Connect with us

CHINA

တရုတ် ပရဟိတ ဗဟိုအသင်းနှင့်အတူ စေတနာရှင်လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ယွမ် (၂.၀၇)သန်း တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

တရုတ် ပရဟိတ ဗဟိုအသင်းမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသော ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ်

ရန်ကုန်၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

လူသားမျိုးနွယ်တို့၏ကျန်းမာရေး အေးတူပူအမျှအသိုက်အဝန်း တည်ဆောက်ကြမည်ဆိုသည့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်အဆိုကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် BRIတစ်လျှောက်နိုင်ငံများ ကပ်ရောဂါရိုက်ခတ်မှုတွင် အကူအညီအထောက်အပံ့ဖြစ်စေရန် ၊နိုင်ငံအသီးသီးပြည်သူများအကြား ချစ်ကြည်ရေးခိုင်မာစေရန် ၊ ပြည်သူချင်း စိတ်ချင်းဆက်နွယ်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်တွင် တရုတ်ပရဟိတ ဗဟိုအသင်းကြီးက တရုတ်နိုင်ငံအရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာနှီးနွယ်ဖလှယ်မြင့်တင်မှုများ လုပ်ဆောင်ခဲ့ရာ စတုတ္ထအကြိမ်မြောက် “BRI ပြည်သူချင်း စိတ်ချင်းဆက်သွယ်၊ ကျောင်းသားချင်း လက်တွဲချိတ်ဆက်သည့် ကလေးငယ်များ ကျန်းမာရေးအထောက်အပံ့အိတ် လှူဒါန်းခြင်း အစီအစဉ်”ကို စတင်ခဲ့ပြီး ပြည်ပရှိ ကျောင်းသားကျောင်းသူများအား “ကလေးငယ် ကျန်းမာရေးအိတ်”များကို ထောက်ပံ့လှူဒါန်းမှုပြုလုပ်ခဲ့သည်။

ဩဂုတ် ၅ ရက်တွင် တရုတ်ပရဟိတ ဗဟိုအသင်းကြီးက မြန်မာနိုင်ငံအား ငွေကြေးတန်ဖိုး ယွမ်(၂.၀၇)သန်းရှိ ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများအား လှူဒါန်းခဲ့ရာ မန္တလေးအခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးမှ လက်ခံခဲ့သည်။

လှူဒါန်းပစ္စည်းများတွင် ပါးစပ်နှာခေါင်းစည်း (၁.၂)သန်း၊ သန့်စင်ရေစိုတစ်ရှူး အထုပ်(၃)သောင်း၊ ရာပန်းဆီ ဗူးပေါင်း(၂,၀၀၀)၊ အစာခံရိက္ခာခြောက် အခု (၂,၀၀၀)၊ “ကလေးငယ် ကျန်းမာရေးအိတ်” (၂,၀၀၀) ကျော် ပါဝင်ကြောင်း သိရသည်။ ယင်းအထောက်အပံ့ပစ္စည်းများကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းရှိ ကလေးငယ်များ ၊ လူထု ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးနေရာများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးက ရေရည်တည်တံ့နေမည်ဖြစ်ကြောင်း၊ တရုတ် ပရဟိတ ဗဟိုအသင်းကြီးအနေဖြင့် မြန်မာနိုင်ငံ၏ကပ်ရောက်တိုက်ဖျက်ရေး ၊ စောလျဉ်းစွာ အဆုံးတိုင်အောင်ပွဲရရှိစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွား လိုကြောင်း တရုတ် ပရဟိတ ဗဟိုအသင်းချုပ် ဂုဏ်ထူးဆောင် ဒုတိယ ဥက္ကဋ္ဌ ရွှီယွိရွှန်းက ပြောကြားခဲ့သည်။(Xinhua)

———————————–
(Chinese Version)
胞波情深 共抗疫情
中华慈善总会联合爱心企业向缅甸捐赠价值207万元防疫物资
为深入贯彻落实习近平主席总书记关于共同构建人类卫生健康共同体的重要讲话精神,更好的支持“一带一路”沿线国家克服疫情带来的冲击,巩固各国人民传统友谊,夯实各国人民民间友好,促进民心相通,2021年,中华慈善总会联合中国民间组织国际交流促进会,共同开展第四届“一带一路•民心相通”学生手拉手活动“儿童健康爱心包”项目,向国外的学生捐赠“儿童健康爱心包”,为抗击疫情做出应有贡献。8月5日,中华慈善总会向缅甸捐赠价值207万元的防疫物资,由中国驻曼德勒使领馆接收。
这批物资包括120万只口罩、3万包洁肤湿巾、2000盒清凉油、2000块压缩干粮、2000个“儿童健康爱心包”。此批物资将用于缅甸掸邦、克钦邦、曼德勒的儿童、民众新冠肺炎疫情防控。
中华慈善总会荣誉副会长徐镱轩介绍说:中缅“胞波”情谊源远流长,中华慈善总会愿尽最大努力,支援缅甸人民抗击疫情,早日取得最终胜利。