Connect with us

ASEAN

ထိုင်းနိုင်ငံက ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့် လက်ခံခြင်းအား ယာယီရပ်ဆိုင်းကြောင်း ကြေညာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက ထိုင်းနိုင်ငံတွင် အိုမီခရွန် ဗီဇမျိုးကွဲကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှု လက္ခဏာစတင်နေကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ရာ ထိုင်းနိုင်ငံ အစိုးရက Phuket Sandbox ခရီးသွားအစီအစဉ်မှအပ ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်နှင့် Sandbox အစီအစဉ်အရ ပြည်ပခရီးသွားလက်ခံခြင်းအား ဒီဇင်ဘာ ၂၂ ရက်မှစ၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်စောင့်ဆိုင်းနေသူများအား ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၂၂ ရက်မတိုင်မီ ပြည်ဝင်ခွင့်ပါမစ်ကို အောင်မြင်စွာ လျှောက်ထားသည့် ခရီးသွားများသည် ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်နှင့် Sandboxအစီအစဉ်ဖြင့် နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ကြောင်းနှင့် ၎င်းတို့သည် နျူကလိစ်အက်ဆစ်စမ်းသပ်မှု နှစ်ကြိမ်ကို ခံယူရမည်ဖြစ်ပြီး ကျန်းမာရေးဌာနက ၎င်းတို့ကိုနီးကပ်စွာ စောင့်ကြည့်နေမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ပမှဝင်ရောက်လာသော အိုမီခရွန် ပိုးတွေ့ရှိသည့် ပထမဆုံးလူနာတွေ့ရှိခြင်းကို ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်တွင် ဒေသတွင်း အိုမီခရွန် ပထမဆုံးကူးစက်မှု တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်အထိ ထိုင်းနိုင်ငံတွင်အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ၆၃ ဦးအထိ ရှိလာကြောင်း သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတွင်းသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှု ဆွဲဆောင်ရန် ထိုင်းအစိုးရက နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ကပ်ရောဂါအန္တရာယ်နည်းပါးသော နိုင်ငံနှင့် ဒေသ ၆၃ ခုမှ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသော ခရီးသွားများအတွက် ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်အစီအစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြောင်း၊ ဝင်ခွင့်ပြုနိုင်ငံများမှ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသော ခရီးသည်များသည် Sandbox အစီအစဉ်ဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သော်လည်း ၎င်းတို့သည် သတ်မှတ်ထားသော နေရာများတွင် ၇ ရက် နေထိုင်ပြီးနောက် ထိုင်းနိုင်ငံရှိ အခြားနေရာများသို့ ခရီးသွားရောက်နိုင်မည် ဖြစ်သည်။”Sandbox” အစီအစဉ်တွင် ဖူးခက်နှင့် ဘန်ကောက်အပါအဝင် ကမ္ဘာလှည့်ခရီးသွားနေရာများ ဖွင့်လှစ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ Phuket Sandbox ခရီးသွားအစီအစဉ်အရ သက်ဆိုင်ရာအချက်အလက် ပြည့်စုံသော နိုင်ငံခြားခရီးသွားများသည် ဖူးခက်သို့ဝင်ရောက်ပြီးနောက် မဖြစ်မနေ ကွာရန်တင်း ဝင်ရန်မလိုကြောင်း သိရသည်။  (Xinhua)
———————————–
(Chinese Version)
(国际疫情)泰国宣布暂停受理“免隔离”入境申请
新华社曼谷12月21日电(任芊 宋宇)泰国总理府21日发布通告说,变异新冠病毒奥密克戎毒株在泰国已呈快速传播之势,泰国政府决定自22日起暂停受理境外旅客“免隔离”入境和“沙盒”计划申请,但“普吉岛旅游沙盒计划”除外。
通告还说,本月22日前已成功申请入境许可的旅客仍能通过“免隔离”政策或“沙盒”计划入境,但须接受两次核酸检测,卫生部门将对他们进行更密切的追踪。
泰国公共卫生部12月6日通报首例境外输入奥密克戎毒株感染病例,20日通报首例该毒株本土感染病例。截至20日,泰国共通报63例奥密克戎毒株感染病例。
为吸引外国旅客入境以提振经济,泰国政府自今年11月1日起对来自63个低风险国家和地区且全程接种疫苗的旅客实施“免隔离”入境计划。来自上述名单外的国家、全程接种疫苗的旅客可通过“沙盒”计划入境,但须在指定地区停留满7天后才可前往泰国其他地区。“沙盒”计划涉及普吉岛以及随后开放的包括曼谷在内的旅游胜地。据“普吉岛旅游沙盒计划”,符合相关条件的外国游客入境普吉岛之后不必接受强制隔离。(完)
图说1- 12月21日,一名女子在泰国曼谷的一处新冠疫苗接种点接种疫苗。新华社发(拉亨摄)
图说2- 12月21日,一名男子在泰国曼谷的一处新冠疫苗接种点接种疫苗。新华社发(拉亨摄)
图说3- 12月21日,人们在泰国曼谷的一处新冠疫苗接种点等待接种疫苗。新华社发(拉亨摄)