Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၇,၀၀၀ ကျော် နှင့် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၃၈ ဦး ရှိ

ဆိုးလ်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၇,၁၇၅ ဦရှိရာ ၎င်းမှာ ကပ်ရောဂါကာလအမြင့်ဆုံးစံချိန်ချိုးခဲ့ကြောင်း၊ လက်ရှိ ရောဂါပြင်းထန်သည့် လူနာ ၈၄၀ ဦး ရှိကြောင်း တောင်ကိုရီယား ဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ဒီဇင်ဘာ ၈ ရက် ၀၀:၀၀ နာရီအထိ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် အိုမီခရွန် ကူးစက်မှုသည် ၂ ဦးထပ်တိုးလာပြီး စုစုပေါင်း ၃၈ ဦး ထိရှိလာကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကိုဗစ်စစ်ဆေးရေးနေရာ တစ်ခုတွင် Nucleic acidဓါတ်ခွဲနမူနာယူရန် စောင့်ဆိုင်းနေသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ တောင်ကိုရီးယားတွင် ကပ်ရောဂါ ပြန့်ပွားမှုများ ဆိုးဝါးလျက်ရှိရာ ကျန်းမားရေးစနစ် ပြင်းထန်သည့် ဝန်ဖိအား ရှိနေကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ် Kim Boo-kyumက ယင်းနေ့တွင် ကျင်းပသည့် ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ကိုဗစ်အတည်ပြုလူနာ ၈၀ ရာခိုင်နှုန်းကျော်သည် ဆိုးလ်၊ အင်ချွန်းနှင့်Gyeonggi-do စသည့် မြို့တော်တစ်ဝိုက်ဒေသများမှ လာခြင်းဖြစ်ပြီး လူနာကုတင်အကျပ်အတည်း ဖြစ်နေကြောင်း ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကိုဗစ်စစ်ဆေးရေးနေရာ တစ်ခုတွင် Nucleic acidဓါတ်ခွဲနမူနာယူရန် စောင့်ဆိုင်းနေသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကျန်းမာရေးစနစ် ဝန်ပိအား ဖြေလျှော့နိုင်ရန်အတွက် အစိုးရအနေဖြင့် အိမ်တွင် ဆေးကုသသည့်စနစ်အား ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကူညီပေးမည့်လူအင်အားကို တိုးချဲ့သွားမည်ဖြစ်ကြောင်း Kim Boo-kyumက ပြောကြားခဲ့သည်။ လာမည့်နှစ်ဆန်းပိုင်းတွင် အိမ်တွင်ဆေးကုသမှုခံယူနေသည့် အန္တရာယ်များလူအုပ်စုများအား ကိုဗစ်သောက်ဆေးများ ဝေမျှပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကိုဗစ်စစ်ဆေးရေးနေရာ တစ်ခုတွင် Nucleic acidဓါတ်ခွဲနမူနာယူရန် စောင့်ဆိုင်းနေသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တောင်ကိုရီးယားတွင် အိုမီခရွန် ကူးစက်လူနာ တိုးပွားလာမှုအခြေအနေအပေါ် Kim Boo-kyumက ရောဂါကူးစက်နိုင်မှုရှိသူများအား လျင်မြန်စွာ ရှာဖွေရန်မှာ အထူးအရေးကြီးကြောင်း အလေးထားမှာကြားခဲ့ပြီး ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးဌာနနှင့် ဒေသအသီးသီးအစိုးရများက သံသယလူနာများအား အချိန်မီဆေးစစ်ခြင်း၊ ကူးစက်ရောဂါခြေရာခံစစ်ဆေးခြင်းနှင့်သီးခြားခွဲထားခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

အသက်အရွယ်ကြီးရင့်သူ လူအုပ်စုများအား အားဖြည့်ကာကွယ်ဆေးထိုးရန်နှင့် လူငယ်လူရွယ်များအား ကာကွယ်ဆေးထိုးနှံပေးမှုနှုန်းမြင့်တင်ဆောင်ရွက်ရန် လက်ရှိတွင် အရေးကြီးကြောင်း Kim Boo-kyumက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ ကိုဗစ်ကာကွယ်ဆေး ကြိုတင်ထိုးနှံမှု မြှင့်တင်ရေးအဖွဲ့၏ ကိန်းဂဏန်းများအရ ် ဒီဇင်ဘာ ၈ ရက် ၀၀:၀၀ နာရီအထိ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူဦးရေ ၈၀.၇ ရာခိုင်နှုန်းရှိပြီး အားဖြည့်ကာကွယ်ဆေးထိုးနှံထားသူ ၈.၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

(国际疫情)韩国日增新冠确诊病例破7000 奥密克戎毒株感染累计38例
2021-12-08 14:06:17
新华社首尔12月8日电(记者杜白羽 孙一然)韩国中央防疫对策本部8日通报,该国过去24小时新增新冠确诊病例7175例,创疫情暴发以来新高,现存重症病例840例。截至8日零时,韩国单日新增变异新冠病毒奥密克戎毒株感染病例2例,累计38例。

韩国国务总理金富谦当天主持防疫会议时表示,目前韩国疫情扩散势头凶猛,医疗体系承压严重。超过八成的新冠确诊病例来自首尔、仁川和京畿道等首都圈地区,病床数量紧张。

金富谦说,为缓解医疗系统压力,政府将改善居家治疗体系,并大幅增加支援人力。明年初起还将向居家治疗的高危人群发放新冠口服药物。
针对韩国奥密克戎毒株感染病例增加的情况,金富谦强调通过快速筛查找出隐匿传播者至关重要,并要求防疫部门和各地方政府及时对疑似病例进行检测、流行病学调查和隔离。

金富谦表示,加快高龄人群的新冠疫苗加强针接种和青少年的疫苗接种速度也是当务之急。
据韩国新冠疫苗预防接种推进团数据,截至8日零时,韩国80.7%的人口已完成两剂疫苗接种,8.8%的人口已接种加强针。(完)

图说:12月8日,人们在韩国首尔江南区一处新冠检测点排队等待核酸采样。新华社/纽西斯通讯社