Connect with us

Africa & Middle East

တောင်အာဖရိကတွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ (၇၂) ဦး သေဆုံး

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ အဓိဂရုဏ်းအတွင်း အသက်ဆုံးရှုံးခဲ့သူများ၏ မိသားစုဝင်များကို ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စဘတ်မြို့ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အချင်းဖြစ်ရပ်ကြောင့် ယနေ့အထိ သေဆုံးသူ (၇၂)ဦး၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ (၁,၂၃၄)ဦး ရှိကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်ညပိုင်းတွင် ပြောကြားခဲ့သည်။

Jacob Zumaသည် ဇူလိုင် ၇ ရက် ညပိုင်းက ရဲတပ်ဖွဲ့ထံ တရားရုံးမထီမဲ့မြင်ပြုမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ရာ ၎င်းအား ထောက်ခံကြသူများက ဇူလိုင် ၉ ရက်မှစ၍ ၎င်း၏ဇာတိဖြစ်သည့် KwaZulu-Natalပြည်နယ်တွင် Jacob Zumaကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုတွင် အကြမ်းဖက်လှုပ်ရှားမှုများဖြစ်ပေါ်လာပြီး ဈေးဆိုင်ပေါင်း ရာနှင့်ချီ မီးရှို့ဖျက်ဆီးလုယက်ခံခဲ့ရသည်။ အဓိကရုဏ်းဖြစ်ပွားမှုသည် စီးပွားရေးအချက်အချာဖြစ်သည့် ဂျိုဟန်နက်စဘတ်မြို့ တည်ရှိရာ ထရန်စဗားပြည်နယ်ကို ရိုက်ခတ်ခဲ့ပြီး ၎င်းအနီးရှိပြည်နယ်များတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosaက ဇူလိုင် ၁၂ ရက်တွင် ရဲတပ်ဖွဲ့အား အကူအညီပေး၍ အခြေအနေများကို ထိန်းသိမ်းရန် စစ်တပ်စေလွှတ်ခဲ့ကြောင်း သိရသည်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့တွင် အဓိဂရုဏ်းဖြစ်ပွားနောက် ဈေးဝယ်စင်တာတစ်ခုအား ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Royal Dutch Shell ကုမ္ပဏီက ဆူပူဆန္ဒပြမှုများကြောင့် ကုန်ပစ္စည်းပံ့ပိုးမှုကွင်းဆက် ပြတ်တောက်သွားကြောင်း၊ ကုမ္ပဏီအနေဖြင့် KwaZulu-Natalပြည်နယ်ရှိ တောင်အာဖရိက အကြီးဆုံး ရေနံချက်စက်ရုံကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်းကို ဇူလိုင် ၁၃ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်ကြောင့် တောင်အာဖရိကတွင် စွမ်းအင်ပံ့ပိုးမှု လိုအပ်လာမည်ကို လုပ်ငန်းခွင်အချို့က စိုးရိမ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————————
(Chinese Version)

(国际)南非发生骚乱已造成72人死亡

新华社约翰内斯堡7月14日电(记者荆晶)南非警方13日晚说,因前总统祖马被捕入狱引发的骚乱至今已造成72人丧生,1234人被警方逮捕。中国驻南非大使馆14日紧急提醒在南中国公民进一步加强安全防范。

祖马7日夜因藐视法庭罪向警方投案,其支持者9日起在其家乡夸祖鲁纳塔尔省发起示威,要求释放祖马。示威中出现暴力行为,数百家商铺遭抢劫、纵火。骚乱还波及经济中心约翰内斯堡所在的豪滕省,并向周边省份蔓延。

南非总统拉马福萨12日已派军队协助警察维持秩序,平息骚乱。  壳牌石油公司13日晚表示,由于骚乱导致供应路线中断,公司决定关闭位于夸祖鲁纳塔尔省的南非最大炼油厂。业内人士担心这将导致南非出现能源供应紧缺。

鉴于目前严峻的安全形势,中国驻南非大使馆再次提醒旅南中国公民,高度警惕面临的安全风险,近期切勿外出。使馆已同南非警方加强沟通,促其加强对中方在南人员和企业的安全保护。(完)

图说1:7月14日,在南非约翰内斯堡,骚乱事件遇难者家属神色悲痛。新华社发(耶希尔摄)
图说2:7月14日,南非约翰内斯堡一家商场在骚乱后一片狼藉。新华社发(耶希尔摄)