Connect with us

China

“ထျန်းဝန်-၁” အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်သည့် ပထမအသုတ် သိပ္ပံဆိုင်ရာဓါတ်ပုံများ ထုတ်ပြန်ပြသ၊ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး အပြည့်အဝ အောင်မြင်မှုရရှိခဲ့

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ထျန်းဝန်-၁ စူစမ်းလေ့လာရေး အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်သည့် ပထမအသုတ် သိပ္ပံဆိုင်ရာ ဓါတ်ပုံပြပွဲအခမ်းအနားကို တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန(CNSA) က ဇွန် ၁၁ ရက်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့ရာ ဂြိုဟ်ပေါ်သွားယာဉ်“ကျုလုံ”မှ ရိုက်ကူးထားသည့် မြေပြင်ဆင်းသက်နေရာ ရှုမြင်ကွင်း၊ အင်္ဂါဂြိုဟ်၏မြေမျက်နှာသွင်ပြင်၊ “တရုတ်နိုင်ငံ၏ခြေရာ”နှင့် ”ဆင်းသက်လှည့်လည်ယာဉ်နှစ်စီး ပူးတွဲဓါတ်ပုံ” စသည့် ဓါတ်ပုံပုံရိပ်များကို ပြသခဲ့သည်။ ပထမအသုတ် သိပ္ပံဆိုင်ရာ ဓါတ်ပုံပုံရိပ် ထုတ်ပြန်ခြင်းသည် တရုတ်နိုင်ငံ၏ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတာဝန် အပြည့်အဝ အောင်မြင်မှုရရှိခြင်းကို ဖော်ဆောင်ကြောင်း သိရသည်။

 

အင်္ဂါဂြိုဟ်ပေါ်တွင် ရိုက်ကူးထားသည့် “တရုတ်နိုင်ငံ၏ခြေရာ”ဓါတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

 

အင်္ဂါဂြိုဟ်ပေါ်တွင် ရိုက်ကူးထားသည့် “မြေပြင်ဆင်းသက်နေရာ ရှုမြင်ကွင်း” ဓါတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

 

“အင်္ဂါဂြိုဟ်၏မြေမျက်နှာသွင်ပြင်”ဓါတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

“ထျန်းဝန်-၁” အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်သည့် ပထမအသုတ် သိပ္ပံဆိုင်ရာဓါတ်ပုံပြပွဲအခမ်းအနားတွင် ပထမဆုံးအင်္ဂါဂြိုလ်စူးစမ်းလေ့လာရေးလုပ်ငန်း၏ ဒီဇိုင်နာချုပ် ကျန်းရုန်ချောင်က မီဒီယာများအား ရှင်းလင်းပြောကြားနေသည်ကို ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြေပြင်ဆင်းသက်နေရာ အင်္ဂါဂြိုဟ်ရှုမြင်ကွင်းဓါတ်ပုံကို ဂြိုဟ်ပေါ်သွားယာဉ်က ဂြိုဟ်ပေါ်ဆင်းသက်ယာဉ်ပလက်ဖောင်းပေါ်မှ မြေပြင်အနေအထားလမ်းညွှန်ကင်မရာ (navigation camera) 360° မြင်ကွင်းကျယ်ဖြင့် ရိုက်ကူး တွဲဆက်ထားခြင်းဖြစ်သည်။ ဓါတ်ပုံတွင် ဆင်းသက်နေရာ၏ မြေမျက်နှာပြင်ညီညာပြီး အဝေးရှိ မိုးကုတ်စက်ဝိုင်းကို မြင်တွေ့ရရာ ကျောက်တုံးများ အရွယ်အစားသည် ကြိုတင်ခန့်မှန်းချက်နှင့်ထပ်တူဖြစ်ခြင်းကြောင့် မြေပြင်ဆင်းသက်နေရာ အလိုအလျောက် ရွေးချယ်မှု မှန်ကန်ခဲ့သလို ပျံဝဲရပ်နားခြင်းနှင့် အတားအဆီးများရှောင်ရှားခြင်းတွင် ထိရောက်ကောင်းမွန်မှုရှိခဲ့ကြောင်း သိရသည်။

အင်္ဂါဂြိုဟ်၏မြေမျက်နှာသွင်ပြင်ပြဓါတ်ပုံသည် ဂြိုဟ်ပေါ်သွားယာဉ်က မြေပြင်သို့ ဆင်းသက်ပြီးနောက် ရိုက်ကူးသည့် ပထမဆုံးဓါတ်ပုံဖြစ်သည်။ ဓါတ်ပုံတွင် အနီးရှိမြေမျက်နှာပြင်က ညီညာပြန့်ပြူးမှုရှိပြီး အရွယ်အစားမတူသည့်ကျောက်တုံးလေးများပြန့်ကျဲနေရာ အရောင်ဖျော့၍ တစ်ချို့တစ်ဝက်က မြေသားတွင် မြုပ်နေသည်ကို တွေ့ရကြောင်း၊ အနည်းငယ်ဝေးသောနေရာတွင် အဝိုင်းသဏ္ဍာန်ချိုင့်ခွက်ရှိကာ ချိုင့်ခွက်အနားသတ်တစ်ဝိုက်၏အရောင်သည်ရင့်ပြီး အချိုးအစားမကျသည့်ကျောက်တုံးကျောက်ခဲများကို တွေ့ရကြောင်း၊ ပို၍ဝေးသောနေရာတွင် သဲတောင်ပို့အချို့ကို တွေ့မြင်ရကြောင်း သိရသည်။

“တရုတ်နိုင်ငံ၏ခြေရာ” ဓါတ်ပုံသည် ဂြိုဟ်ပေါ်သွားယာဉ်က မြေပြင်ဆင်းသက်ယာဥ်ပလက်ဖောင်း၏ အရှေ့အရပ်တောင်ဘက်စွန်း ၆၀ ဒီဂရီခန့်ရှိ ၆ မီတာအကွာခန့်မှ မြေပြင်ဆင်းသက်ယာဥ်ပလက်ဖောင်းကို ပြန်လည်ရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်သည်။ ဓါတ်ပုံတွင် မြေပြင်ဆင်းသက်ယာဉ်ပလက်ဖောင်း၏ အရောင်အသွေးက တောက်ပနေပြီး တရုတ်နိုင်ငံ၏လေးထောင့်သဏ္ဍာန်အလံနီကို ပေါ်လွင်စွာမြင်တွေ့ရသလို မြေမျက်နှာသွင်ပြင်၏ အသေးစိတ်အခြေအနေကို စုံလင်စွာတွေ့မြင်ရကြောင်း သိရသည်။

”ဆင်းသက်လှည့်လှည်ယာဉ်နှစ်စီး ပူးတွဲဓါတ်ပုံ”သည် ဂြိုဟ်ပေါ်သွားယာဉ်က မြေပြင်ဆင်းသက်ယာဉ်ပလက်ဖောင်း၏ တောင်ဘက် ၁၀ မီတာခန့်အကွာကို မောင်းနှင်၍ ယာဉ်အောက်တွင် အရှင်တပ်ဆင်ထားသည် ကင်မရာကို ချပြီး ပလက်ဖောင်းအနီးသို့ ပြန်မောင်း၍ ယာဉ်နှစ်စီးအတူပူးတွဲရိုက်ကူးထားသည့် ဓါတ်ပုံဖြစ်သည်။

တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန(CNSA)၏ အကြီးအကဲ ကျန်းခဲ့ကျန်က အရည်အသွေးမြင့် သိပ္ပံအချက်အလက်များကို ရရှိအောင် အာကာသသိပ္ပံစူးစမ်းလေ့လာရေး တာဝန်အသီးသီးကို တစ်ဆက်တည်း ဟန်ချက်ညီညီ အသေးစိတ် ကောင်းမွန်အောင် စုစည်းအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်မျှဝေပေးခြင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ပူးပေါင်းဆောင်ရွက်ခြင်း စိတ်ဓါတ်ဖြင့် သိပ္ပံဆိုင်ရာ အချက်အလက်များကို အချိန်မီ ထုတ်ပြန်ကာ တရုတ်နိုင်ငံ၏ အာကာသဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို လူသားအားလုံးနှင့်မျှဝေသွားမည်ဖြစ်ကြောင်း၊ အသေးစိတ်အထောက်အထားများနှင့်အတူ နောက်ဆက်တွဲ အာကာသအရေးကြီးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အာကာသလုပ်ငန်းအရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်ကာ အာကာသအင်အားကြီးနိုင်ငံ၊ သိပ္ပံနည်းပညာအင်အားကြီးနိုင်ငံအဖြစ်တည်ဆောက်ရေးအတွက် အကျိုးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမဆုံးအင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးလုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် ဘက်စုံသုံးသပ်မှုများ စတင်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် စီမံကိန်းခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်တွင် “ထျန်းဝန်-၁”စူးစမ်းလေ့လာရေးယာဉ်ကို ဟိုင်နန်ပြည်နယ် ဝန်ချန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်ရာ လုပ်ငန်းတာဝန်အသီးသီးကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ဇွန် ၁၁ ရက် အထိ ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်သည် ၎င်း၏ပတ်လမ်းတွင် ကောင်းမွန်စွာ လည်ပတ်လျက်ရှိပြီး ဂြိုဟ်ပေါ်သွားယာဉ် “ကျုလုံ”က အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် ရက်ပေါင်း ၂၈ ရက်ကြာ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
(天问一号探火)天问一号着陆火星首批科学影像图公布 我国首次火星探测任务取得圆满成功
2021-06-11 10:08:33
新华社北京6月11日电(记者胡喆)6月11日,国家航天局在京举行天问一号探测器着陆火星首批科学影像图揭幕仪式,公布了由祝融号火星车拍摄的着陆点全景、火星地形地貌、“中国印迹”和“着巡合影”等影像图。首批科学影像图的发布,标志着我国首次火星探测任务取得圆满成功。
着陆点全景图,是火星车尚未驶离着陆平台时,由火星车桅杆上的导航地形相机,进行360°环拍,经过校正和镶嵌拼接而成。图像显示,着陆点附近地势平坦,远处可见火星地平线,石块丰度和尺寸与预期一致,表明着陆点自主选择和悬停避障实施效果良好。
火星地形地貌图,是火星车驶达火星表面后,由导航地形相机拍摄的第一幅地形地貌影像图。图像显示,近处表面较平坦,分布有大小不同的石块,边缘平滑、颜色较浅、呈半掩埋状,较远处有一环形坑,环形坑边缘分布有颜色较深、棱角分明的石块,更远处是几处沙丘。
“中国印迹”图,是火星车行驶到着陆平台东偏南60°方向约6米处,拍摄的着陆平台影像图。图像显示,着陆平台熠熠生辉,国旗鲜红方正,表面地貌细节丰富。
“着巡合影”图,是火星车行驶至着陆平台南向约10米处,释放安装在车底部的分离相机,之后火星车退至着陆平台附近,分离相机拍摄的火星车与着陆平台的合影。图像通过无线信号传送到火星车,再由火星车通过环绕器中继传回地面。
国家航天局局长张克俭表示,航天全线将继续发扬严慎细实、大力协同的工作作风,组织实施好各项科学探测任务,获取高质量科学数据;秉持开放共享、互利合作理念,及时发布科学数据产品,让全人类共享中国航天发展成果;精心论证和实施好后续航天重大工程,推动航天事业高质量发展,为航天强国和科技强国建设作出更大贡献。
我国首次火星探测任务于2013年全面启动论证,2016年1月批准立项。2020年7月23日天问一号探测器于海南文昌成功发射,历经地火转移、火星捕获、火星停泊、离轨着陆和科学探测等阶段,工程任务按计划顺利开展。截至6月11日,环绕器在中继轨道运行状态良好,祝融号火星车在火星表面已工作28个火星日。(完)
图说1: “着巡合影”图。新华社发(国家航天局供图)
图说2: “中国印迹”图。新华社发(国家航天局供图)
图说3: 着陆点全景图。新华社发(国家航天局供图)
图说4:火星地形地貌图。新华社发(国家航天局供图)
图说5:6月11日,在天问一号探测器着陆火星首批科学影像图揭幕仪式现场,中国首次火星探测任务工程总设计师张荣桥向媒体介绍首批科学影像图。新华社记者 金立旺 摄