Connect with us

Science & Technology

တရုတ်-မြန်မာနှစ်နိုင်ငံက ပညာရေးဖလှယ်မှုလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်

နန်နင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်းထိစပ်နေသည့် အိမ်နီးချင်းများ ဖြစ်ကြပြီး နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးက ရေရှည်တည်တံ့နေမည်ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေရန်အတွက် တရုတ်နိုင်ငံ Nanning Normal University မှ ၂၀၂၁ ခုနှစ် အာဆီယံနှိုင်းယှဉ်ပညာရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ် ပါမောက္ခ ဒေါက်တာ ခင်မိုးမိုးသည် ထိပ်တန်းပညာရှင်အဖြစ် အွန်လိုင်းမှတစ်ဆင့် အခမ်းအနားတွင် ပါဝင်ခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင် ဒေါက်တာ ခင်မိုးမိုးက တရုတ်ပညာရေးအသိုင်းအဝိုင်းနှင့် ဆက်သွယ်ရာတွင် ၎င်း၏အတွေ့အကြုံအကျဉ်းကို ဦးစွာမိတ်ဆက်ခဲ့ပြီး “တရုတ်ကျောင်းသားတွေရဲ့ ချစ်စဖွယ်အပြောအဆို နဲ့ မြန်မာစာကို စိတ်အားထက်သန်စွာ သင်ယူမှုက ကျွန်မဘဝမှာ မမေ့နိုင်တဲ့ အမှတ်တရတွေပါပဲ… “ဟု ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဒေါက်တာ ခင်မိုးမိုးက “မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုသမိုင်း၊ ပြဿနာများနှင့် တန်ပြန်မှုများ” နှင့် ပတ်သက်၍ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍလေးရပ်ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ Nanning Normal University တွင်ကျင်းပသော ၂၀၂၁ ခုနှစ် အာဆီယံနှိုင်းယှဉ်ပညာရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ပါမောက္ခ ဒေါက်တာခင်မိုးမိုးအားတွေ့ရစဉ် (ဓာတ်ပုံ-Nanning Normal University )

ပထမအချက်မှာ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခက်အခဲများဖြစ်သည်။ အဓိကအားဖြင့် ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းကာ ပညာရေးလုပ်ငန်းဆောင်ရွက်မှုများလည်း ရပ်တန့်နေရသည့်အဆင့်သို့ ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ပညာရေးကို ပြန်လည်အသက်သွင်းခြင်း၊ မြန်မာအစိုးရ၏ အစီအစဉ်များနှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများဖြစ်သည်။ အထက်တန်းကျောင်းများ၏ အရည်အသွေးမြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနသည် ဆော့ဖ်ဝဲလ် (Software) နှင့် ဟာ့ဒ်ဝဲ (Hardware) ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မဟာစီမံချက်တစ်ရပ်ကို ရေးဆွဲခဲ့ကြောင်း၊ ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆရာ၊ ဆရာမများ ဖြည့်တင်းရေး၊ ဆရာများ၏ သင်ကြားရေး အရည်အသွေး မြှင့်တင်ရေး၊ သင်ရိုးညွှန်းတမ်း ပစ္စည်းများ ခေတ်မီအောင်ပြုပြင်ပြောင်းလဲခြင်း၊ လုပ်ငန်းပုံစံများကို အခြေခံ၍ သုတေသနပြခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ အသွင်ကူးပြောင်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ရေးဆွဲခြင်း၊ ဟာ့ဒ်ဝဲ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျောင်းဝင်းပတ်ဝန်းကျင် တည်ဆောက်ရေး၊ အထက်တန်းကျောင်းစာကြည့်တိုက်များ အဆင့်မြှင့်တင်ရေး၊ ကျောင်းဆောင် အဆောက်အဦများ၊ အဆောင်များနှင့် ဆရာများ၏ တိုက်ခန်းများ ဆောက်လုပ်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း၊ သောက်သုံးရေ ထောက်ပံ့မှုကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၊ ကြော်ငြာသင်ပုန်းများ တပ်ဆင်ခြင်း၊ စမ်းသပ် သင်ထောက်ကူ ပစ္စည်းများ ဖြည့်စွက်ခြင်း၊ ကွန်ပြူတာနှင့် ဒစ်ဂျစ်တယ် နည်းပညာ သင်ကြားရေး ကိရိယာများ ဖြည့်စွက်ပေးခြင်းစသည်တို့ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ Nanning Normal University တွင်ကျင်းပသော ၂၀၂၁ ခုနှစ် အာဆီယံနှိုင်းယှဉ်ပညာရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ပါမောက္ခ ဒေါက်တာခင်မိုးမိုးအားတွေ့ရစဉ် (ဓာတ်ပုံ-Nanning Normal University )

တတိယအချက်မှာမူ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှု၏ ထိရောက်မှု၊ ၎င်းအချက်တွင် တရုတ်နိုင်ငံ၌ သင်ယူခဲ့သည့် အတွေ့အကြုံများစွာကို မိတ်ဆက်ပေးခြင်း ဖြစ်သည်။စတုတ္ထအချက်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ တက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ဆရာနှင့် ကျောင်းသား ဖလှယ်မှုတို့ ပါဝင်သည်။ ၎င်းတို့ကို ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း ဒေါက်တာ ခင်မိုးမိုးက ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးတွင် ဒေါက်တာ ခင်မိုးမိုးက မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ Nanning Normal University နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် အစီအစဉ်များ ရှိကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဒေါက်တာခင်မိုးမိုး၏ ပြောကြားချက်များကြောင့် တရုတ်နိုင်ငံမှ ကျောင်းသားများက မြန်မာနိုင်ငံ ၏ပညာရေး အခြေအနေကို ပိုမိုနားလည်မှု တိုးမြင့်စေခဲ့ကြောင်း၊၂၀၂၁ ခုနှစ် အာဆီယံနှိုင်းယှဉ်ပညာရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်မှုသည် တရုတ်နှင့် မြန်မာကြား ပညာရေး ဖလှယ်မှုကို တိုးမြှင့်ကာ နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်မှုအတွက် အုတ်မြစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

————————————–
(Chinese Version)
中缅积极开展教育交流活动
——2021年东盟比较教育国际研讨会召开

中缅两国是山水相连的友好邻邦,两国人民之间的传统“胞波”情谊源远流长。为进一步深化共建“一带一路”框架内的务实合作,中国南宁师范大学于2021年11月27-28日举办2021年东盟比较教育国际研讨会,缅甸克伦邦帕安大学副校长钦莫莫教授作为首席专家在线参加活动。

在会上,钦莫莫博士首先对其与中国教育界交流的经历做了简要介绍,并深情地谈到“中国学生可爱的言谈举止和对缅甸语的学习热情是我这一生中难忘的回忆。”

之后,钦莫莫博士为与会嘉宾做了《缅甸教育改革的历史、问题与对策》主题发言,分四个部分介绍了缅甸教育改革与发展情况:
一是缅甸教育改革与发展中的困难,主要表现为新冠疫情导致缅甸社会、经济、卫生领域的发展衰退,教育工作也到了停滞的阶段;
二是为了重振缅甸教育,缅甸政府做的计划与面临的挑战。为了提升高校的质量,缅甸教育部制定了包括软件开发和硬件开发在内的总体规划。其中,软件开发包括补充师资力量、提升教师教学质量、课程教材现代化、基于商业模式的研究、国际合作、国际化、制定可持续发展规划等;硬件开发包括校园环境建设、高校和教学机构图书馆的升级改造、教学楼、宿舍和教师公寓的增设、体育场和体育馆的升级改造、完善饮用水的供应、宣传公告栏的安装、实验教学设备的补充、电脑及数字技术教学设备的补充等;
三是缅甸教育改革的成效,其中介绍了很多在中国学到的经验;
四是缅甸教育改革发展的需要。包括缅甸教育改革发展需要国际合作,高校之间要签署谅解备忘录、交换师生。这些在一带一路框架下合作是最适合的。

最后,钦莫莫博士谈到,“我们有计划加强合作,与中国的南宁师范大学签署谅解备忘录,推动缅甸教育改革发展的进程。”

钦莫莫博士的发言增进了中国师生对缅甸教育情况的了解,2021年东盟比较教育国际研讨会的顺利召开,增进了中缅两国的教育交流,也为后续的进一步合作打下了基础。