Connect with us

Africa & Middle East

ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း နီကာရာဂွါနိုင်ငံက ကြေညာ

နီကာရာဂွါ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း ကြေညာနေသည်ကို ဒီဇင်ဘာ ၉ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

မနာဂွာ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း နီကာရာဂွါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ကမ္ဘာပေါ်၌ တရုတ်တစ်နိုင်ငံတည်းရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်နိုင်ငံ၏တစ်ခုတည်းသော ကိုယ်စားပြု တရားဝင်အစိုးရဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ခွဲခြားမရသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ နီကာရာဂွါနိုင်ငံသည် ယနေ့မှစ၍ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီး ထိုင်ဝမ်နှင့်သက်ဆိုင်သော တရားဝင်ဆက်ဆံရေး၊ ဆက်သွယ်မှုများအားလုံးကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
—————————————
(Chinese Version

(国际)尼加拉瓜宣布与台湾“断交”
2021-12-10 07:28:01
新华社圣何塞12月9日电(记者范小林 吴昊)马那瓜消息:尼加拉瓜外交部9日下午发表声明,宣布与台湾断绝“外交关系”。
声明说,世界上只有一个中国,中华人民共和国是代表中国的唯一合法政府,台湾是中国领土不可分割的一部分。尼加拉瓜自即日起断绝与台湾的“外交关系”并停止与台湾的一切接触和官方联系。(完)