Connect with us

Europe

တရုတ်-ဥရောပ ရထား “အရှေ့လမ်းကြောင်း”၏ ယခုနှစ်အတွင်း ရထားပြေးဆွဲမှု ပထမဆုံးအကြိမ်အဖြစ် အစီးရေ ၄,၀၀၀ ကျော် ရှိလာ

ဟားအယ်ပင်း၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ယခုနှစ်အတွင်း တရုတ်-ဥရောပရထား အရှေ့လမ်းကြောင်းဖြစ်သည့် မန်ကျိုးလီနှင့် ဆွေဖန်ဟော် နယ်စပ်ဂိတ်မှ ဝင်ထွက်သွားလာသည့် တရုတ်-ဥရောပ ရထားသည် နိုဝင်ဘာ ၁၀ ရက်အထိဆိုလျှင် စုစုပေါင်း အစီးရေ ၄,၀၆၂ စီးရှိပြီး ပို့ဆောင်ခဲ့သည့်ကုန်ပစ္စည်းကွန်တိန်နာ(TEU) အလုံးရေ ၃၈၈,၈၇၆ ခု ရှိရာ ပြီးခဲ့သည့် ကာလတူထက် ၂၈.၁ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြောင်း China Railway Harbin Group Co.,Ltd.မှ သိရှိရသည်။၎င်းမှာ တရုတ်-ဥရောပရထား”အရှေ့လမ်းကြောင်း”၏ ယခုနှစ်အတွင် မောင်းနှင်သွားလာ ရထားအစီးရေ ပထမဆုံးအကြိမ်အဖြစ် ၄,၀၀၀ ကျော် ရှိလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်ကျိုးလီ ဘူတာဂိတ်တွင် ကွန်တိန်နာတင်ချနေမှုများအား အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်ကျိုးလီ ဘူတာဂိတ်တွင် ကွန်တိန်နာတင်ချနေမှုများအား အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် မန်ကျိုးလီ၊ ဆွေဖန်းဟော်နယ်စပ်ဂိတ်ကို ဖြတ်သန်းသည့် အပြန်ခရီးစဉ် တရုတ်-ဥရောပရထား၏ ကွန်တင်နာကုန်တင်မှု ၁၀၀ ရာခိုင်နှုန်းရှိပြီး ရထားလမ်းသည် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော် ဖြတ်သန်းသွားခြင်းဖြစ်သည်။ကုန်ပစ္စည်းစုစည်းရာနေရာများက ထျန်းကျင်း၊ ချန်ရှား၊ ကွမ်ကျိုး၊ စူးကျိုးစသည့် မြို့ပေါင်း ၆၀ ကို လွှမ်းခြုံထားသည်။ ရုရှားနိုင်ငံမှ ပျဉ်ချပ်၊ ကဒ်ထူစက္ကူ၊ သကြားလုံးနှင့်ပိုလန်နိုင်ငံမှ ကုန်မာ၊ မော်တော်ယာည်အပိုပစ္စည်းစသည့် ကုန်ပစ္စည်းများ ရထားဖြင့် သယ်ယူပိုဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)

中欧班列“东通道”年内开行中欧班列首次突破4000列

新华社哈尔滨11月11日电(记者王君宝)记者从中国铁路哈尔滨局集团有限公司获悉,截至11月10日,今年经中欧班列东部通道满洲里和绥芬河口岸进出境的中欧班列累计开行4062列、发送货物388876标箱,同比分别增长28.1%、35%。
这是中欧班列“东通道”年内开行中欧班列首次突破4000列。

目前,中欧班列经满洲里、绥芬河口岸返程重箱率达100%,线路通达10余个国家,主要集货地覆盖天津、长沙、广州、苏州等60个城市。来自俄罗斯的板材、牛皮纸、糖果和波兰的五金、汽配等商品实现成列运营。(完)

图说1:10月12日,中欧班列在满洲里铁路口岸等待发车。 新华社记者 彭源 摄
图说2,3:10月12日,作业车辆在满洲里口岸铁路集装箱场内装卸集装箱。新华社记者 彭源 摄