Connect with us

China

တရုတ်အာကာသစခန်းသို့ အမေရိကန် ဂြိုဟ်တု ၂ ကြိမ် ချဉ်းကပ်လာမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖွင့်ချ ဝေဖန်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဒီဇင်ဘာ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ယခုနှစ်တွင် တရုတ် အာကာသစခန်းသို့ အမေရိကန် Starlink ဂြိဟ်တု နှစ်ကြိမ်ချဉ်းကပ်ခဲ့ပြီး အာကာသစခန်းရှိ အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်ကျန်းမာရေးကို ခြိမ်းခြောက်သည့်ကိစ္စရပ်အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် နိုင်ငံတကာဥပဒေကို အခြေခံသည့် အာကာသနိုင်ငံတကာအခင်းအကျင်းကို လေးစားမှုရှိသင့်ပြီး ထိုသို့သောကိစ္စရပ်များ ထပ်မံ မဖြစ်ပွားစေရေး ချက်ချင်းအရေးယူဆောင်ရွက်သင့်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် တုန့်ပြန်ပြောကြားခဲ့သည်။

ထို့နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “အာကာသ ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ ကုလသမဂ္ဂကော်မတီ(COPUOS)ရဲ့ဝဘ်ဆိုက်က ယခုရက်ပိုင်းများမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းများအရ ဗီယင်နာအခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းကိုယ်စားလှယ်အဖွဲ့ ရဲ့ တရုတ်နိုင်ငံအမြဲတမ်းမစ်ရှင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စာ ပေးပိုခဲ့ပြီး အမေရိကန် SpaceXကုမ္ပဏီမှ လွှင်တင်တဲ့ Starlink ဂြိုဟ်တုဟာ ယခုနှစ်အတွင်းမှာပဲ တရုတ်အာကာသစခန်းကို နှစ်ကြိမ်ချဉ်းကပ်မှုရှိခဲ့ရာ တရုတ်အာကာသစခန်းရှိ အာကာသယာဉ်မှူးတွေရဲ့ အသက်အန္တရာယ်နှင့်ကျန်းမာရေးကို ခြိမ်းခြောက်မှုရှိခဲ့တယ်လို့ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ ဒီကိစ္စကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအနေဖြင့် အတည်ပြုနိုင်ပါသလား။ အာကာသ သဘောတူစာချုပ်မှာ ပါဝင်သည့် နိုင်ငံအနေနဲ့ အမေရိကန်သည် သက်ဆိုင်ရာလှုပ်ရှားမှုအပေါ် မည်သို့သော နိုင်ငံတကာတာဝန်ယူသင့်ပါသလဲ”ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဇူလိုင်နှင့်အောက်တိုဘာလတွင် အမေရိကန် SpaceXကုမ္ပဏီမှ လွှတ်တင်သည့် Starlink ဂြိဟ်တုနှစ်စင်းသည် တရုတ်အာကာသစခန်းကို ချဉ်းကပ်ခဲ့ကြောင်း ကျောက်လိကျန်းက အတည်ပြုခဲ့သည်။ ထိုသို့ ချဉ်းကပ်စဉ်တွင် တရုတ်အာကာသယာဉ်မှူးများက စခန်းအတွင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ဘေးကင်းလုံခြုံရေးအတွက် တိုက်မိခိုက်မိမဖြစ်ရအောင် တရုတ်အာကာသစခန်းက အရေးပေါ်လုပ်ဆောင်ခဲ့ရကြောင်း ဆိုသည်။

၁၉၆၇ ခုနှစ် 《အာကာသဆိုင်ရာ သဘောတူစာချုပ်》သည် အများလက်ခံထားသည့် လက်ရှိ အာကာသဏ္ဍ နိုင်ငံတကာဥပဒေ၏အခြေခံအုတ်မြစ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါသဘောစာချုပ်၏သတ်မှတ်ချက်တွင် အာကာသယာဉ်မှူးများသည် လူသားမျိုးနွယ် အာကာသအတွင်းသို့ စေလွှတ်သည့် သံတမန်ဖြစ်ရာ နိုင်ငံအသီးသီးက လေးစားသမှုရှိသင့်သလို ၎င်းတို့၏လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ အာကာသ နယ်ပယ်အတွင် အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ် သို့မဟုတ် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေမည့် အခြေအနေရှိပါက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သို့မဟုတ် အခြား သဘောတူစာချုပ်ပါနိုင်ငံများအား အကြောင်းကြားရမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ၎င်းနိုင်ငံအတွင်းရှိ ပုဂ္ဂလိကကုမ္ပဏီများ၏ အာကာသလှုပ်ရှားမှုအားလုံးကို တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ပါရှိသည်ဟု ကျောက်လိကျန်းက ဆိုသည်။

သဘောတူစာချုပ်ပါအကြောင်းအရာများကို အကောင်အထည်ဖော်ရန်နှင့်အာကာသယာဉ်မှူးများ၏အသက်အိုးအိမ်လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တရုတ်နိုင်ငံအစိုးရက ဒီဇင်ဘာ ၃ ရက်တွင် ဗီယင်နာအခြေစိုက် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံအမြဲတမ်းမစ်ရှင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဆီသို့ အထက်ပါအန္တရာယ်ဖြစ်နိုင်သည့်အခြေအနေနှင့် တရုတ်နိုင်ငံ၏ဆောင်ရွက်မှုကို အကြောင်းကြားခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်မှတစ်ဆင့် စာချုပ်ပါနိုင်ငံများအား အကြောင်းကြားပေးပါရန် တင်ပြခဲ့သည်ဟု ဆိုသည်။ အမေရိကန်သည် “ တာဝန်ယူမှုရှိသည့် အာကာသပြင်ပလှုပ်ရှားမှု”ဟု အမြဲတမ်း တသွင်သွင်ပြောဆိုနေသော်လည်း ၎င်းကိုယ်တိုင်က အာကာသနိုင်ငံတကာသဘောတူစာချုပ် တာဝန်ဝတ္တရားကို မျက်ကွယ်ပြုပြီး အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်လုံခြုံဘေးကင်းမှုကို ဆိုးဝါးစွာ ခြိမ်းခြောက်မှုပြုခဲ့ရာ ၎င်းမှာ စံတင်လောက်သည့် စံနှုန်းနှစ်မျိုးဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

အာကာသ စူးစမ်းလေ့လာမှုနှင့် ငြိမ်းချမ်းစွာအသုံးချရေးသည် လူသားတစ်ရပ်လုံး၏ ဘုံလုပ်ငန်းရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံသည် လူသားတစ်ရပ်လုံးအကျိုးစီးပွားကို အစဉ်အခြေပြု၍ ငြိမ်းချမ်းစွာ အာကာသနယ်ပယ်အား အသုံးချလျက်ရှိကြောင်း၊ နိုင်ငံတကာဥပဒေကို အခြေခံသည် အာကာသ နိုင်ငံတကာအခင်းအကျင်းကို အမေရိကန်က လေးစားကာ ထိုသို့သောဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားမှုမရှိစေရန် ချက်ချင်းအရေးယူဆောင်ရွက်သင့်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိစွာဖြင့် ဂြိုဟ်ပတ်လမ်းရှိ အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်ဘေးကင်းလုံခြုံရေးနှင့် အာကာသစက်ပစ္စည်း တည်ငြိမ်ဘေးကင်းစွာ လည်ပတ်နိုင်ရန် ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————–
(Chinese Version)
外交部揭批美国卫星两次接近中国空间站
2021-12-28 23:21:14
新华社北京12月28日电(记者朱超、伍岳)针对美国“星链”卫星今年两次接近中国空间站,对空间站上的航天员生命健康构成威胁一事,外交部发言人赵立坚28日表示,美方应该尊重以国际法为基础的外空国际秩序,立即采取措施防止此类事件再次发生。
当日例行记者会上,有记者问:据报道,联合国和平利用外层空间委员会官网近日发布消息称,12月3日,中国常驻维也纳联合国和其他国际组织代表团向联合国秘书长致以普通照会,通报了美国太空探索技术公司发射的“星链”卫星今年先后两次接近中国空间站,对中国空间站上的航天员生命健康构成威胁。发言人能否证实?作为《外空条约》的缔约国,美国应对相关活动承担哪些国际责任?
赵立坚证实,今年7月和10月,美国太空探索技术公司发射的“星链”卫星先后两次接近中国空间站。在此期间,中国航天员正在空间站内执行任务。出于安全考虑,中国空间站采取了紧急避碰措施。
他表示,1967年《外空条约》是公认的当前外空领域国际法基石。该条约规定,航天员是全人类派往外层空间的使节,各国应尊重、保护航天员安全,并将在外空发现的对航天员生命或健康构成危险的现象通知联合国秘书长或其他缔约国;各国还应为其国内私人公司的一切外空活动承担责任。
赵立坚说,为履行条约义务,维护航天员生命安全,中国政府于12月3日通过中国常驻维也纳代表团向联合国秘书长通报了上述危险情况和中方采取的措施,并请秘书长周知各缔约国。美国口口声声宣称所谓 “负责任外空行为”概念,自己却无视外空国际条约义务,对航天员生命安全造成严重威胁,这是典型的双重标准。
他说,探索与和平利用外空是全人类共同的事业。中方始终本着为全人类谋福利的精神和平利用外空。美方应该尊重以国际法为基础的外空国际秩序,立即采取措施防止此类事件再次发生,采取负责任的态度维护在轨航天员的生命安全和空间设施的安全稳定运行。(完)