Connect with us

Economy

တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး နိုင်ငံတကာ ကုန်တင်ရထားသည်် မိုဟန်ရထားလမ်း နယ်စပ်ဂိတ်ဖြတ်ကျော်ကာ လာအိုသို့ ပြေးဆွဲ

ယူနန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ကူမင်းဘူတာမှထွက်ခွာလာသော ကုန်စည်အပြည့်တင်ဆောင်ထားသည့် နိုင်ငံတကာ ကုန်တင်ရထားတစ်စင်းသည် မိုဟန်ရထားလမ်း နယ်စပ်ဂိတ်သို့ ဝင်ရောက်ခဲ့ပြီး တရုတ်-လာအို ချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းမှတဆင့် လာအိုနိုင်ငံသို့ ဝင်ရောက်မည်ဖြစ်သည်။ ၎င်းသည် တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ပြီးနောက် ပထမဆုံး နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ရထားဖြစ်ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်ရထားလမ်းကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံတကာရထားလမ်းတစ်ခုဖြစ်ကြောင်း၊ ယင်းရထားလမ်းသည် မြောက်ဘက်တွင် ယူနန်ပြည်နယ်၊ကူမင်းမြို့မှ စတင်ကာ တရုတ်နိုင်ငံ မိုဟန်နယ်စပ်ဂိတ်နှင့် လာအိုနိုင်ငံ ဘိုတန်နယ်စပ်ဂိတ်တို့ကို ဖြတ်သန်းပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိကြောင်းနှင့် တရုတ်-လာအိုရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၁,၀၃၅ ကီလိုမီတာရှိကြောင်း သိရသည်။

တရုတ်-လာအို နယ်စပ်ရှိ ချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းအတွင်းဝင်ရောက်မည့် ကုန်တင်ရထားကို ဒီဇင်ဘာ ၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို နယ်စပ်ရှိ ချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းအတွင်းဝင်ရောက်မည့် ကုန်တင်ရထားကို ဒီဇင်ဘာ ၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို နယ်စပ်ရှိ ချစ်ကြည်ရေးဥမင်လိုဏ်ခေါင်းအတွင်းဝင်ရောက်မည့် ကုန်တင်ရထားကို ဒီဇင်ဘာ ၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ရထားလမ်း အပြည့်အဝ လည်ပတ်ပါက ရထားသွားလာချိန်သည် ၂၄ နာရီအတွင်းဖြစ်ပြီး လက်ရှိ သွားလာချိန် ၄၈ နာရီထက် လျော့နည်းသွားမည်ဖြစ်ကြောင်းနှင့် တရုတ်-လာအိုအကြား ကုန်စည်ပို့ဆောင်မှု၏ အချိန်နှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

(新华全媒+)中老铁路首趟国际货物列车经磨憨铁路口岸前往老挝

2021-12-04 16:08:27 分类: 行业经济
新华社照片,勐腊(云南),2021年12月4日
中老铁路首趟国际货物列车经磨憨铁路口岸前往老挝
当日清晨,从昆明站始发、满载货物的国际货物列车抵达磨憨铁路口岸,随后这趟列车将穿过友谊隧道前往老挝。这是中老铁路开通后开行的首趟国际货物列车。

中老铁路是与中国铁路网直接连通的国际铁路,线路北起云南昆明,经中国磨憨铁路口岸和老挝磨丁铁路口岸,进入老挝北部地区,最终到达老挝万象,线路全长1035公里。

中老铁路全线通车运营后,云南昆明至老挝万象,铁路运行时间24小时以内,少于现在48小时左右的公路行车时间,将让中国与老挝间货物运输时间、物流成本大幅降低。

图说1-12月4日,在磨憨铁路口岸等待通行的货物列车(无人机照片)。新华社记者 江文耀 摄
图说2-12月4日,货物列车即将驶入位于中老边境的友谊隧道。新华社记者 江文耀 摄
图说3-12月4日,货物列车驶入位于中老边境的友谊隧道。新华社记者 江文耀 摄
图说4-12月4日,货物列车即将驶入位于中老边境的友谊隧道(无人机照片)。新华社记者 江文耀 摄