Connect with us

Science & Technology

တရုတ်-လာအို ရထားလမ်း “အစိမ်းရောင်လမ်း”အဖြစ် တရုတ်နိုင်ငံ၏ ဂေဟစံချိန်စံညွှန်းများဖြင့် ပြောင်းလဲလာ

ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

“ဆောက်လုပ်ရေးတစ်ပိုင်းလုပ်ပြီးရင် စိမ်းလန်းစိုပြည်အောင်တစ်ပိုင်းလုပ်ရတယ် ၊ ဒါက ထိရောက်မြင့်မားတဲ့ ဆောက်လုပ်ရေးတောင်းဆိုချက်တင်မဟုတ်ဘူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်တဲ့ဆောက်လုပ်ရေးဖြစ်ဖို့ စဉ်းစားတာလည်းပါတယ်၊ နည်းနည်းမှ လျော့တိလျော့ရဲလုပ်လို့မရပါဘူး”ဟု China Railway ErJu 6th Engineering Co.,Ltd၏ တရုတ်-လာအိုရထားလမ်းစီမံကိန်း အင်ဂျင်နီယာချုပ် ဟွမ်သိုက်ဝန်က ပြီးခဲ့သည့်ရက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဆင်ဟွာ သတင်းထောက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံ ဆောက်လုပ်ရေးဝန်ထမ်းများ တင်းကျပ်စွာ လိုက်နာရသည့် ဂေဟစနစ်စံချိန်စံညွှန်းများကြောင့် တရုတ်-လာအို ရထားလမ်းတစ်လျှောက်တွင် ရောင်စုံ သစ်ပင်ပန်းမံမြက်ခင်းများစိုပြည်နေသည့် “အစိမ်းရောင်လမ်း”ဖြစ်လာသည်ကို တွေ့မြင်နိုင်သည်။

လာအို ရောက်စက တရုတ်-လာအိုရထားလမ်းတစ်လျှောက် ဖြတ်သန်းသွားသည့် တောတောင်ရေမြေများတွင် စိမ်းလန်းစိုပြေမှုများအတိပြည့်ဝနေရာ နှစ်ခြိုက်တန်ဖိုးထားဖွယ် ဖြစ်စေခဲ့သည်ဟု ဟွမ်သိုက်ဝန်က ဆိုသည်။ ဗီယင်ကျန်းမြောက်ဘက်ဘူတာကြီး စတင် တည်ဆောက်စဉ်က လုပ်ငန်းခွင် လမ်းကြောင်းမရှိခြင်းကြောင့် ဟွမ်သိုက်ဝန် ဝန်ထမ်းများကို ဦးဆောင်ပြီး နေ့ညအဆိုင်းခွဲ ဆောက်လုပ်ရေးပစ္စည်းရွေ့လျာရာလမ်းကြောင်းကို ပင်ပင်ပန်းပန်းဖောက်လုပ်ခဲ့ရသလို မူလရှိနေသည့် သစ်ပင်ဖုံးလွှမ်းရာနေရာကို တတ်နိုင်သမျှကာကွယ်ထိန်းသိမ်းဖို့ရာ လမ်းကြောင်းရှောင်ပြီး မီတာဒါဇင်နှင့်ချီ ပိုဖောက်လုပ်ခဲ့ရကြောင်း ဆိုသည်။

တရုတ်-လာအို ရထားလမ်း ယွီရှီး-မိုဟန်လမ်းအပိုင်း၏ မြင်ကွင်းအား ဩဂုတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂေဟစနစ် ထိန်းသိမ်းရေးအသိသည် လက်တွေ့တွင် ဆောင်ရွက်ရန်လိုအပ်သည်။ ကုမ္ပဏီ စီမံကိန်းဌာနက သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ခြင်း လမ်းညွှန်မှုဖြင့် အစိမ်းရောင်လုပ်ငန်းခွင်တည်ဆောက်ရေးစနစ်ကို အားထားဆောင်ရွက်ခဲ့ရာ လမ်းကြမ်းခင်းနှစ်ဖက်ကုန်းစောင်း စိမ်းလမ်းစိုပြေရေး အရန် ပစ္စည်းကိရိယာများထုတ်လုပ်ပြီး မူပိုင်ခွင့်လျှောက်ထားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပန်နား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မုန်လာ့ခရိုင်ရှိ တရုတ်-လာအို ရထားလမ်းအပိုင်းနှင့် ကူမင်း-ဘန်ကောက် ယာဉ်သွားလမ်းအား စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒေသအခြေအနေနှင့်ကိုက်ညီမှုရှိသည့် လမ်းကြမ်းခင်းသုံးနေကျ သစ်ပင်များကို ရွေးချယ်နိုင်ရန်အတွက် စီမံကိန်းတွင် ဘာသာပြန်လုပ်ကိုင်နေသည့် ယန့်လိကျွန်းက လာအိုဝန်ထမ်းများနှင့် အနီးဝန်းကျင်နေထိုင်သူများကို မေးမြန်းသင်ယူမှုပြုခဲ့ရာ ဒေသနှင့်လျော်ညီသည့် သစ်ပင်ပျိုးပင်များကို ယူဆောင်ကာ နည်းပညာအဖွဲ့က ပျိုးခင်းအစားထိုး ရွှေ့ပြောင်းစိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့သည်။

အစိမ်းရောင် သစ်ပင်များ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် စီမံကိန်းဌာနက အမျိုးသမီးဝန်ထမ်းများက ဥယျာဉ်မှူးအဖွဲ့ ဖြစ်လာသည်။ အဖွဲ့တွင် လာအိုနိုင်ငံမှ ညီအမများက စိုက်ပျိုးရေးအတွေ့အကြုံပိုများရာ ၎င်းတို့ထဲက ခိုင်ချောင်ဟုခေါ်သည့် လာအိုနိုင်ငံ ဝန်ထမ်းတစ်ဦးက အလွန်ထူးချွန်ကြောင်း ဆိုသည်။ “ခိုင်ချောင် ရွှေ့ပြောင်းစိုက်ပျိုးထားတဲ့ ပုဏ္ဏရိပ်လေးတွေ ကြီးထွားလာတာက ချစ်စဖွယ်ပါပဲ။ နောက်ပိုင်းကျမှ ကျွန်တော်တို့လည်းသိတယ် သူရဲ့ အပင်ကိုင်းကူးစိုက်ပျိုးတဲ့နည်းလမ်းက ကျွမ်းကျင်မှုရှိတယ်၊ ဒါနဲ့နောက်ပိုင်းတော့ သူ့ကို အခြားသူတွေပြန်ပြီး သင်ပြပေးပါလို့ ပြောရတာပေါ့ ”ဟု စီမံကိန်းစီမံခန့်ခွဲမှု မန်နေဂျာ ကုန်ဖိန်ချန်းက ဆိုသည်။

တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက် နှင့် လာအိုနိုင်ငံ၏ “ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်ငံသို့ ပြောင်းလဲခြင်း”မဟာဗျူဟာ ချိတ်ဆက်ထားသည့် စီမံကိန်းဖြစ်သည်။ ၎င်းအနက် လာအိုနိုင်ငံအပိုင်းသည် မြောက်ဘက် လာအို-တရုတ် နယ်စပ် Botenဂိတ်မှ အစပြုပြီး တောင်ဘက် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းအထိ ပေါက်ရောက်သည့် အရှည် ကီလိုမီတာ ၄၀၀ ကျော်ရှိ ရထားလမ်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဘက်စုံစတင်ခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ပြေးဆွဲရန် ခန့်မှန်းထားကြောင်း သိရသည်။

မြို့ပြတည်ဆောက်ရေးစတင်သည့်အချိန်မှစပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တည်ဆောက်မှု ပုံရိပ်များကို တရုတ်-လာအို ရထားလမ်းတစ်လျှောက်တွင် အဆက်မပြတ် တွေ့မြင်နိုင်သည်။ ဆောက်လုပ်ရေးလမ်းအပိုင်းအသီးသီးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများသည် လမ်းဖောက်လုပ်တည်ဆောက်မှုနှင့်အတူတစ်ပါတည်း ဒီဇိုင်းရေးဆွဲ၊ အကောင်အထည်ဖော်ဆောင်ရွက်၊ စိစစ်လက်ခံခြင်းများ ပြုလုပ်ပြီး “အစိမ်းရောင်လမ်း”တည်ဆောက်နိုင်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံဘက်အခြမ်း မြောက်ဘက်စွန်း လမ်းအပိုင်းတစ်ခုတွင် China Railway No.5 Engineering Co.,Ltdက ဒီဇိုင်းရေးဆွဲမှုနှင့် လာအိုနိုင်ငံ၏လက်တွေ့အခြေအနေကို ပေါင်းစပ်ကာ ဒေသရှိ ပုဏ္ဏရိပ်ပန်း၊ ဆောင်းစံပယ်၊ မြက်ပင်လေးများ စသည်တို့ကို ရွေးချယ်ကာ လမ်းကြမ်းခင်းနှစ်ဖက်နှင့်လိုဏ်ဂူဝဘေးဘက် ကုန်းစောင်းလေးများတွင် အစိမ်းရောင်တည်ဆောက်မှုပြုလုပ်ခဲ့ရာ ရထားလမ်းတည်ဆောက်ပြီးသည်နှင့် လမ်းတစ်လျှောက် အလှမြင်ကွင်းကို ရှုစားနိုင်မည်ဖြစ်သည်။

ရထားလမ်း၏အလယ်ပိုင်းPower China, SinoHydro Bureau 10 Co.,LTDမှ တာဝန်ယူတည်ဆောက်သည် အမှတ် ၅ တင်ဒါလမ်းအပိုင်းသည် လာအိုနိုင်ငံ၏ ခရီးသွားမြို့လေးVang Viengကို ဖြတ်သန်းသွားခြင်းဖြစ်ရာ စီမံကိန်းဌာနက ဆောက်လုပ်ရေးလုပ်ငန်း၊ နေထိုင်မှုများ ဒေသခရီးသွားလာမှုနှင့် ရှုမျှော်ခင်းများကို သက်ရောက်မှုမရှိစေရန် အစဉ်တစ်စိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သီးသန့် လူစီစဉ်၍ လုပ်ငန်းခွင် အညစ်အကြေးစွန့်ပစ်မှုစနစ်ကို ထိန်းသိမ်းစေခြင်း၊ အလုံပိတ်အမှိုက်ပုံးများ ထားရှိစေခြင်း၊ ကွန်ကရစ်ရောစပ်စခန်းနှင့်လိုဏ်ဂူများတွင် ညစ်ညမ်းရေအနည်ကျဆေးကန်နှင့် ရေသန့်စင်ကန်များ တည်ဆောက်ထားပြီး လုပ်ငန်းခွင်မှစွန့်ထုတ်သည့်ရေးများကို သန့်စင်ပြီး သတ်မှတ်ချက်နှင့်ညီမှသာ စွန့်ထုတ်စေခြင်းများ ပြုလုပ်ခဲ့သည်။
China Railway No.2 Group တာဝန်ယူဆောင်ရွက်သည့် တောင်ဘက်စွန်း အမှတ် ၆ တင်ဒါလမ်းပိုင်းသည် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းနှင့် ဗီယင်ကျန်းပြည်နယ်တွင် ရှိရာ လာအို၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားအချက်အချာနေရာဖြစ်သည်။

တရုတ်-လာအိုရထားလမ်းတည်ဆောက်သူများသည် တရုတ်နိုင်ငံအတွင်း ရထားလမ်းတည်ဆောက်ရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွေ့အကြုံများကို နမူနာယူကာ “ဥတုလေးပါး အမြဲစိမ်းလန်းစိုပြေရေး၊ ရာသီသုံးမျိုးပန်းပေါင်းစုံပွင့်လန်းရေး၊ မြက်ပင်သစ်ပင်ပေါင်းစပ်ထားရှိရေး၊ ရောယှက်ပေါင်းစည်းမှုတွင် စနစ်တကျရှိစေရေး၊ ဒေသနှင့်လျော်ညီရေး၊ ထူးခြားချက်ပေါ်လွင်အောင်၊ လုံခြုံမှုရှိအောင်၊ သိပ္ပံနည်းကျ ထိန်းသိမ်းထားရှိရေး”စသည့် အစိမ်းရောင်အသွင်ပြောင်းမူဝါဒများကို သတ်မှတ်ခဲ့သည်။

လမ်းကြမ်းခင်းနေရာများအား အပြည့်အဝအသုံးချကာ လမ်းဘေးနှစ်ဖက်တွင် လာအိုနိုင်ငံ၏မူလသဘာဝအပင်လေးများထားရှိကာ ဇီဝပြုပြင်မှုကို အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဘူတာရုံခြံဝန်းတိုင်းတွင် ဒေသ၏ထူးခြားချက်၊လူမှုယဉ်ကျေးမှုရှုမြင်ကွင်းများအလိုက် စိမ်းလန်းစိုပြေရေးနည်းလမ်းများကို သီးသန့် ဒီဇိုင်းရေးဆွဲပြီး အစိမ်းရောင်အသွင်ပြောင်းမှုရလဒ်များများကို အနီးပတ်ဝန်းကျင်ရှုမြင်ကွင်းနှင့်တစ်သားတည်းကျအောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းတွေလို့ဆိုရာမှာ ဂေဟနစ်စံချိန်စံညွှန်းတွေလည်းပါပါတယ်။ တရုတ်-လာအိုရထားလမ်းလို စီမံကိန်းကြီးကို သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအနည်းဆုံးနဲ့ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့တာက လာအိုနိုင်ငံပြည်သူများအမြင်မှာ မဖြစ်နိုင်ဘူးဆိုတဲ့အများအပြားကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ” လာအို-တရုတ် ရထားလမ်း ကုမ္ပဏီတာဝန်ခံ ရှောင်းချန်ဝန်က နိုဝင်ဘာ ၁၄ ရက်က ဆင်ဟွာသတင်းထောက်ကို ပြောပြခဲ့သည်။

တရုတ်-လာအိုရထားလမ်းတစ်လျှောက် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ယူဆောက်ရွက်သည့်ဌာနတိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးတည်ဆောင်ရွက်ရန် ဦးဆောင်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဖုန်နည်းဆူညံသံနည်းပါးရေ၊ ညစ်ညမ်းရေ စီမံခန့်ခွဲရေး၊ ဆောက်လုပ်ရေးနှင့်အတူ စိမ်းလမ်းစိုပြေရေးလုပ်ဆောင်ခဲ့ရာ လမ်းကြောင်းတစ်လျှောက်ပြည်သူလူထု၏နေထိုင်မှုနှင့်ကုန်ထုတ်လုပ်မှုများကို သက်ရောက်မှုနည်းအောင် အထူးသဖြင့် စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများအတွက် ဖြစ်နိုင်သည့် သက်ရောက်မှုများကို အတတ်နိုင်ဆုံး လျှော့ချ ဆောင်ရွက်ခဲ့သည်မှာ ဒေသခံလူထုနှင့်အစိုးရ၏ နှစ်သက်ချီးကျူးမှုများကို ရရှိခဲ့ကြောင်း ဆိုသည်။

တရုတ်-လာအို ရထားလမ်းတည်ဆောက်သူများသည် တောတောင်ရေမြေအား ထိန်းသိမ်းစောင့်ရှောက်ပြီး သစ်ပင်ပန်းမံများစိုက်ပျိုးခဲ့ကြရာ စိုပြေစိမ်းလန်းစွာ ဝေဆာနေသည့် သစ်ပင်ပန်းမံများအကြားတွင် လှပစွာ သွယ်တန်းထားသည့် ရထားလမ်းကြီးအား လမ်းတစ်လျှောက် အလျှိုလျှိုတွေ့မြင်နိုင်မည် ဖြစ်သည်။ (Xinhua)

#China, #Laos, #Railway, #Ecological, #Green, #xinhua, #xinhuamyanmar,
#တရုတ်, #လာအို, #ရထားလမ်း, #ဂေဟပတ်ဝန်းကျင်, #အစိမ်း‌ရောင်, #ဆင်ဟွာ

————————————————
(Chinese Version)

(国际)通讯:中国生态标准让中老铁路变身“绿色之路”
2021-11-15 13:20:47
新华社万象11月15日电通讯:中国生态标准让中老铁路变身“绿色之路”
新华社记者章建华 黄宁树

“施工完一段,必须绿化一段,这不仅仅是流水化高效率施工的要求,也是环保施工的考虑,容不得一丝折扣。”中铁二局六公司中老铁路项目部总工程师黄代文日前在老挝首都万象对记者说。由于中国建设者坚持严格生态标准,中老铁路沿线草木葱茏,万花缤纷,变身为“绿色之路”。
黄代文说,刚到老挝时,放眼中老铁路经过的山川河流,满是郁郁葱葱绿色,不由让人倍感珍惜。刚建设万象北站时,施工现场没有道路,黄代文带领员工“你一锤我一镐,早晚两班换着倒”,辛辛苦苦修建出机械便道,而为了尽量保护原先的植被,这条便道因绕过植被多修出了几十米。
有生态保护意识还得有实施手段。公司项目部以科技创新为引领,着力构建绿色施工体系,开发出“路基边坡绿化施工辅助卡具及装置”,还申请了国家专利。

为了选取适合当地情况的路基常用植物,项目女翻译任丽娟向老挝员工和附近居民请教,带回一些合适的当地植物幼苗,引导技术团队采用移栽替代育苗种植。

在移栽绿植过程中,由项目部女性员工组成的“红花园丁队”应运而生。园丁队中一些老挝姐妹有着丰富的种植经验,其中一位名叫凯乔的老挝员工的表现最为突出。“经过凯乔移栽的龙船花,长势最是喜人。后来我们了解到,她的扦插手法比较专业,于是拜托她教授更多人学习这种手法。”项目行政经理龚平昌告诉记者。

中老铁路是中国“一带一路”倡议与老挝“变陆锁国为陆联国”战略对接项目。其中,老挝段北起老中边境口岸磨丁,南至老挝首都万象,全长400多公里。工程于2016年12月全面开工,计划2021年12月建成通车。
自土建工程开始,环保施工故事就在中老铁路沿线不断涌现。记者在采访中了解到,各标段建设单位始终坚持环保工作与工程建设同设计、同施工、同验收,全力争取建好“绿色之路”。

在中老铁路老挝段最北端的一标段,中铁五局根据设计方案,结合老挝实际情况,选取当地的小叶龙船花、迎春花、地毯草等,对路基两侧和隧道口边坡进行绿化施工,既修建好了铁路又让沿线极具观赏性。
在中段中国电建水电十局负责施工的五标段,铁路途经老挝旅游小城万荣,项目部一直坚持确保施工、生活不影响当地旅游活动和景观。安排专人检查维护营区排污系统,设置密封式零散垃圾收集桶;混凝土拌和站以及各隧道都修建了污水沉淀池和清水池,施工产生的污水须处理达标后才能排放……
中铁二局负责最南端的六标段,位于老挝首都万象市和万象省境内,是老挝政治、经济、文化和旅游中心。中老铁路建设者参考借鉴中国国内铁路环保经验,制定“四季常绿、三季有花,乔灌结合、错落有致,因地制宜、体现特色,安全可控、科学管养”的绿化原则,区间路基充分利用线路两侧老挝原始植被,进行最大限度生态修复。每个站场根据地域特色和人文景观,专门设计绿化方案,实现绿化效果与周边景色的融合统一。
“中国标准也包括生态标准。中老铁路这样大体量的项目实现环境低度开发,完成了老挝人民眼中的许多‘不可能’。”老中铁路有限公司负责人肖乾文14日对新华社记者介绍,中老铁路沿线各施工单位针对环境保护都成立了领导小组,降尘降噪、污水处理、边施工边绿化……项目建设与环境保护齐头并进,最大限度地减少对沿线民众生产生活,尤其是对学校、医疗站点可能造成的干扰,赢得当地民众和政府的赞许。
中老铁路建设者们守山护水、栽花种草。中老铁路沿线被花草烂漫覆盖,让这条美丽铁路隐现于青山绿水间。(完)

图说1:9月11日在云南西双版纳傣族自治州勐腊县境内拍摄的中老铁路(中)与昆曼大通道(无人机照片)。 新华社发(李云生 摄)
图说2:这是8月1日拍摄的中老铁路玉(溪)磨(憨)段景色。 新华社发(刘顺良 摄)
图说3:9月11日在云南西双版纳傣族自治州勐腊县境内拍摄的中老铁路(中)与昆曼大通道(无人机照片)。 新华社发(李云生 摄)