Connect with us

China

တရုတ်-ရုရှား ပထမဆုံးအကြိမ် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံး

တရုတ်-ရုရှား ပထမအကြိမ် ပူးတွဲကင်းလှည့်မှုပြီးဆုံးကြောင်း အခမ်းအနား အောက်တိုဘာ ၂၃ ရက်တွင် တရုတ်ရေတပ်သင်္ဘောအုပ်စုအချို့အား တွေ့ရစဉ်(ဆင်ဟွာ)

နန်ချန်းရေယာဉ်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်-ရုရှား ပင်လယ်ပြင် ပူးတွဲ ကင်းလှည့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက အရှေ့တရုတ်ပင်လယ်ပြင် အရှေ့ပိုင်းရေပြင် ကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနား ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ရေယာဉ်သင်္ဘောအုပ်စုသည် ၇ ရက်ကြာ ပူးတွဲကင်းလှည့်မှုအပြီး အစီအစဉ်အတိုင်း လမ်းခွဲခဲ့ကြရာ တရုတ်-ရုရှား ပထမဆုံးအကြိမ် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှုကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

တရုတ်-ရုရှား ပထမအကြိမ် ပူးတွဲကင်းလှည့်ရေးအဖွဲ့တွင် ပါဝင်သည့် တရုတ်ရေတပ် နန်ချန်းစစ်သင်္ဘော(အောက်)နှင့် ရုရှားရေးတပ် ဖရီးဂိတ်သင်္ဘော(အပေါ်)အား အနောက်ပစိဖိတ် သမုဒ္ဒရာတွင် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ရုရှား ပထမအကြိမ် ပူးတွဲကင်းလှည့်ရေးအဖွဲ့ ရေယာဉ်အုပ်စု ကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က အရှေ့တရုတ်ပင်လယ် အရှေ့ပိုင်း၌ ကျင်းပစဉ် ရုရှားရေတပ်အရာရှိစစ်သည်များက လက်ပြနှုတ်ဆက်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ရုရှား ပထမအကြိမ် ပူးတွဲကင်းလှည့်ရေးအဖွဲ့ ရေယာဉ်အုပ်စု ကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က အရှေ့တရုတ်ပင်လယ် အရှေ့ပိုင်း၌ ကျင်းပစဉ် တရုတ်စစ်သင်္ဘော နန်ချန်းမှ ရဟတ်ယာဉ်ပျံသန်းသွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ရုရှား ပထမအကြိမ် ပူးတွဲကင်းလှည့်ရေးအဖွဲ့ ရေယာဉ်အုပ်စုက အောက်တိုဘာ ၁၉ ရက်တွင် အနောက်ပစိဖိတ်သမုဒ္ဒရာပင်လယ်ပြင်၌ ပူးတွဲစစ်ဆင်းရေလုပ်ဆောင်စဉ် ရုရှားသင်္ဘောတင်ရဟတ်ယာဉ် အကြီးစား ရေငုပ်ဖျက်သင်္ဘော Admiral Tributzအနီးမှ ပျံသန်းသွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ရုရှား ပထမအကြိမ် ပူးတွဲကင်းလှည့်ရေးအဖွဲ့ ရေယာဉ်အုပ်စုက အောက်တိုဘာ ၁၉ ရက်တွင် အနောက်ပစိဖိတ်သမုဒ္ဒရာပင်လယ်ပြင်၌ ပူးတွဲမောင်းနှင်စဉ် ရုရှားရေတပ် “Marshal Krylov၊” (အောက်)နှင့် တရုတ် ရေတပ်”နန်ချန်း(အလယ်)အား တွေ့ရစဉ် (ဆင်ဟွာ)တရုတ်-ရုရှား “Maritime Joint-2021″စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ရုရှားနိုင်ငံ ပီတာမဟာပင်လယ်ကွေ့ ဝေဟင်တွင် လေ့ကျင့်ပြီးနောက် နှစ်နိုင်ငံ ပူးတွဲအဖွဲ့သည် ပထမဆုံးအကြိမ် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှု စတင်ခဲ့ခြင်းဖြစ်သည်။ တရုတ်-ရုရှား စစ်ရေယာဉ်သင်္ဘောပူးတွဲအဖွဲ့သည် ပီတာမဟာပင်လယ်ကွေ့မှစတင် ထွက်ခွာခဲ့ရာ ဂျပန်ပင်လယ်ပြင်ကို ဖြတ်သန်း၍ Tsugaruရေလက်ကြားမှတစ်ဆင့် အနောက်ပစိဖိတ်သမုဒ္ဒရာသို့ ဝင်ရောက်ခဲ့ပြီးနောက် Osumiရေလက်ကြားမှတစ်ဆင့် အရှေ့တရုတ်ပင်လယ်ပြင်သို့ သွားရောက်ခြင်းဖြစ်သည်။

ယခုအကြိမ် ပူးတွဲကင်းလှည်မှုတွင် တရုတ်နိုင်ငံ၏ ပဲ့ထိန်းဒုံးဖျက်သင်္ဘော “နန်ချန်း”နှင့် “ကူမင်း” ၊ ဖရီးဂိတ် “လျိုကျိုး”နှင့်”ပင်းကျိုး”၊ ဘက်စုံထောက်ပို့ရေးသင်္ဘော “တုန်းဖိန်ဟူ” တို့ပါဝင်ပြီး ရုရှားနိုင်ငံ၏ ကွပ်ကဲရေး စစ်သင်္ဘော Marshal Krylov၊ အကြီးစားရေငုပ်ဖျက်သင်္ဘော Admiral Panteleevနှင့် Admiral Tributz၊ ဖရီးဂိတ်” “Resonant”၊ “Ardar Zidenzapov”တို့ ပါဝင်ကြောင်း သိရသည်။ ပူးတွဲကင်းလှည့်သည့်ကာလတွင် တရုတ်-ရုရှား နှစ်နိုင်ငံပူးပေါင်း ရေယာဉ်မောင်းနှင်ခြင်း၊ စစ်ဆေးလုပ်ဆောင်ခြင်းနှင့်၊ လက်တွေ့လက်နက်အသုံးပြုခြင်းစသည့် လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပူးတွဲကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနားတွင် တရုတ်-ရုရှားနှစ်နိုင်ငံ စစ်သင်္ဘောအဖွဲ့ နိုင်ငံအလံများလွှင့်တင်ကာ သည် ဒေါင်လိုက်နှစ်ဖွဲ့တန်းစီမောင်းနှင်ခဲ့ကြသည်။ နှစ်ဖက်ဦးဆောင်သူများက တရုတ်-ရုရှား “Maritime Joint-2021″စစ်ရေးလေ့ကျင့်မှုနှင့် ပင်လယ်ပြင်ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံးကြောင်း ရေဒီယိုမှတစ်ဆင့် ကြေညာခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်သင်္ဘောပူးတွဲအဖွဲ့သည် ဥဩသံ တစ်မိနစ်ပေး၍ နှစ်ဖက်ရေတပ်အရာရှိစစ်သည်များက လက်ပြနှုတ်ဆက်လမ်းခွဲကြကြောင်း သိရသည်။အခမ်းအနားအပြီးတွင် တရုတ်နိုင်ငံ၏ စစ်သင်္ဘောများ ဖြစ်ကြသည့် နန်ခန်း၊ ကူမင်း၊ လျိုကျိုး၊ ပင်းကျိုး၊ တုန်းဖိန်ဟူတို့သည် ၎င်းတို့၏ ရေတပ်ဆိပ်ကမ်းများသို့ အသီးသီး ပြန်လည်မောင်းနှင်ခဲ့ကြသည်။ (Xinhua)

———————————–
(Chinese Version)
(军事)中俄首次海上联合巡航圆满结束
2021-10-23 23:17:24
新华社南昌舰10月23日电(孙鲁明、孙飞)中俄海上联合编队当地时间23日下午在东海东部海域举行分航仪式。双方舰艇编队经过为期7天的联合巡航后,按计划分航,中俄首次海上联合巡航圆满结束。
中俄“海上联合-2021”军事演习当地时间14日至17日在俄罗斯彼得大帝湾附近海空域举行,演习结束后,双方组成联合编队,开启首次海上联合巡航。中俄舰艇编队自彼得大帝湾海域出发,横渡日本海,经津轻海峡进入西太平洋,穿越大隅海峡后抵达东海海域。
参加此次联合巡航的中方舰艇有导弹驱逐舰南昌舰和昆明舰、护卫舰柳州舰和滨州舰以及综合补给舰东平湖舰,俄方舰艇有“克雷洛夫元帅”号指挥舰、“潘捷列耶夫海军上将”号和“特里布茨海军上将”号大型反潜舰、“响亮”号和“阿尔达尔•齐坚扎波夫”号护卫舰。联合巡航期间,中俄双方组织联合航渡、联合机动、实际使用武器等课目演练。
分航仪式现场,中俄双方舰艇组成双纵队同向而行,军舰上悬挂的两国国旗迎风飘扬。中俄双方导演通过电台致辞,共同宣布中俄“海上联合-2021”军事演习和海上联合巡航圆满结束。随后,双方舰艇编队鸣笛1分钟,中俄两国海军官兵挥手告别。
分航仪式结束后,中方舰艇南昌舰、昆明舰、柳州舰、滨州舰、东平湖舰分别返回各自军港。(完)
图说1:当地时间10月23日,中俄首次海上联合巡航圆满结束。这是参加联合巡航的中国海军舰队部分舰艇。新华社发(孙金钢摄)
图说2: 当地时间10月19日,中俄首次海上联合巡航舰艇编队在西太平洋海域联合航渡。这是中国海军南昌舰(下)与俄罗斯海军护卫舰(上)。新华社发(李唐摄)
图说3:当地时间10月23日,中俄首次海上联合巡航舰艇编队在东海东部海域举行分航仪式,这是俄罗斯海军官兵向我方挥手告别。新华社发(孙金钢摄)
图说4:当地时间10月23日,中俄首次海上联合巡航舰艇编队在东海东部海域举行分航仪式。这是中方舰载直升机从南昌舰上起飞。新华社发(韩成摄)
图说5:当地时间10月19日,中俄首次海上联合巡航舰艇编队在西太平洋海域联合机动。这是俄方舰载直升机从俄方“特里布茨海军上将”号大型反潜舰附近飞过。 新华社记者 孙鲁明 摄
图说6:当地时间10月19日,中俄首次海上联合巡航舰艇编队在西太平洋海域联合航渡。这是俄罗斯海军“克雷洛夫元帅”号指挥舰(下)与中国海军南昌舰(中)。新华社发(李唐摄)