Connect with us

North America

တရုတ်-အမေရိကန် ဥတုရာသီဆိုင်ရာ လုပ်ဆောင်မှုများ အားဖြည့်ဆောင်ရွက်ရေး ပူးတွဲကြေညာချက် သဘောတူညီမှုရရှိ

ဂလပ်စဂိုး၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

“တရုတ်-အမေရိကန် ၂၀၂၀ ပြည့်လွန်နှစ် ဥတုရာသီဆိုင်ရာ လုပ်ဆောင်မှုများ အားဖြည့်ဆောင်ရွက်ရေး ဂလပ်စဂိုး ပူးတွဲကြေညာချက်”ကို တရုတ်၊အမေရိကန် နှစ်နိုင်ငံက ကုလသမဂ္ဂ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ဂလပ်စဂိုးအစည်းအဝေးကာလ နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယနေ့အထိ ဥတုရာသီဆိုင်ရာ ဆောင်ရွက်မှုလုပ်ငန်းများကို နှစ်ဖက်စလုံးက တန်ဖိုးထားချီးကျူးခဲ့ကြရာ ဆက်လက်အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုခဲ့ကြပြီး ဘက်ပေါင်းစုံနှင့်အတူ ပါရီသဘောတူညီချက် အကောင်အထည်ဖော်ရေးကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

တူညီသည့်ဦးတည်ချက်ဖြင့် မတူညီသည့်တာဝန်ဝတ္တရားအသီးသီးသယ်ပိုးခြင်းနှင့်စွမ်းရည်ကို အခြေခံမူထားကာ၊ နိုင်ငံအသီးသီး၏အခြေအနေကိုထည့်သွင်းစဉ်းစားမှုတွင် အခြေပြု၍ ဥတုရာသီဆိုင်ရာ လုပ်ဆောင်ချက်များကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာသီဥတုအန္တရာယ်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၂၀ ပြည့်နှစ်များ ဥတုရာသီဆိုင်ရာ လုပ်ဆောင်မှုများ အားဖြည့်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့”ဖွဲ့စည်းပြီး ဥတုရာသီပြောင်းလဲမှုဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဘက်ပေါင်းစုံ တိုးတက်ရေး တွန်းအားပေး ဆောင်ရွက်သွားကြရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)
——————————————-
(Chinese Version)

(国际)中美达成强化气候行动联合宣言

新华社英国格拉斯哥11月10日电(记者郭爽 许凤)11月10日,中国和美国在联合国气候变化格拉斯哥大会期间发布《中美关于在21世纪20年代强化气候行动的格拉斯哥联合宣言》。双方赞赏迄今为止开展的工作,承诺继续共同努力,并与各方一道,加强《巴黎协定》的实施。在共同但有区别的责任和各自能力原则、考虑各国国情的基础上,采取强化的气候行动,有效应对气候危机。双方同意建立“21世纪20年代强化气候行动工作组”,推动两国气候变化合作和多边进程。(完)

图说1:这是11月9日在英国格拉斯哥拍摄的联合国气候变化大会会场内的一处标识。新华社记者 韩岩 摄