Connect with us

Asia

တရုတ်-လာအို ရထားလမ်းပြေးဆွဲမှု “တစ်လကြာ”ကာလတွင် ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်မှု ကဏ္ဍ နှစ်ခုလုံး အရှိန်အဟုန်မြင့် တိုးတက်မှုရှိ

ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တရားဝင်စတင် ဖွင့်လှစ်ခဲ့သည်။ တစ်လကြာ ကာလတွင် မြောက်ဘက် တရုတ်နိုင်ငံ ကူမင်းမြို့မှ အစပြု၍ တောင်ဘက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ထိ ရောက်ရှိသည့် ဤနိုင်ငံတကာ ရထားလမ်းကြီး၏ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်မှု ကဏ္ဍ နှစ်ခုစလုံးသည် အရှိန်အဟုန်မြင့်တိုးတက်မှု ရှိလာခဲ့သည်။
တစ်လအတွင်း တရုတ်-လာအို ရထားလမ်းတွင် စုစုပေါင်း သယ်ယူပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၆၇၀,၀၀၀ ၊ ကုန်ပစ္စည်း တန်ချိန် ၁၇၀,၀၀၀ ရှိရာ တစ်လပြည့်အောင်စာရင်းက မျက်စိလင်းစေခဲ့ကြောင်း China State Railway Group Co., Ltd.က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းဘူတာတွင် ရပ်နားနေသည့် “လန်ချန်း”ကျည်ဆန်းရထားကြီးအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်လည်ပတ်ပြီးနောက် လာအိုနိုင်ငံတွင် ရထားလမ်းသယ်ယူပို့ဆောင်ရေး ရာစုသစ်ကို စတင်ခဲ့ခြင်း ဖြစ်သလို တရုတ်နိုင်ငံ၏ ဖူအော်၊ ရှစ်ဆောင်ပဏ္ဏားတို့တွင် ရထားလမ်းမပေါက်သည့် သမိုင်းကို အဆုံးသတ်နိုင်ခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံအတွင်း ရထားလမ်းအပိုင်းတွင် ကျည်ဆန်ရထား နေ့စဉ် အသွားအပြန် ၃၁.၅ ခေါက်စီ အသီးသီးရှိရာ ပျမ်းမျှအားဖြင့် မိနစ် ၃၀ ခန့်လျှင် တစ်စီးနှုန်း မောင်းနှင်ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်က နေ့စဉ် ပို့ဆောင်ပေးသည့် ခရီးသည် အကြိမ်ရေ ၁၉,၀၀၀ မှ ၃၃,၀၀၀ ထိ တိုးတက်လာခဲ့ရာ စုစုပေါင်း ပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၆၂၀,၀၀၀ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ လာအိုနိုင်ငံ ရထားလမ်းအပိုင်းတွင် “လန်ချန်း”ကျည်ဆန်ရထားစီး သွားလာမှုလိုအပ်ချက်က အလွန်များပြားခဲ့ရာ စနေ၊တနင်္ဂနွေနှင့်ရုံးပိတ်ရက်များတွင် ခရီးသည်သွားလာမှုပမာဏက ပြည့်လျှံနေသဖြင့် စတင်ဖွင့်လှစ်ချိန်က နေ့စဉ်ပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၁,၀၀၀ ရှိရာမှ အမြင့်ဆုံး ၂,၆၀၀ ထိမြင့်တက်လာပြီး စုစုပေါင်း ပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၅၀,၀၀၀ကျော် ရှိပြီဖြစ်ကြောင်း၊ နှစ်ကူးပိတ်ရက်ကာလတွင် ဗီယင်ကျန်း-ဘိုဒင် ကျည်ဆန်ရထား နေ့စဉ် အသွားအပြန် ၁ ခေါက်စီ ထပ်တိုးပြေးဆွဲပေးကာ လာအိုနိုင်ငံ အများပြည်သူပွဲတော်ကာလ သွားလာရေးလိုအပ်ချက်အား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

တရုတ်-လာအို နှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးလိုဏ်ဂူသို့ ဖြတ်သန်းတော့မည့် ကုန်စည်ရထားကြီးအား ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာမှ ထွက်ခွာသွားသည့် “လျန်ချန်း”ကျည်ဆန်ရထားကြီးအား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံနှင့်အာဆီယံအကြား တည်ဆောက်သည် အဆင်ပြေလွယ်ကူမြန်ဆန်သည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုဖြစ်ရာ ကူမင်းမှ ဗီယင်ကျန်းသို့ ကုန်ရထားပို့ဆောင်မှုသည် အမြန်ဆုံး မိနစ် ၃၀ သာကြာမြင့်ရာ သယ်ယူပို့ဆောင်ရေးအချိန်နှင့်ကုန်ကျစရိတ်သည် ကားလမ်းပို့ဆောင်ရေးထက်များစွာ လျော့နည်းမှုရှိကြောင်း သိရသည်။ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြီးနောက် ကုန်စည်ရထား အစီးရေ စုစုပေါင်း ၃၈၀၊ ကုန်တန်ချိန် ၁၇၀,၀၀၀ ပို့ဆောင်ပြီးဖြစ်ရာ ၎င်းအနက် နိုင်ငံတကာ ကုန်စည်ရထား အစီး ၇၀ ၊ ကုန် တန်ချိန် ၅၀,၀၀၀ ကျော် ပို့ဆောင်မှုရှိကြောင်း၊ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းအမျိုးအစားများက မပြတ်တိုးပွားလာရာ စတင်ဖွင့်လှစ်ချိန် ကနဦးကာလတွင် ရာဘာ၊ မြေဩဇာ၊ ကုန်စုံပစ္စည်းများမှ အီလက်ထရောနစ်၊ Photovoltaic၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ်၊ အထည်၊ ဟင်းသီးဟင်းရွက်၊ ပန်းပင်စသည့် ကုန်ပစ္စည်းများအထိ ပါဝင်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
(经济)中老铁路“满月” 客货运输两旺

2022-01-03 14:08:36
新华社北京1月3日电(记者樊曦)2021年12月3日,中老铁路正式开通运营。一个月来,这条北起中国昆明、南至老挝万象的国际铁路,客货运输两旺。记者3日从中国国家铁路集团有限公司获悉,开通运营一个月来,中老铁路累计发送旅客67万人次,发送货物17万吨,交出“满月”亮眼成绩单。

中老铁路开通运营后,老挝开启铁路运输新纪元,中国的普洱、西双版纳也结束了不通铁路的历史。中老铁路列车安全、绿色、高效、便捷,成为沿线民众出行的首选,旅客发送量强劲增长。国内段每天开行动车组列车最高达31.5对,平均每30分钟左右开行一趟,单日发送旅客由开通时的1.9万人次增至最高3.3万人次,累计发送旅客62万人次;国外段旅客乘坐“澜沧号”出行的需求十分旺盛,周末和节假日客流火爆,单日发送旅客由开通时的1000人次增至最高2600多人次,累计发送旅客5万人次,在元旦假期加开万象至磨丁动车组列车1对,满足老挝民众节日出行需求。

中老铁路在中国和东盟间构建起一条便捷物流通道,昆明至万象货物列车全程最快仅需30小时,运输时间和成本较公路大幅压缩。中老铁路开通以来,累计开行货物列车380列,发送货物17万吨,其中国际货物列车70列,发送货物超过5万吨。货物品类不断增加,从开通初期的橡胶、化肥、百货扩展至电子、光伏、通信、汽车、纺织、蔬菜、鲜花等产品。(完)
图说1:2021年10月15日,“澜沧号”动车组通过中老友谊隧道内的两国边界。新华社发(曹安宁 摄)
图说2:2021年11月21日,在老挝首都万象,“澜沧号”动车组停靠在中老铁路万象站。新华社发(凯乔摄)
图说3:12月4日,货物列车即将驶入位于中老边境的友谊隧道(无人机照片)。 新华社记者 江文耀 摄
图说4:12月3日,“澜沧号”动车组列车驶离老挝万象站。新华社发(凯乔摄)