Connect with us

Asia

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့သည် မဲခေါင်မြစ်ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ၂၀၂၁ ခုနှစ်တွင် မူးယစ်ဆေးဝါး ၃၄ တန်ကျော် သိမ်းဆည်းရမိခဲ့

ကူမင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့သည် မူးယစ်ဆေးဝါး၊မှောင်ခိုကူးမှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားစသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြင်းထန်စွာ နှိမ်နင်းရေး အထူးပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်ခဲ့ရာတွင် အမှုပေါင်း ၈,၃၂၅ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး သံသယရှိသူ ၈,၀၄၃ ဦး၊ မူးယစ်ဆေးဝါး တန်ချိန်ပေါင်း ၄၀ ဒသမ ၄၃ နှင့် သေနတ် ၁၁ လက် စသည်တို့ကို သိမ်းဆည်းရမိကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ကင်းလှည့်တပ်ဖွဲ့က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ပူးတွဲကင်းလှည့်ဥပဒေ စိုးမိုးရေးမူဘောင်အရ သက်ဆိုင်ရာနိုင်ငံဥပဒေစိုးမိုးရေးအဖွဲ့များက လှုပ်ရှားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို ထိတွေ့မှုမရှိသည့် ပုံစံဖြင့် ပူးတွဲကင်းလှည့်ခြင်း ၁၂ ကြိမ်၊ တရုတ်-မြန်မာနယ်စပ်တွင် ကင်းလှည့်ခြင်း၇၁ ကြိမ်၊ ပင်လယ်ရပ်ခြား အပိုင်းလိုက်ပူးတွဲ ကင်းလှည့်ခြင်း ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး မော်တော်ယာဉ် ၃၅၁ စီး၊ သင်္ဘော ၄၃ စင်း၊ လူ ၇၇၈ ဦးနှင့် ကုန်စည် ၃၄၇ ဒသမ ၈ တန် တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ပူးတွဲကင်းလှည့်ခြင်းစစ်ဆေးရေး အကြိမ်ရေသည် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အခြေအနေအောက်တွင် မဲခေါင်မြစ်အတွင်း ရဲတပ်ဖွဲ့များ၏ စစ်ဆေးလှုပ်ရှားမှု အကြိမ်အရေအတွက်သည် ကျဆင်းသွားခြင်းမရှိကြောင်း၊ ကပ်ရောဂါထိန်းချုပ်ရေးအင်အား တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ပြည်ပရေကြောင်းကပ်ရောဂါ ဝင်ရောက်မှု နှင့် ဥပဒေစိုးမိုးရေး အဖွဲ့၀င်အားလုံး ရောဂါကူးစက်ခံရမှုမရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
中老缅泰湄公河联合巡逻执法行动2021年缴毒逾34吨
2022-01-01 17:22:06 分类: 社会
云南省公安厅水上巡逻总队1月1日发布消息:2021年,中老缅泰四国执法部门持续开展联合巡逻执法专项行动,严打毒品、走私、偷越国(边)境、电信诈骗、网络赌博等跨境违法犯罪,共破获案件8325起,抓获犯罪嫌疑人8043人,缴获毒品34.43吨、枪支11支。
第112次中老缅泰湄公河联合巡逻执法行动。(云南省公安厅水上巡逻总队供图)
2021年,在联合巡逻执法行动框架下,相关国家执法部门共采取全程“非接触”方式开展联合巡逻执法行动12次、中缅界河巡逻71次、境外联合分段巡逻勤务17次,联合检查车辆351辆、船只43艘、人员778人、货物347.8吨,联合巡逻执法行动总体频次较2020年增加20%,在疫情防控严峻形势下,实现了湄公河流域江面见警率不降、管控力度不减、境外疫情水路“零输入”和全体执法队员“零感染”。(记者王研)