Connect with us

Politics, Law & Military

တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သင့်ကြောင်း သမ္မတရှီကျင့်ဖိန် ပြောကြား

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့တွင် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီက လက်ရှိ တရုတ်-အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်အဆင့်ရှိသလို လူသားတို့၏ “ကမ္ဘာ့ကျေးရွာကြီး”သည်လည်း များစွာသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကမ္ဘာ့ရှေ့ဆောင် စီးပွားရေးအစုအဖွဲ့ကြီး နှစ်ခုနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအနေဖြင့် ဆွေးနွေးညှိနှိုင်းမှု၊ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သင့်ကြောင်း ၊ မိမိတို့အနေဖြင့် ကိုယ့်ပြည်တွင်းရေးကို အသီးသီး ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံတကာ၌ထမ်းဆောင်သင့်သည့် တာဝန်များကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ရာ လူသားတို့၏ ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေးအတွက် မြင့်မြတ်သည့်လုပ်ငန်းကြီး အတူတကွ တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ၎င်းမှာ တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးပြည်သူများ၏ တူညီသော မျှော်မှန်းချက်ဖြစ်သလို တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်၏ တူညီသော သမိုင်းပေးတာဝန်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံ ဖွံ့ဖြိုးရေးကို အသီးသီး တွန်းအားပေး ဆောင်ရွက်ပြီး ငြိမ်းချမ်းတည်ငြိမ်သည့် နိုင်ငံတကာပတ်ဝန်းကျင်းကို ကာကွယ်ထိန်းသိမ်းကြရာတွင် ဥတုရာသီ ပြောင်းလဲမှု ၊ ကိုဗစ်ကပ်ရောဂါအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသည့်အခါ မှန်ကန်တည်ငြိမ်သည့် တရုတ်-အမေရိကန်ဆက်ဆံရေးတစ်ခု လိုအပ်ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင့်သင့်ကြောင်း၊ မိမိအနေဖြင့် သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ သဘောတူညီချက်များထားရှိကာ တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အပြုသဘော ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ၎င်းမှာ နှစ်နိုင်ငံပြည်သူများ၏ လိုအပ်ချက်ဖြစ်သလို နိုင်ငံတကာ အသိုက်အဝန်း၏ မျှော်မှန်းရာလည်း ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။ (Xinhua)

—————————————————–
(Chinese Version)

习近平:中美应该相互尊重、和平共处、合作共赢,既办好各自国内的事情,又承担起应尽的国际责任
2021-11-16 09:08:16 来源: 新华社微博
国家主席习近平16日上午在北京同美国总统拜登举行视频会晤。
习近平指出,当前,中美发展都处在关键阶段,人类的“地球村”也面临诸多挑战。中美作为世界前两大经济体和联合国安理会常任理事国,应该加强沟通和合作,既办好我们各自国内的事情,又承担起应尽的国际责任,共同推进人类和平与发展的崇高事业。这是中美两国和世界各国人民的共同愿景,也是中美两国领导人的共同使命。

习近平强调,推动中美各自发展,维护和平稳定的国际环境,包括有效应对气变、新冠肺炎疫情在内的全球性挑战,都需要一个健康稳定的中美关系。中美应该相互尊重、和平共处、合作共赢。我愿同总统先生一道,形成共识,积极行动,引领中美关系积极向前发展。这是造福两国人民的需要,也是国际社会的期待。