Connect with us

Asia

တိုင်ဖွန်းမုန်တိုင်း”Rai”ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ထိခိုက်ဆုံးရှုံးမှုများပြား၊ လူပေါင်း ၁၄၀ ကျော် အသက်ဆုံးရှုံးခဲ့

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တိုက်ခတ်သည့် တိုင်ဖွန်းမုန်တိုင်း”Rai” ကြောင့် Boholပြည်နယ်တွင် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်အထိ ယင်းပြည်နယ်တွင် သေဆုံးသူ ၇၂ ဦး ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူဦးရေ ၁၄၂ ဦး ထိ မြင့်တက်ခဲ့သည်။Boholပြည်နယ်၏ မြို့ပေါင်း ၄၈ မြို့တွင် ၄၂ မြို့က ကပ်ဘေးအန္တရာယ်အခြေအနေရှိသည်ဟု အစီရင်ခံခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Arthur Yapက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ တိုင်ဖွန်းကြောင့် ဆက်သွယ်ရေးအဆင်မပြေမှုများ ဖြစ်ပွားခဲ့ကြောင်း ၊ ဆက်သွယ်ရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ အစီရင်ခံလာသည့် သေဆုံးသူအရေအတွက်စာရင်းသည် ပို၍ မြင့်တက်လာကြောင်း ၎င်းက ယင်းနေ့မနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Surigao del Norte ပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း ”Rai”၏ကြောင့် ပျက်စီးသွားသည့်အခြေအနေအား ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်(Philippine Coast Guard Handout Photo/Xinhua)

Boholပြည်နယ်တွင် သေဆုံးသူ ၇၂ ဦး ရှိရာ ရဲတပ်ဖွဲ့နှင့် ကပ်ဘေးအန္တရာယ်ကယ်ဆယ်ရေးဌာန၏ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် Boholပြည်နယ်နှင့် နီးကပ်သည့် Negros Occidentalပြည်နယ်၌ သေဆုံးသူ ၁၈ ဦး၊ Cebuပြည်နယ်တွင် ၁၆ ဦးနှင့် အခြားဒေသများတွင် သေဆုံးသူ ၃၆ ဦး ရှိကြောင်း သိရသည်။

ကပ်ဘေးသင့်ဒေသများအား ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက ဒီဇင်ဘာ ၁၈ ရက်က စစ်ဆေးကြည့်ရှုခဲ့ရာ သဘာဝဘေးအန္တရာယ်တားဆီးရေးအတွက် အစိုးရအနေဖြင့် ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့်)ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် အနောက်ပစိဖိတ်သမုဒ္ဒရာ တိုင်ဖွန်းခါးပတ်လမ်းကြောင်းပေါ်တွင် တည်ရှိရာ ပျမ်းမျှအားဖြင့် နှစ်စဉ် တိုင်ဖွန်း သို့မဟုတ် အပူပိုင်းမုန်တိုင်း ၂၀ ခန့် တိုက်ခတ်ခံရလေ့ရှိကြောင်း သိရသည်။ “Rai”သည် ဖိလစ်ပိုင်နိုင်ငံအတွက် ယခုနှစ်တွင် ကြုံတွေ့ရသည့် အပြင်းထန်ဆုံး တိုင်ဖွန်းများအနက် တစ်ခု ဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက Siargaoကျွန်းသို့ ဝင်ရောက်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းမှုလေပြင်းမုန်တိုင်းတိုက်ခတ်ပြီး ရေကြီးရေလျှံဖြစ်စေခဲ့ခြင်းကြောင့် လူပေါင်း အနည်းဆုံး ၃ သိန်းခန့် အိုးအိမ်စွန့်ခွာရှောင်တိမ်းခဲ့ရကြောင်း သိရသည်။ (Xinhua)

————————————————-
(Chinese Version)

台风“雷伊”重创菲律宾 已致140多人遇难

2021-12-20 10:14:08
新华社北京12月20日电 台风“雷伊”在菲律宾登陆后重创中部保和省,截至19日已在该省造成72人死亡,全国受灾遇难人数因而上升至142人。
保和省省长黄严辉19日说,省内48个市中,42市已经报告灾情。他当天早些时候说,台风导致通信不畅,随着通信逐步恢复,上报死亡人数可能大幅上升。

这是12月17日在菲律宾北苏里高省航拍的遭台风“雷伊”破坏的区域。(新华社发,菲律宾海岸警卫队供图)
除保和省有72人死亡,警方和救灾部门19日发布的数据显示,与保和省相邻的西内格罗斯省有18人死亡,宿务省有16人死亡,其他地区有36人死亡。

菲律宾总统罗德里戈•杜特尔特18日视察灾区时说,政府将拨款20亿比索(约合4000万美元)赈灾。
菲律宾位于西太平洋台风带,平均每年遭遇20场台风或热带风暴。“雷伊”是菲律宾今年遭遇的最强台风之一,16日下午在锡亚高岛登陆,带来大风和强降雨并引发洪水,至少30万人被迫撤离家园。(郑昊宁)