Connect with us

Africa & Middle East

တူနီးရှားကျန်းမာရေးဝန်ကြီးဌာနက တူနီးရှားအား ကူညီဆောင်ရွက်ပေးသည့် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့အား ချီးကျူးဂုဏ်ပြု

တူနစ်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တူနီးရှားကျန်းမာရေးဝန်ကြီးဌာနသည် ကပ်ရောဂါကာလအတွင်း တူနီးရှားပြည်သူများ၏ ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တူနီးရှားရောက် တရုတ်နိုင်ငံ၏ ၂၅ သုတ်မြောက် ဆေးဘက်ဆိုင်ရာအကူအညီပေးရေးအဖွဲ့အား ဒီဇင်ဘာ ၇ ရက်တွင် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

တူနီးရှားကျန်းမာရေးဝန်ကြီး Murabitသည် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၀င်များနှင့် မြို့တော်တူးနစ်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် တွေ့ဆုံကာ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း တရုတ်ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့သည် အခက်အခဲများကို ကျော်ဖြတ်၍ တူနီးရှားပြည်သူများ၏ ကျန်းမာရေးအတွက် နှောင်ကြိုးမရှိဘဲပေးဆပ်ကူညီခဲ့သည်မှာ တရုတ်ဆေးဖက်ဆိုင်ရာဝန်ထမ်းများ၏ ထူးချွန်ထက်မြက်သော ကျွမ်းကျင်မှုနှင့် တာဝန်သိစိတ်ကို ပေါ်လွင်စေကြောင်း Murabit ကဆိုသည်။

Murabit က တူနီးရှားနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ဆေးဝါးအကူအညီနှင့် ထောက်ပံ့မှုအပေါ် တရုတ်အစိုးရအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

တူနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianguo က တရုတ် နိုင်ငံခြားအကူအညီပေးရေး ဆေးအဖွဲ့သည် ကျန်းမာရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ သံတမန်ဖြစ်ကြောင်း ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ၁၉၇၃ ခုနှစ်တွင် တူနီးရှားသို့ ဆေးအဖွဲ့များ စတင်စေလွှတ်ခဲ့ရာ တရုတ်ဆေးအဖွဲ့များသည် တူနီးရှားဒေသခံပြည်သူ ၅.၇၉ သန်းအတွက်ဆေးကုသဝန်ဆောင်မှုများပေးခဲ့ပြီး ခွဲစိတ်မှုပေါင်း ၃၂၆,၀၀၀ ပြီးစီးခဲ့ကြောင်း သိရသည်။

Zhang Jianguo က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ ၈ ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင် အတည်ပြုခဲ့သော ဒတ်ကာလှုပ်ရှားမှုအစီအစဉ် (၂၀၂၂-၂၀၂၄ခုနှစ်) ပါ အကြောင်းအရာများကို တူနီးရှားနှင့်အတူဆက်လက် အကောင်အထည်ဖော်ရန်နှင့် ကျန်းမာရေးနယ်ပယ်များတွင် တရုတ်-တူနီးရှား ပူးပေါင်းဆောင်ရွက်မှုစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူနီးရှားရောက် တရုတ်နိုင်ငံ၏ ၂၅ သုတ် မြောက် ဆေးဘက်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ဝင် ၃၈ ဦးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တူနီးရှားသို့ စတင်ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————-
(Chinese Version)

(国际)突尼斯卫生部表彰中国援突医疗队

新华社突尼斯12月7日电(记者黄灵)突尼斯卫生部7日为中国第25批援突医疗队举行表彰仪式,感谢他们在疫情期间坚守岗位,为突尼斯人民的健康辛勤付出。

突尼斯卫生部长穆拉比特当天在突卫生部会见在首都突尼斯的中国医疗队员并为他们颁发荣誉证书。他表示,中国援突医疗队在新冠疫情期间不畏艰险,为突尼斯人民的健康无私奉献,展现出中国医务人员的精湛医术以及强烈责任感。

穆拉比特同时对中国政府长期以来对突尼斯提供的医疗援助和支持表示感谢。
中国驻突尼斯大使张建国当天在表彰仪式上说,中国援外医疗队是健康和友谊的使者。自1973年中国开始向突尼斯派出医疗队以来,中国医疗队为突尼斯民众提供了579万人次门诊服务,完成了32.6万台手术。

张建国表示,中方将继续与突方一道落实中非合作论坛第八届部长级会议通过的《达喀尔行动计划(2022-2024年)》各项内容,推动中突卫生领域合作不断发展。

第25批援突医疗队38名队员于2020年12月到任。(完)
图说1- 12月7日,突尼斯卫生部长穆拉比特(右)在首都突尼斯向中国援突医疗队代表(中)颁发荣誉证书。