကြောင်းနှင့် မျိုးဆက်သစ်များ၏နှလုံးသားထဲတွင် အာကာသလုပ်ငန်းအပေါ် ရည်မှန်းချက် မျိုးစေ့များ ကြဲချခဲ့ကြောင်း၊ Shenzhou 13 အာကာသယာဉ်မှူး များသည် အာကာသစခန်းအစုထဲသို့ ဝင်ရောက်ပြီးနောက် အများပြည်သူကြား အထူးသဖြင့် လူငယ်များသည် တရုတ်အာကာသယာဉ်မှူးများထံမှ အာကာသပညာ ထပ်မံသင်ကြားရန် မျှော်လင့်ချက်များ ပြည့်နှက်လျက်ရှိကြောင်း သိရသည်။

“Tiangong Classroom” သည် လူလိုက်ပါအာကာသလွှတ်တင်မှုမစ်ရှင်၊ တရုတ်အာကာသစခန်းတည်ဆောက်မှု၊ ဂြိုလ်တုများ ပတ်လမ်းအတွင်း လည်ပတ်မှုတို့ကို ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ဤသင်ကြားမှုတွင် အာကာသယာဉ်မှူးများက “အာကာသဆိုင်ရာသင်ကြားရေးဆရာ” အဖြစ်တာဝန်ယူကာ လူငယ်များကို အဓိက ပစ်မှတ်ထားသော ကောင်းကင်နှင့်မြေပြင်အကြား အပြန်အလှန် ချိတ်ဆက်သင်ကြားခြင်းပုံစံဖြင့် “Tiangong Classroom” ကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(航天)中国空间站“天宫课堂”首次太空授课活动将于近期进行
新华社北京12月2日电(李国利、邓孟)中国载人航天工程办公室2日透露,为发挥中国空间站的综合效益,中国首个太空科普教育品牌“天宫课堂”即将正式推出,中国空间站首次太空授课活动将于近日面向全球进行直播。
空间站作为国家太空实验室,也是重要的太空科普教育基地,蕴含着得天独厚的丰富教育资源,对激发社会大众特别是青少年弘扬科学精神、热爱航天事业具有特殊优势。2013年6月20日,航天员王亚平在聂海胜、张晓光协助下进行首次太空授课,全国6000余万名中小学生观看授课直播,产生巨大社会反响,在一代人心中播下追逐航天梦想的种子。神舟十三号航天员乘组进驻空间站组合体后,社会公众特别是青少年对中国航天员再次进行太空授课充满了期待。
“天宫课堂”将结合载人飞行任务,贯穿中国空间站建造和在轨运营系列化推出,授课将由中国航天员担任“太空教师”,以青少年为主要对象,采取天地协同互动方式开展。(完)