Connect with us

CHINA

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က အသက် ၃ နှစ်မှ ၁၁ နှစ်ကြား လူအုပ်စုအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုဆိုင်ရာ သတိပေးချက်များထုတ်ပြန်

ပေကျင်း၊နိုဝင်ဘာ ၁၇ (ဆင်ဟွာ)

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် အသက် ၃ နှစ်မှ ၁၁ နှစ် ကြားလူအုပ်စု အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ သတိပေးချက်များ

၁။တရုတ်နိုင်ငံတွင် အသက် ၃ နှစ်မှ ၁၇ နှစ်ကြား လူအုပ်စုများ အတွက် Sinopharm Beijing ၊ Sinopharm Wuhan နှင့် Kexing Zhongwei ကိုဗစ်ကာကွယ်ဆေး ပါဝင်သော Inactivated vaccines နည်းပညာလမ်းကြောင်းများကိုအရေးပေါ် အသုံးပြုနိုင်ကြောင်း အတည်ပြုထားသည်။

၂။ အသက် ၃ နှစ်မှ ၁၁ နှစ်ကြား လူအုပ်စုများ၏ ခုခံမှုနှင့် ကိုယ်ခံအားစနစ်သည် အသက် ၁၈ နှစ်အထက် လူများနှင့် သိသိသာသာ ကွာခြားခြင်းမရှိပေ။
၃။အသက် ၃ နှစ်မှ ၁၁ နှစ်ကြား လူအုပ်စုသည် ကာကွယ်ဆေးကို အတက်နိုင်ဆုံး လျင်မြန်စွာ ထိုးနှံသင့်ပြီး၊ ဒီဇင်ဘာလကုန် မတိုင်မီ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှု ပြီးစီးအောင်ကြိုးစားရန်။

၄။အသက် ၃ နှစ်မှ ၁၁ နှစ်ကြားကလေးများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံစဉ်ကာလအတွင်း အခြားကာကွယ်ဆေးထိုးခြင်းအစီအစဉ်များ ရှိပါက ကိုဗစ်ကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများကို (ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ်ဆေးမှလွဲ၍) ၁၄ ရက်ထက်ပို၍ ခွဲခြားထိုးနှံခြင်း စည်းမျဉ်းများကို လိုက်နာရန် စသည့်အချက်များ ပါဝင်သည်။ (Xinhua)

…………………………………………
(Chinese Version)
国家卫健委:3至11岁人群新冠疫苗接种问答

国家卫健委15日发布《3-11岁人群新冠疫苗接种问答》:①我国批准3至17岁人群紧急使用的疫苗仅有灭活疫苗这条技术路线,包括国药北京、国药武汉和科兴中维;②3至11岁人群中的安全性和免疫原性与18岁以上的人群没有显著性差异;③ 3至11岁适龄无禁忌人群“应接尽接”,力争12月底前完成全程接种;④3至11岁儿童在接种新冠疫苗的过程中可能还要接种其他免疫规划疫苗或者非免疫规划疫苗,一定要遵守新冠疫苗与其他疫苗间隔14天以上的规定,接种狂犬病疫苗和破伤风疫苗除外。