Connect with us

Asia

ထိုင်းနိုင်ငံက ပြည်တွင်းထုတ် AstraZeneca ကာကွယ်ဆေး တင်ပို့မှုကို ကန့်သတ်ရန် ချိန်ဆလျက်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မီးရထားတွဲအား ဇူလိုင် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံအတွင်း ကာကွယ်ဆေးပံ့ပိုးမှု အာမခံချက်ရှိစေရန်အတွက် ပြည်တွင်းထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေး တင်ပို့မှုကို ထိန်းချုပ်ရန် အစိုးရက ချိန်ဆလျက်ရှိသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများက ထိုင်းနိုင်ငံထုတ် AstraZeneca ကိုဗစ်ကာကွယ်ဆေးရရှိရေး ကြိုတင်ခန့်မှန်းထားကြရာ တင်ပို့မှု ကန့်သတ်ထိန်းချုပ်ခြင်းက ယင်းနိုင်ငံများ၏ ကိုဗစ်ကာကွယ်ဆေး ပံ့ပိုးမှုအပေါ် သက်ရောက်နိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသည်ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“လက်ရှိ ကပ်ရောဂါအခြေအ‌နေအလိုက် ထိုင်းနိုင်ငံက ကာကွယ်ဆေးပေးအပ်ဖို့ ဆေးထုတ်လုပ်သူများနဲ့ ဆွေးနွေးသွားမယ် ”ဟု ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားကာကွယ်ဆေးကော်မတီ အရာရှိ Nakorn Premsriက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေး တင်ပို့ခြင်း ထိန်းချုပ်ကန့်သတ်မှုဆိုင်ရာ မူကြမ်းကို ကာကွယ်ဆေး ကော်မတီက သဘောတူညီပြီးဖြစ်သော်လည်း ယင်းမူဝါဒ၏သက်ရောက်မှုအပေါ် အခြားဌာနများက သုံးသပ်ချိန်ဆရန် လိုအပ်နေသေးခြင်းကြောင့် အမိန့်ကြေညာချက် မထုတ်ပြန်သေးကြောင်း Nakorn Premsri၏ ပြောကြားချက်အရ သိရသည်။ တင်ပို့မည့်ကန့်သတ်ချက်ပမာဏကို ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။

Alpha နှင့် Delta ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံ၏ကပ်ရောဂါခြေအနေသည် ဧပြီ လဆန်းပိုင်းမှစ၍ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့ရာ ယနေ့အထိ အတည်ပြုလူနာ စုစုပေါင်း(၃၆၃,၀၀၀) ခန့်၊ သေဆုံးသူ (၂,၉၃၄)ဦး ရှိပြီဖြစ်သည်။ ယခုလတွင် တစ်ရက်အတွင်းထပ်တိုး ကိုဗစ်အတည်ပြုလူနာ အကြိမ်ပေါင်းများစွာ (၈,၀၀၀)ကျော် ရှိရာ လူဦးရေသိပ်သည်းသည့် မြို့တော် ဘန်ကောက်နှင့် အနီးတစ်ဝိုက်ဒေသများ၏ ကျန်းမာရေးစနစ်နှင့် ကိုဗစ်လူနာ စစ်ဆေးနိုင်စွမ်း ဝန်ပိအား များလာခဲ့သည်။

ဇွန်လမှစ၍ ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ကျယ်ကျယ်ပြန့် ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ၏လူဦးရေ (၆၆)သန်းကျော်တွင် (၅)ရာခိုင်နှုန်းခန့်သာ ကာကွယ်ဆေးထိုးနှံထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။

ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ Siam Bioscience ကုမ္ပဏီတို့ ရေးထိုးခဲ့သည့် သဘောတူညီချက်အရ Siam Bioscienceသည် ဇွန်လမှစ၍ ထိုင်းနိုင်ငံတွင် AstraZenecaကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ခဲ့သည်။
ယခုနှစ်တွင် Siam Bioscienceက ကာကွယ်ဆေး သန်း(၁၈၀)ထုတ်လုပ်မည်ဖြစ်ရာ ၎င်းတို့အနက် သုံးပုံတစ်ပုံကို ထိုင်းနိုင်ငံတွင် အသုံးပြုမည်ဖြစ်ပြီး ကျန်ကာကွယ်ဆေးများကို အရှေ့တောင်အာရှ အခြားနိုင်ငံများသို့ ပေးပို့မည်ဖြစ်ကြောင်း AstraZeneca ထိုင်းကုမ္ပဏီခွဲက ဇွန်လနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

AstraZenecaသည် ဇွန်လတွင် သဘောတူညီချက်အတိုင်း ထိုင်းနိုင်ငံကို ကာကွယ်ဆေး (၆)သန်း လွှဲပြောင်းပေးခဲ့သည်။ ပြီးခဲ့သည့်လ လွှဲပြောင်းပေးခဲ့သည်ကာကွယ်ဆေးပမာဏအတိုင်း ဇူလိုင်လတွင် လွှဲပြောင်းပေးမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းမှာ ယခင်က လစဉ် ကာကွယ်ဆေး (၁၀)သန်းပေးမည်ဟူသော ကြေညာချက်ထက် လျော့နည်းသွားကြောင်း ထိုင်းအစိုးရအရာရှိတစ်ဦးက ဇွန်လတွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေးတင်ပို့မှုကို ထိုင်းနိုင်ငံက ထိန်းချုပ်မည်ဆိုပါက မလေးရှား၊ ဗီယက်နမ် နှင့် အင်ဒိုနီးရှားစသည့်နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်းကို နှောင့်နှေးစေနိုင်ကြောင်း ရိုက်တာက သုံးသပ်သည်။ ထိုမတိုင်မီ အိန္ဒိယနိုင်ငံက ကာကွယ်ဆေးတင်ပို့မှုကို ကန့်သတ်လိုက်ခြင်းကြောင့် အဆိုပါနိုင်ငံများတွင် ကာကွယ်ဆေးပံ့ပိုးမှု ပြတ်တောက်ခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ကာကွယ်ဆေးတင်ပို့မှုကန့်သတ်နိုင်ခြေအပေါ် AstraZenecaက လတ်တလောအနေဖြင့် တုန့်ပြန်ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

————————————————
(Chinese Version)

泰国考虑限制本土产阿斯利康疫苗出口

新华社北京7月15日电(记者刘秀玲)泰国卫生部一名官员14日说,政府正在考虑对在泰国生产的阿斯利康新冠疫苗实行出口管制,以优先确保本国疫苗供应。多个东南亚国家预计接收泰国产阿斯利康疫苗,出口管制可能影响这些国家新冠疫苗供应。

泰国卫生部下属的国家疫苗委员会官员那功•炳西14日说:“我们会跟疫苗制造商谈,以便他们能够以匹配当下疫情形势的恰当方式向泰国交付疫苗。”
按炳西说法,疫苗委员会已经就疫苗出口管制草案达成“原则一致”,但尚未发布政令,还需其他多个部门审视和权衡这一政策的影响。他没有提及可能的出口限制额度。

受阿尔法变异毒株和德尔塔变异毒株影响,泰国新冠疫情4月初起急剧蔓延,迄今累计确诊接近36.3万例,累计病亡2934人。泰国本月单日新增新冠确诊病例多次超过8000例,在人口密集的首都曼谷和周边地区,医疗系统和新冠筛查能力严重承压。

泰国6月启动大规模新冠疫苗接种。路透社报道,泰国人口超过6600万,只有大约5%已接种疫苗。
英国阿斯利康制药公司与泰国暹罗生物科学公司先前达成协议,由后者6月起在泰国生产阿斯利康疫苗。阿斯利康泰国分公司6月晚些时候说,暹罗生物科学公司今年将生产1.8亿剂疫苗,其中约三分之一供应泰国,剩余部分供应东南亚其他国家。

阿斯利康6月向泰国如约交付600万剂疫苗。一名泰国官员6月说,7月交付量预计与6月持平,少于先前宣布的每月1000万剂的交付量。
路透社解读,如果泰国实施疫苗出口管制,可能进一步推迟马来西亚、越南、印度尼西亚等国的疫苗接种进度。因印度先前限制疫苗出口,这些国家疫苗供应一度中断。

就泰国可能限制疫苗出口,阿斯利康方面暂时没有回应。

图说1:这是7月12日在泰国曼谷拍摄的乘客稀少的轻轨车厢。当日起,泰国疫情管理中心在曼谷、佛统府、暖武里府、巴吞他尼府、沙没沙空府和北榄府实施更严厉的管制措施。(新华社发,拉亨摄)
图说2:7月9日,一名女子在泰国曼谷一处新冠疫苗接种点接种疫苗。(新华社发,拉亨摄)