Connect with us

Africa & Middle East

တာလီဘန်များ နယ်မြေလုယူမှု ဖြစ်ပွား၊ အာဖဂန်အစိုးရက မြို့နေရာကို မျဉ်းနီအဖြစ် သတ်မှတ်ထား

ပေကျင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

အစိုးရဆန့်ကျင်ရေး တာလီဘက်လက်နက်ကိုင်များသည် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ်၏ အရေးကြီးသည့်ဒေသ Panjwayiကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ပြည်သူလူထုအမြောက်အမြား ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ယင်းပြည်နယ်အစိုးရအရာရှိတစ်ဦးက ဇူလိုင် ၄ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။တာလီဘန်များကို တိုက်ခိုက်ရန် အာဖဂန်လေတပ်က ပြင်ဆင်နေကြောင်း ၊ မြို့တွင်းဒေသကို တာလီဘန်လက်ထဲမရောက်ရန် မျဉ်းနီတားထားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Abdul Sattar Mirzakwalက ဆိုသည်။

【နယ်မြေများ ဆုံးရှုံးမှုရှိ】

Panjwayiဒေသသည် Kandaharပြည်နယ် မြို့တော်Kandaharနှင့် နီးကပ်ရာ မဟာဗျူဟာကျသည့် ယင်းနေရာကို တာလီဘန်တို့က သိမ်းပိုက်ရန်အတွက် နှစ်ပေါင်းများစွာ ယင်းဒေသနှင့်အနီးဝန်းကျင်တွင် အာဖဂန်အစိုးရတပ်နှင့် မကြာခဏ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ Laghmanပြည်နယ် Mehterlamရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရရှိသော ကလေးငယ်အား ဇူလိုင် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစိုးရတပ်နှင့်တာလီဘန်များအကြား တစ်ညလုံး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် အစိုးရတပ်က ထိုနေရာမှ မလွဲသာ၍ ဆုတ်ခွာခဲ့ရကြောင်း ၊ ရဲစခန်းနှင့်အုပ်ချုပ်ရေးမှူးရုံးနေရာကို တာလီဘန်တို့က သိမ်းပိုက်ခဲ့ကြောင်း Panjwayiဒေသ အုပ်ချုပ်ရေးမှူး Hasti Mohammadက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Parwanပြည်နယ် Bagramလေတပ်စခန်းအား အမေရိကန်နှင့်နေတိုးတပ်များ ရုပ်သိမ်းပြီးနောက် ဇူလိုင် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကန်ဒါဟာပြည်နယ်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက Panjwayiဒေသကို လက်လွှတ်လိုက်ရကြောင်း အတည်ပြုခဲ့သလို ယင်းမဟာဗျူဟာကျသည့်နေရာကို လုယူနိုင်ခဲ့ကြောင်း တာလီဘန်တို့က ကြေညာခဲ့သည်။

ဒေသခံပြည်သူများ Panjwayiဒေသမှ ထွက်ပြေးသိမ်းရှောင်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု AFPသတင်းထောက်က ဆိုသည်။ “တာလီဘန်တွေက ကျွန်မတို့ကားတွေကို သေနတ်နဲ့ပစ်တယ်။ အနည်းဆုံး ကျည်ဆန် (၅)ခု ကျွန်တော်တို့ စီးနင်းလာတဲ့ကားကို မှန်တယ်။ တာလီဘန်လက်နက်ကိုင်တွေ တောင်ပေါ်ကနေ ဖြတ်သန်းသွားတဲ့ ကားတိုင်းကို သေနတ်နဲ့ပစ်ခတ်မှုတွေလုပ်နေတယ်” ဒေသခံပြည်သူတစ်ဦးဖြစ်သည့် Giranက ဆိုသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်နှင့်နေတိုးအဖွဲ့ တပ်ဖွဲ့ဝင်များ မေ ၁ ရက်တွင်စ၍ ရုပ်သိမ်းခဲ့သည့်နောက်ပိုင်း တာလီဘန်များက ကြိမ်ဖန်များစွာ ထိုးစစ်ဆင်၍ အာဖဂန်အစိုးရတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ AFP၏သတင်းဖော်ပြချက်များအရ Panjwayiသည် Kandahar ပြည်နယ်တွင် ယခုရက်သတ္တပတ်များအတွင်း တာလီဘက်လက်ထဲသို့ ရောက်ရှိသည့် (၅)ခုမြောက်ဒေသ ဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် စစ်ဒဏ် နွံထဲမှ ရုံးထွက်ရန်အတွက် တာဝန်ယူမှုကင်းမဲ့စွာ အာဖဂန်မှတပ်ရုပ်သိမ်းခြင်းသည် အာဖဂန်အတွက် ဧရာမ လုံခြုံရေးလစ်ဟာမှုကြီး ချန်ရစ်ထားခြင်း ဖြစ်စေသည်ဟု သုံးသပ်သူအချို့က ယူဆကြသည်။

ပြီးခဲ့သည့် ရက်များက အာဖဂန်အခြေစိုက် အကြီးဆုံးစစ်စခန်းဖြစ်သည့် Bagramလေတပ်စခန်းမှ အမေရိကန်နှင့်နေတိုးတပ်ဖွဲ့များ အပြီးရုပ်သိမ်းခဲ့ရာ တာလီဘန်တို့ နယ်မြေလုယက်မှုများ ပို၍ လုပ်ဆောင်လာမည်ကို စိုးရိမ်လျက်ရှိသည်။

ဇူလိုင် ၃ ရက်တွင် တာလီဘန်များက အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း Badakhshanပြည်နယ်ရှိ နယ်စပ်တပ်စခန်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အာဖဂန်အစိုးရတပ်ဖွဲ့ဝင် (၃၀၀)ကျော် အိမ်နီးချင်း တာဂျစ်ကစ္စတန်နိုင်ငံသို့ တိမ်းရှောင်ခဲ့ရကြောင်း အေပီ သတင်းများအရ သိရသည်။ အဆိုပါသတင်းကို တာဂျစ်ကစ္စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက အတည်ပြုခဲ့သည်။

အာဖဂန်အစိုးရတပ်စိတ်ဓါတ်ကျနေခြင်းက တာလီဘန်တို့ နယ်မြေအချို့ထိန်းချုပ်ခွင့်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု Badakhshanနှင့်Kandaharပြည်နယ်၏ အစိုးရအရာရှိအချို့က ပြစ်တင်ခဲ့ကြသည်။ ပညာရှင်အချို့က ယခုရက်သတ္တပတ်များ၌ တာလီဘန်နှင့်ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အာဖဂန်အစိုးရတပ်ရှုံးနိမ့်ရသည့်အကြောင်းအရင်းမှာ အမေရိကန်လေတပ်၏ အကူအညီမရှိခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်ကြသည်။

【ထိုးစစ်ဆင်ရန် ပြင်ဆင်】

လုယူသွားသည့်နယ်မြေများတွင် တာလီဘန်၏ထိန်းချုပ်မှုသည် ယာယီသာဖြစ်ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန၏ ဇူလိုင် ၃ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။သို့သော် ထိန်းချုပ်ပိုင်ခွင့်ကို မည်သို့ ပြန်လည်ရယူမည်ကိုမူ ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

တာလီဘန်ကို တိုက်ခိုက်ရန် အာဖဂန်လေတပ်က အသင့်ပြင်ထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Abdul Sattar Mirzakwalက အာဖဂန် Dawnသတင်းဝဘ်ဆိုက်ကို ပြောကြားခဲ့သည်။ “သူတို့ကို အစွမ်းကုန် တိုက်ခိုက်သွားဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ၊ မြို့နေရာက ကျွန်တော်တို့ရဲ့ မျဉ်းနီပဲ”ဟု ၎င်းက ဆိုသည်။

ထိုပြောကြားချက်သည် မြို့တွင်းဒေသ၏လုံခြုံရေးကို အာဖဂန်လုံခြုံရေးတပ်က အာမခံပေးမည်ဆိုသည့် သဘောဖြစ်မည်ဟု AFPက ယူဆသည်။

Bagramလေတပ်စခန်းကို အစိုးရတပ်က လွှဲပြောင်းရယူထားပြီဖြစ်ကြောင်း၊ ရေဒါစနစ်ကို ပြန်လည်စတင်လိုက်ပြီဖြစ်ပြီး ၎င်းစစ်စခန်းကို အသုံးပြု၍ အကြမ်းဖက်ဝါဒများကို တိုက်ဖျက်သွားမည်ဖြစ်သည်ဟု အာဖဂန်အစိုးရဘက်က ပြောကြားခဲ့သည်။

Bagramလေတပ်စခန်းသည် အာဖဂန်နစ္စတန်နိုင်ငံ Parwanပြည်နယ်တွင် တည်ရှိပြီး မြို့တော် ကဘူးလ်နှင့် ကီလိုမီတာ (၅၀)ခန့် ကွာဝေးကြောင်း သိရသည်။ (Xinhua)

—————————–i———————-
( English Version)

塔利班抢夺地盘 阿富汗政府以城市为“红线”

新华社北京7月5日电(记者杜鹃)阿富汗南部坎大哈省政府官员4日证实,反政府武装塔利班占领坎大哈省重要地区潘杰瓦伊,大批民众逃离。
内政部长阿卜杜勒•萨塔尔•米尔扎夸勒说,阿富汗空军准备打击塔利班,城市区域不落入塔利班之手是“红线”。
多地失守

法新社报道,潘杰瓦伊地区靠近坎大哈省首府坎大哈城,塔利班多年来与阿富汗政府军频繁在这一地区及其周边交火,试图占领这处战略要地。
潘杰瓦伊地区行政长官哈斯提•穆罕默德说,政府军与塔利班彻夜交战,政府军最后不得不撤出这一地区,“塔利班占领了警局和行政长官办公地”。
坎大哈省政府一名高级官员证实潘杰瓦伊失守。塔利班宣布夺取这一战略要地。

法新社记者看到大批居民逃离潘杰瓦伊。当地居民吉兰说,塔利班“朝我们的汽车开枪,至少5发子弹击中我的车……塔利班武装人员在山顶朝每辆路过的车开枪”。

美国和北大西洋公约组织军队5月1日开始撤离阿富汗以来,塔利班发动多轮攻势,频频与阿富汗政府军交火。按法新社说法,潘杰瓦伊是坎大哈省最近数周第5处落入塔利班之手的地区。

不少分析师认为,美国为从“战争泥潭”脱身,以不负责任的方式从阿富汗撤军,给阿富汗留下巨大“安全黑洞”。
美国和北约军队日前完全撤离驻阿最大军事基地巴格拉姆空军基地,令人担忧塔利班会大举抢夺更多地盘。
据美联社报道,塔利班3日进攻阿富汗东北部巴达赫尚省一处边境哨所,迫使超过300名阿富汗政府军士兵进入邻国塔吉克斯坦躲避。这一消息得到塔吉克斯坦国家安全委员会证实。

巴达赫尚省和坎大哈省部分政府人士抱怨,阿富汗政府军士气低落是塔利班夺取部分地区控制权的原因之一。在一些专家看来,阿富汗政府军最近数周多次与塔利班交战失利缘于缺乏美军空中支援。
准备进攻

阿富汗内政部3日在一份声明中说,塔利班夺取部分地区的控制是“暂时的”。内政部没有说明将如何夺回控制权。
内政部长米尔扎夸勒告诉阿富汗黎明新闻网站,阿富汗空军已准备好打击塔利班。“我们将全力打击他们……已准备好进攻。我们的‘红线’是城市。”
法新社解读,这番话意指阿富汗安全部队将确保城市区域的安全。

阿富汗政府方面说,政府军已经接管巴格拉姆空军基地,重新启动了雷达系统,将使用这处基地打击恐怖主义。
巴格拉姆空军基地位于阿富汗帕尔万省,距首都喀布尔大约50公里。

图说1:7月3日,人们在阿富汗拉格曼省米特拉姆一家医院运送受伤的儿童。(新华社发,塞夫拉赫曼•萨菲摄)
图说2:7月3日,一名受伤的儿童在阿富汗拉格曼省米特拉姆一家医院接受治疗。(新华社发,塞夫拉赫曼•萨菲摄)
图说3:7月2日在阿富汗帕尔万省拍摄的美国和北约军队撤离后的巴格拉姆空军基地。(新华社发,赛义德•莫明扎达摄)