Connect with us

China

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၊ နေတိုးတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး စထရောတန်ဘတ်တို့ ဗွီဒီယိုဖြင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် ဂူတာရက်စ်တို့ အွန်လိုင်းဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ် ဂူတာရက်စ်နှင့် စက်တင်ဘာ ၂၇ ရက်တွင် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နေတိုးတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး စထရောတန်ဘတ်တို့ အွန်လိုင်းဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ရာစုနှစ်ကပ်ရောဂါသည် နှစ်တစ်ရာအပြောင်းအလဲကို ပို၍ မြန်ဆန်စေရာ ကမ္ဘာကြီးသည် မသေချာမရေရာမှု၊မတည်ငြိမ်မှုတို့နှင့် ပြည့်နှက်နေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း ကွဲလွဲမှုများ ထပ်မံ မဖြစ်ပွားကြရန်၊ ကမ္ဘာကြီး စစ်အေးတိုက်ပွဲသို့ မဝင်ရောက်စေရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဂူတာရက်စ် တိုက်တွန်းခဲ့သလိုပင် တရုတ်နိုင်ငံက ယင်းအပေါ် တူညီသည့် ခံစားချက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လူသားတို့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် အကျိုးသစ်များ ဆောင်ကျဉ်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် သမ္မတရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို အလေးထား ပြောကြားခဲ့ရာ ဘက်ပေါင်းစုံက တက်တက်ကြွကြွပါဝင်ကြရန်၊ နိုင်ငံတကာ တူညီသည့်သဘောထားများဖြင့် အတူတကွ ဆောင်ရွက်ကြရန် ကြိုဆိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကုလသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားကာ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းကာကွယ်လက်တွေ့အကောင်အထည်ဖော်ရန်၊ အပြန်အလှန်လေးစားသည့် နိုင်ငံတကာဆက်ဆံရေးကို ရှေ့ဆောင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ကြရန် ဆောင်ရွက်သွားလိုကြောင်း၊ အထူးသဖြင့် နိုင်ငံတကာ အသိုက်အဝန်းအား ဖွံ့ဖြိုးဆဲနိုင်ငံများ ကပ်ရောဂါနှောင်းပိုင်းကာလ ပြန်လည်နိုးထရေး၊ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ရေးစသည်တို့တွက် ပိုမိုကြီးမားသည့် ထောက်ခံကူညီအားပေးမှုများ ပြုလုပ်သွားကြရန် တွန်းအားပေးဆောင်ရွက်သွာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှစ်ဖက်အကြား တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ ဝမ်ရိက ယခုကာလများအတွင်း အမေရိကန်က ထိပ်တိုက်ရင်ဆိုင်မှု ၊စစ်အေးတိုက်ပွဲ မပြုလုပ်လိုမှု ၊ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိလိုမှုအပေါ် ပြောကြားခဲ့ကြောင်း ၊ အရေးကြီးသည်မှာ လက်တွေ့အသေးစိတ်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး အမေရိကန်၏တရုတ်နိုင်ငံအပေါ်ထားသည့် မူဝါဒများသည် ဆင်ခြင်တုံတရားဖြင့် လက်တွေ့ကျသည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့မှာပင် ဖိတ်ကြားချက်အရ ဝမ်ရိသည် နေတိုးတပ်ဖွဲ့အထွေထွေအတွင်းရေးမှူး စထရောတန်ဘတ်နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးနွေးရာတွင် ဝမ်ရိက နှစ်ဖက်ဆက်ဆံရေးကို တွန်းအားပေးရာတွင် အဓိကသည် အပြန်အလှန် သိရှိနားလည်မှုအရေးကို ဖြေရှင်းရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် သာတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုပေါ်တွင် အခြေခံ၍ နေတိုးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်သွားကာ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ အာရှပစိဖိတ်ဒေသတွင် စစ်ရေးအုပ်စုသစ် တည်ဆောက်ရန် မလိုအပ်သလို နိုင်ငံကြီးများအကြား ထိပ်တိုက်ရင်ဆိုင်အားပြိုင်မှု ထပ်ဖြစ်လာစေရန် မလုပ်ဆောင်သင့်ကြောင့်၊ စစ်အေးတိုက်ပွဲကို အားပေးရန် ရည်ရွယ်သည့် အုပ်စုငယ်ဖွဲ့မှုကို ပို၍ မလုပ်ဆောင်သင့်ကြောင်း ၊ နေတိုးအနေဖြင့် မူလ ပထဝီအနေအထား တည်နေရာကို လက်ကိုင်ထားသင့်ရာ ဒေသတွင်း ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

စထရောတန်ဘတ်ကလည်း နေတိုးတပ်ဖွဲ့အနေဖြင့် တရုတ်နိုင်ငံအပေါ် ပြိုင်ဘက်အနေဖြင့် မရှုမြင်ထားကြောင်း၊ ချွင်းချက်မရှိ အပြန်အလှန်လေးစားမှုပေါ်တွင် အခြေခံ၍ တရုတ်နိုင်ငံနှင့်အတူ အပြုသဘောဆောင်သည့် ဆက်ဆံရေး တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နှစ်ဖက်အကြား အာဖဂန်နစ္စတန်အရေးစသည့်ကိစ္စများအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။ ယခု တွေ့ဆုံဆွေးနွေးမှုသည် တက်ကြွ၍ အပြုသဘောဆောင်သည်ဟု နှစ်ဖက်စလုံးက ယူဆကြရာ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်၍ တွေ့ဆုံဆွေးနွေးမှု အရည်အသွေးနှင့်လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေး ဆောင်ရွက်သွားလိုကြကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(外事)王毅与联合国秘书长古特雷斯视频会晤  应约与北约秘书长斯托尔滕贝格视频会晤
2021-09-28 10:39:18
新华社北京9月28日电9月27日,国务委员兼外长王毅与联合国秘书长古特雷斯视频会晤。
王毅说,世纪疫情加速百年变局演进,世界充满不确定性不稳定性。秘书长先生呼吁国际社会不能再分裂、世界不能陷入新冷战,中方对此深有同感。中国将为人类和平与发展事业作出新的贡献。
王毅表示,习近平主席在联大一般性辩论中郑重提出全球发展倡议,欢迎各方积极参与,形成国际共识,采取共同行动。
古特雷斯说,联合国愿同中国密切协调合作,维护和践行多边主义,倡导相互尊重的国际关系,共同应对各种全球挑战,尤其是推动国际社会为发展中国家疫后复苏、应对气候变化提供更大支持和帮助。
双方就中美关系交换意见。王毅说,美方近期表示不希望对抗,不搞冷战,希望两国关系重回正轨。关键是要落实到具体行动上,使美国对华政策回到理性务实轨道上来。
同日,王毅应约与北约秘书长斯托尔滕贝格视频会晤。
王毅表示,推进双方关系的关键是解决好相互认知问题,中方愿在平等和相互尊重基础上继续同北约开展对话,促进双方关系健康稳定发展。亚太地区不需要建立新的军事集团,也不应当再引起大国对抗,更不应搞旨在鼓动新冷战的小圈子。北约应当坚持原有地理定位,为区域和平稳定发展发挥建设性作用。
斯托尔滕贝格表示,北约并不把中国视作对手,愿在相互尊重、不预设任何前提条件的基础上,发展同中国的建设性关系。
双方还就阿富汗局势等交换意见。
双方都认为这次视频会晤是积极和建设性的,愿继续开展沟通,提高对话质量,推进务实合作。(完)