Connect with us

China

ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သည့်တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်အုပ်စုဖွဲ့ခြင်းမဟုတ်သည့် အပြန်အလှန် အမှီသဟဲပြုနေထိုင်မှု ရှိရမည်ဟု သမ္မတရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုတင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က ငြိမ်းချမ်းရေးသည် မိမိတို့၏ အကြီးမားဆုံးသော ဘုံအကျိုးစီးပွားဖြစ်သလို နိုင်ငံအသီးသီးပြည်သူများ၏ တူညီသည့် မျှော်မှန်းရာလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ဒေသငြိမ်းချမ်းရေး၏ တည်ဆောက်သူနှင့်ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ရမည်ဖြစ်ကြောင်း ၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သည့်တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်အုပ်စုဖွဲ့ခြင်းမဟုတ်သည့် အပြန်အလှန်အမှီသဟဲပြုသောနေထိုင်မှုဖြင့် အတူလက်တွဲကာ ငြိမ်းချမ်းရေးအား ဖျက်ဆီးသော ခြိမ်းခြောက်မှုနှင့်အပြုသဘောမဆောင်သည့်အကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ၊ မိမိတို့သည် စစ်မှန်သည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များတွင် အားလုံး ခိုင်မာစွာ အတူ ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည့် ဗိုလ်ကျစိုးမိုးမှုအယူဝါဒနှင့်နိုင်ငံရေးကို ပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်အတူ စဉ်ဆက်မပြတ်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကာ ဒေသ ရေရှည်ငြိမ်းချမ်းကို အတူကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ရာ ဗိုလ်ကျလွှမ်းမိုးမှုအား လုံးဝပြုလုပ်မည်မဟုတ်သလို ကြီးနိုင်ငယ်ညှဉ်းအပြုအမူမျိုးကို လုံးဝ ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
习近平:坚持对话不对抗、结伴不结盟
2021-11-22 10:30:58 来源: 新华社微博
国家主席习近平22日上午在北京以视频方式出席并主持中国—东盟建立对话关系30周年纪念峰会。
习近平指出,和平是我们最大的共同利益,也是各国人民最大的共同期盼。我们要做地区和平的建设者和守护者,坚持对话不对抗、结伴不结盟,携手应对威胁破坏和平的各种负面因素。我们要践行真正的多边主义,坚持国际和地区的事大家商量着办。中方坚决反对霸权主义和强权政治,愿同周边邻国长期友好相处,共同维护地区持久和平,绝不寻求霸权,更不会以大欺小。

11月22日上午,国家主席习近平在北京以视频方式出席并主持中国—东盟建立对话关系30周年纪念峰会,发表题为《命运与共 共建家园》的重要讲话。中国东盟正式宣布建立中国东盟全面战略伙伴关系。 新华社记者 黄敬文 摄

Up Next

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်၊ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ကြောင်း တရားဝင်ကြေညာ

Don't Miss

ပြည်သူများ၏ သာယာလှပသော ဘဝနေထိုင်မှုမျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ရင်း ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအားမြှင့်တင်ခြင်း သမိုင်းပေးတာဝန်အား ပုခုံးတွင်ထမ်းကာ ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ အေးတူပူအမျှအသိုက်အဝန်းကို ပို၍တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန် ပြောကြား