Connect with us

Africa & Middle East

ဒုက္ခသည်အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရန်အတွက် ယူကရိန်းက နယ်စပ်ထိန်းချုပ်စီမံမှုများ တိုးမြှင့် ဆောင်ရွက်

ဘီလာရုဇ်နယ်စပ် ပိုလန်နိုင်ငံနှင့်ကပ်လျက်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ကလေးငယ်နှစ်ဦးက တစ်ဖက်တွင် စောင့်ကြပ်နေသည့် တပ်ဖွဲ့ဝင်များအား ကြည့်နေသည်ကို နိုင်ဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကီးယက်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ယူကရိန်းမြောက်ဘက် အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံ၏ ဒုက္ခသည်အကျပ်အတည်းဖြေရှင်းရေး အတွက် ယူကရိန်း ဥပဒေစိုးမိုးဌာနများက နိုဝင်ဘာ ၂၃ ရက်မှစတင်ကာ ယူကရိန်း-ဘီလာရုဇ်နယ်စပ် ထိန်းချုပ်စီမံမှု ပူးတွဲလှုပ်ရှားမှုများအား စတင် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာန ဝက်ဆိုက်၏ နိုဝင်ဘာ ၂၄ ရက် သတင်းများအရ သိရသည်။

နယ်စပ်ကာကွယ်ရေးဌာန၊ အမျိုးသားအစောင့်တပ်၊ ရဲတပ်ဖွဲ့နှင့်လက်နက်ကိုင်တပ်ဖွဲ့များက ဥပေဒစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှုအား အတူပါဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊မောင်းသူမဲ့ဒရုန်းယာဉ်နှင့်အခြားစက်ပစ္စည်းကိရိယာများအပါအဝင် ဖြစ်ပေါ်လာနိုင်သည့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့အပြင် တရားဥပဒေစိုးမိုးရေးဌာနများက ယူကရိန်း-ဘီလာရုဇ် နယ်စပ်အနီး ဂိတ်များ၊ အမြန်လမ်း၊ ရထားလမ်း၊ ယာဉ်ရပ်နားမှတ်တိုင်နှင့် လူနေအိမ်ခြေရှိနေရာများတွင် လုံခြုံရေးကင်းလှည့်စစ်ဆေးစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်းသည် ဘီလာရုဇ်နိုင်ငံနှင့်ဆက်စပ်နေပြီး ကီလိုမီတာ ၁,၀၀၀ခန့် ဆက်စပ်နေကြာင်း သိရသည်။

ယခုကာလများတွင် ထောင်နှင့်ချီသည့် ဒုက္ခသည်များက ဘီလာရုဇ်မှတစ်ဆင့် ပိုလန်၊လစ်သူရေးနီးယား စသည့် ဥရောပသမဂ္ဂနိုင်ငံများကိုဖြတ်သန်း၍ အနောက်ဥရောပသို့ သွားရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ ၎င်းတို့အနက် အများစုမှာ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။ နယ်စပ်တွင် ဒုက္ခသည် အစုလိုက်သောင်တင်နေသည့်အတွက် ပိုလန်စသည့်နိုင်ငံများက နယ်စပ်ထိန်းချုပ်စီမံမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)乌克兰加强乌白边境管控应对难民危机
2021-11-24 22:45:12 分类: 政治法律
新华社基辅11月24日电(记者李东旭)据乌克兰内务部官网24日消息,为应对北部邻国白俄罗斯的难民危机,乌执法部门23日启动加强乌白边境管控的联合行动。
乌克兰内务部说,国家边防局、国民警卫队、警察和武装部队将共同参加此次联合执法行动,使用无人机和其他装备对可能发生的非法越境行为实施监控。此外,执法部门还将在乌白边境附近的口岸、高速公路、铁路、公交车站和居民区加强巡逻和安全检查。
乌克兰北部与白俄罗斯接壤,边境长达1000公里左右。
近期,数以千计难民试图从白俄罗斯进入波兰、立陶宛等欧盟国家,最终前往西欧,其中,多数人来自中东地区。波兰等国强化边境管控,大量难民滞留边境。(完)
图说1:11月14日,在白俄罗斯靠近波兰边境的难民点,两名儿童望着波兰一侧的军人。 新华社发(任科夫 摄)