Connect with us

COVID-19 UPDATES

တောင်ကိုရီးယားနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားများ အတွက် “စာမေးပွဲပြင်ဆင်မှု ကွာရန်တင်းစင်တာ” ဖွင့်လှစ်ပေး

တောင်ကိုးရီးယားနိုင်ငံ Gyeonggido ပြည်နယ်၊ Seongnam မြို့တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသူ တစ်ဦးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသည့် တက္ကသိုလ်ဝင်တန်းကျောင်းသားများကို လာမည့် သီတင်းပတ်နှစ်ပတ်နောက်ပိုင်းတွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ကွာရန်တင်းစင်တာများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တောင်ကိုးရီးယား Gyeonggido ပြည်နယ်၊ Seongnam မြို့၊ အထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစင်တာတွင် ပိုးသတ်ဆေးဖျန်းနေသည့် ဝန်ထမ်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မတ်လ ၁၄ ရက်နေ့တွင် တောင်ကိုရီးယား၊ Gyeonggido ပြည်နယ်၊ Seongnamမြို့ တွင် ကိုဗစ်ရောဂါစစ်ဆေးစမ်းသပ်မှုခံယူရန် လူများက စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် ကိုရီးယားအထက်တန်းကျောင်းသူ၊ ကျောင်းသားများအတွက် ကံကြမ္မာအခိုက်အတန့်ဖြစ်နိုင်သည်။ ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသား ဦးရေ ၅၁၀,၀၀၀ ခန့်သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၈ နာရီကြာဆက်တိုက် ဖြေဆိုကြရမည်ဖြစ်သည်။

တောင်ကိုရီးယား အစိုးရသည် စာမေးပွဲဖြေရန် လျှောက်ထားသူအားလုံး စာမေးပွဲဖြေဆိုနိုင်စေရန်အတွက် ရောဂါပိုးကူးစက်ခံထားရသော သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိဖူးသော ကျောင်းသားများအား နှစ်ပတ်ကြာ စာမေးပွဲအတွက် ပြင်ဆင်နိုင်ရန် ယခုမှစတင်ကာ ဝင်ရောက်နေထိုင်နိုင်ပြီး ဆေးရုံများနှင့် အခြားသော ကိုဗစ်ကုသရေးဌာနများ၌ ကွာရန်တင်းစင်တာများ ထားရှိပေးထားရာ စုစုပေါင်း ကျောင်းသား ၃,၀၀၀ အထိ ဝင်ရောက်နေထိုင်နိုင်ကြောင်းသိရသည်။

နိုဝင်ဘာ ၄ ရက်အထိ “စာမေးပွဲပြင်ဆင်မှု ကွာရန်တင်းစင်တာ”သို့ ဝင်ရောက်နေထိုင်သော ကျောင်းသားဦးရေ အသေအချာမသိရသေးကြောင်း၊ တောင်ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အကြိုတွင် စာမေးပွဲဖြေဆိုရန် ရည်ရွယ်ထားသည့် ကွာရန်တင်းဝင် ကျောင်းသား အရေအတွက်ကို ကြေညာမည်ဖြစ်ကြောင်း Reuters က ခန့်မှန်းထားသည်။
ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် တောင်ကိုရီးယားတွင် တတိယလှိုင်းနှင့် တိုက်ဆိုင်ခဲ့ပြီး ပညာရေးဌာနအနေဖြင့် သံသယလက္ခဏာရှိသူများနှင့် stay at home ကျောင်းသားများအတွက် ” ကိုယ်ပူဖျားနာကျောင်းသား/သူများ ဖြေဆိုရန် စာမေးပွဲခန်း ” ဖွင့်လှစ်ပေးခဲ့သည်။ ရောဂါပိုးကူးစက်ခံထားရသော ကျောင်းသားများအား ကွာရန်တင်းဆောင် တွင် စာမေးပွဲ ဖြေဆိုစေခဲ့သည်။ ယခုနှစ်တွင် ” ကိုယ်ပူဖျားနာကျောင်းသား/သူများ ဖြေဆိုရန် စာမေးပွဲခန်း ” ၁၁၂ ခန်းရှိမည်ဖြစ်ပြီး ဆေးရုံများနှင့် ကိုဗစ် ကုသရေးဌာန ၃၃ ခုတွင် ရောဂါကူးစက်ခံရသူများအတွက် သီးခြားစာမေးပွဲခန်းများ ဖွင့်လှစ်ပေးမည် ဖြစ်သည်။

တောင်ကိုရီးယားသည် နိုဝင်ဘာ ၁ ရက်နေ့မှစတင်၍ ” အဆင့်လိုက်ခွဲ၍ ပုံမှန်ဘဝနေထိုင်မှုပြန်လည်ဆောင်ရွက်ခြင်း ကပ်ရောဂါကာကွယ်တားဆီးရေးနည်းလမ်း “ကပ်ရောဂါကာကွယ်ရေး အသွင်သို့ ပြောင်းလဲခဲ့ရာ ယခုအဆင့်တွင် တောင်ကိုရီးယား၌ အရွယ်ရောက်ပြီးသူ ကာကွယ်ဆေးထိုးနှံမှု ၉၀ ရာခိုင်နှုန်း နီးပါးရှိကြောင်း၊ အသက် ၁၂ နှင့် ၁၇ နှစ်ကြားရှိသူများအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က စတင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်းမှာ ၀.၆ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ကျောင်းဝင်းအတွင်း ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်မလာစေရေးကာကွယ်ရန် ကျောင်းသားများအတွက် ကိုဗစ်ရောဂါစစ်စမ်းသပ်မှုကို တိုးမြှင့်ဆောင်ရွက်မည်ဟု တောင်ကိုရီးယားအစိုးရက နိုဝင်ဘာ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။ ကပ်ရောဂါကာကွယ်ရေးဌာနသည် စာမေးပွဲမဖြေမီ နှစ်ပတ်အလိုတွင် ရာနှင့်ချီသော စာမေးပွဲပြင်ဆင်ရေးစင်တာ များ၊
လူငယ်လူရွယ်များသွားလေ့ရှိသော အင်တာနက်ဆိုင်များ၊ စာကျက်ခန်းများနှင့် ကာရာအိုကေဆိုင်များတွင် Maskတပ်ခြင်း၊ လူချင်းခပ်ခွာခွာနေထိုင်ခြင်းအစီအမံများကို လိုက်နာဆောင်ရွက်မှုရှိမရှိ စသည်တို့ကို တိုးမြှင့်စစ်ဆေးသွားမည်ဖြစ်သည်။

စာမေးပွဲမဖြေမီ တစ်ပတ်အလိုတွင် ကိုဗစ်ရောဂါ ပျံ့နှံ့မှုကို ရှောင်ရှားရန်အတွက် အလယ်တန်း၊အထက်တန်းကျောင်းများအားလုံးကို အွန်လိုင်းသင်ကြားမှုသို့ ပြောင်းလဲမည်ဖြစ်သည်။

စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူအများစုသည် အိမ်တွင်နေထိုင်၍ စာမေးပွဲဖြေဆိုရန် ပြင်ဆင်လေ့ရှိသောကြောင့် stay at home နေရန် ကျောင်းသားမိဘအုပ်ထိန်းသူများကို အစိုးရက အကြံပြုထားသည်။

တောင်ကိုရီးယား၏ “Daily Business” အစီရင်ခံစာအရ ဆိုးလ်မြို့၏ လူစည်ကားသော Gangnam ခရိုင်၌ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှု၊ ဆူညံသံနှင့် အနံ့အသက်ဆိုးများ၏ သက်ရောက်မှုနည်းပါးစေရန် အချို့တိုက်ခန်းများအား ပြုပြင်မွမ်းမံမှု လုပ်ငန်းများဆိုင်းငံ့ထားရန် တောင်းဆိုသည့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ (Xinhua)

————————————–
(Chinese Version)
韩国为高考生提供“备考隔离点”
新华社北京11月5日电 韩国4日起开放多处新冠防疫隔离点,供感染新冠病毒的应届高中毕业生入住隔离,备战两周后举行的大学修学能力考试、即高考。
对许多韩国高中生而言,高考或许是决定命运的时刻。今年大约51万应届毕业生将在本月18日参加高考,为期一天,连考8个小时。
为确保所有考生参加考试,韩国政府在医院及其他新冠治疗中心设立隔离病房,供确诊感染的考生或者与染疫者密切接触的考生在今后两周入住备考,总计可以容纳至多3000名考生。
暂不清楚4日当天有多少考生入住“备考隔离点”。路透社预计,韩国教育部将在高考前夕公布打算参加考试的隔离考生人数。
去年高考正值韩国遭遇第三波疫情,教育部门设立“发热考场”,供出现疑似症状和居家隔离考生使用,确诊感染的考生在隔离病房或隔离点参加考试。今年将有112个“发热考场”,33家医院和新冠治疗中心将为染疫考生设立病房考场。
韩国1日起转入“分阶段恢复日常生活”防疫模式。现阶段,韩国成年人疫苗接种率接近90%,但12岁至17岁人群接种工作几周前刚启动,接种率只有0.6%。
为防止疫情在校园反弹,韩国政府3日宣布将强化面向学生的病毒检测。考前两周,防疫部门将对数以百计备考补习中心以及年轻人常去的网吧、自习室、卡拉OK店加强检查,确保室内人员遵守戴口罩、保持社交距离等防疫措施。
考前一周,所有中学将转为线上教学,以避免病毒传播。鉴于考生届时往往选择在家中备考,政府建议考生家长居家,避免外出与他人接触。
据韩国《每日经济》报道,在首尔繁华的江南区,一些公寓张贴告示,要求暂停装修工程,以最大限度避免施工产生的震动、噪音、气味等影响考生。(胡若愚)
图说1-2020年12月3日,在韩国京畿道城南市,一名考生参加大学修学能力考试。(新华社发,李相浩摄)
图说2-2020年12月2日,在韩国京畿道城南市,工作人员在设于某高中的大学修学能力考试考点进行消毒作业。(新华社发,李相浩摄)
图说3-3月14日,人们在韩国京畿道华城市一新冠检测点等待检测。(新华社发,徐儒锡摄)