Connect with us

Politics, Law & Military

တရုတ်-ရုရှားပူးတွဲ ကမ္ဘာလုံးဆိုင်ရာ အာကာသမိုးလေဝသစင်တာကို ပေကျင်းတွင် တည်ထောင်

ပေကျင်း၊နိုဝင်ဘာ ၁၇ (ဆင်ဟွာ)

တရုတ်-ရုရှား ပူးတွဲ ကမ္ဘာလုံးဆိုင်ရာ အာကာသမိုးလေဝသစင်တာကို နိုဝင်ဘာ ၁၆ ရက်က ပေကျင်းတွင် တည်ထောင်ခဲ့ကြောင်း တရုတ်မိုးလေဝသဌာနမှ သိရှိရသည်။ အဆိုပါစင်တာသည် ရုရှားနိုင်ငံနှင့် တစ်စုတစ်စည်းတည်း ဝန်ဆောင်တင်ပို့မှုအသွင်ဖြင့် ဒေတာမျှဝေခြင်း၊ ထုတ်ကုန်ပေါင်းစပ်ခြင်း၊ ခန့်မှန်းချက် အတည်ပြုခြင်း စသည့်ကဏ္ဍတို့တွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ မြို့ပြလေကြောင်းအသုံးပြုသူများအား ပိုမိုတိကျပြီး လက်တွေ့ကျသော မိုးလေဝသဝန်ဆောင်မှု ထုတ်ကုန်များကို ပံ့ပိုးပေးမည်ဖြစ်သည်။
အာကာသရာသီဥတုသည် ဂြိုလ်တုလုပ်ဆောင်မှု၊ လေကြောင်းပျံသန်းမှု၊လူသားကျန်းမာရေးတို့နှင့် နီးကပ်စွာဆက်စပ်နေကြောင်း၊အထူးသဖြင့် လေကြောင်းဆက်သွယ်ရေး၊GPS၊ ခြေရာခံခြင်းနှင့် လေကြောင်းပျံသန်းမှုဆိုင်ရာ ယုံကြည်စိတ်ချရမှုစသည်တို့သည် အာကာသရာသီဥတုကြောင့် အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သိရသည်။

၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် တရုတ်မိုးလေဝသဌာနသည် ၎င်း၏ အာကာသမိုးလေဝသစမ်းသပ်မှုကို စတင်ခဲ့ရာ လက်ရှိတွင် ၎င်းသည် နေ-မြေပြင် အာကာသကျိုးကြောင်းဆိုင်ရာကွင်းဆက်၏ လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်နိုင်စွမ်းရှိပြီး နေ-မြေပြင် အာကာသ၏ အဓိကကျသော နေရာများရှိ ဒြပ်စင်များအတွက် ရေရှည်၊ ကာလအလယ်အလတ်၊ ကာလတို ကြိုတင်သတိပေးမှုများနှင့် လက်ရှိသတင်းပို့နိုင်စွမ်းရှိကြောင်း သိရသည်။

အစီရင်ခံချက်များအရ၊ တရုတ်-ရုရှားပူးတွဲကမ္ဘာလုံးဆိုင်ရာအာကာသမိုးလေဝသဌာနသည် တရုတ်နိုင်ငံရှိ မြို့ပြလေကြောင်းဆိုင်ရာမိုးလေဝသနယ်ပယ်တွင် နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့အစည်းမှ အတည်ပြုထားသော ပထမဆုံးကမ္ဘာလုံးဆိုင်ရာစင်တာဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက်ကမ္ဘာ့အာကာသမိုးလေဝသစင်တာလည်းဖြစ်သည်။ အဆိုပါစင်တာကို တရုတ်မိုးလေဝသဌာန၊ တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်း စီမံခန့်ခွဲရေးဗျူရိုနှင့် ရုရှားဖက်ဒရယ် မိုးလေဝသနှင့် သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးဗျူရိုတို့မှ ပူးပေါင်းတည်ဆောက်ကာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စင်တာ တည်ထောင်ပြီးနောက် မိုးလေဝသနှင့် မြို့ပြလေကြောင်းဌာနများသည် ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်း၊ နည်းပညာ၊ ဝန်ဆောင်မှုများ၊ အရည်အချင်းများနှင့်နိုင်ငံတကာလေကြောင်းဆိုင်ရာ မိုးလေဝသနယ်ပယ်တွင် သာလွန်ကောင်းမွန်သော အရင်းအမြစ်များကို အပြည့်အဝအသုံးပြုပြီး ရုရှားနိုင်ငံနှင့် တစ်စုတစ်စည်းတည်း ဝန်ဆောင်တင်ပို့မှုအသွင်ဖြင့် ကမ္ဘာ့မြို့ပြလေကြောင်းအသုံးပြုသူများအတွက်ပိုမိုတိကျပြီး လက်တွေ့ကျသော မိုးလေဝသဝန်ဆောင်မှုထုတ်ကုန်များပံ့ပိုးပေးရန်နှင့် တရုတ်နိုင်ငံ၏ အာကာသရာသီဥတုဆိုင်ရာ လုပ်ငန်းဝန်ဆောင်မှုစွမ်းရည်များ တိုးတက်ရန် အရှိန်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်သည်။ (Xinhua)

———————————-
(Chinese Version)

中俄联合体全球空间天气中心在京成立

记者从中国气象局了解到,中俄联合体全球空间天气中心11月16日在北京成立。 中心将与俄罗斯形成统一服务出口,在数据共享、产品融合、预报验证等方面深度合作,为全球民航用户提供更精准、更贴合实际的空间天气服务产品。

空间天气与卫星运行、航空飞行、人类健康等息息相关,特别是航空通信、定位、跟踪及航空电子设备的可靠性等,均可能受到空间天气干扰。

20世纪90年代末,中国气象局就开始空间天气业务试验,目前已经具备对日地空间因果链的全过程监测能力,以及对日地空间关键区域的关键要素做出长期、中期、短期预报及预警和现报的能力。

据介绍,中俄联合体全球空间天气中心是我国民航气象领域首个由国际民航组织批准的全球中心,也是世界上第4个全球空间天气中心。 中心由中国气象局、中国民用航空局和俄罗斯联邦水文气象与环境监测局共同建设运行。

中心成立后,气象与民航部门将充分发挥各自业务、技术、服务、人才和在国际航空气象领域的优势资源,与俄罗斯形成统一服务出口,为全球民航用户提供更精准、更贴合实际的空间天气服务产品,并加快提升我国空间天气业务服务能力。 (记者黄垚)