Connect with us

Europe

နမီးဘီးယားတွင် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ဂျာမနီနိုင်ငံအစိုးရ ဝန်ခံပြောဆို

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် နှာခေါင်းစည်း တပ်ဆင်ထားသူတစ်ဦး ဂျာမနီအလံရှေ့မှ ဖြတ်လျှောက်သွားစဉ်(ဆင်ဟွာ)

ဘာလင် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံအနေဖြင့် ယခင် ကိုလိုနီ ပြုခဲ့သည့် နမီးဘီးယားရှိ Herero လူမျိုးစု နှင့် Namaqua လူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က မေ ၂၈ ရက်၌ ဝန်ခံထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် ဂျာမနီနိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းကြောင့် ဘေးဒုက္ခခံစားရသူများသည် မှန်းဆ၍ မရနိုင်သော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေခဲ့ကြောင်း ၊ Herero လူမျိုးစု နှင့် ဘေးဒုက္ခခံစားခဲ့ရသူများ၏ မျိုးဆက်သစ်များအနေဖြင့် ခွင့်လွတ်ပေးရန် တောင်းဆိုလိုကြောင်း ၊ ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ရခြင်းမှာ စစ်မှန်သော ဖြေရှင်းမှု နည်းလမ်းဖြင့် ပြန်လည်သင့်မြတ်စေလိုသော သဘောထားဖြစ်ပြီး ဘေးဒုက္ခခံစားခဲ့ရသူများအပေါ် ဝမ်းနည်းစာနာမှု သတိရမှုတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက်တွင် ဂျာမနီနိုင်ငံအနေဖြင့် ပမာဏအားဖြင့် ယူရိုငွေ ၁.၁ ဘီလီယံရှိသော ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်သွားမည်ဖြစ်ပြီး Herero လူမျိုးစု နှင့် Namaqua လူမျိုးစုများ အတွက် စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ၊ ရေပေးဝေမှု အခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်စေရန် နှင့် အသက်မွေးဝမ်းကြောင်း ဆောင်ရွက်မှုများအတွက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၊ ဘေးဒုက္ခခံစားခဲ့ရသည့် မျိုးဆက်များအနေဖြင့် သက်ဆိုင်ရာ ထောက်ပံ့ငွေများကို တောင်းဆိုရယူနိုင်ပြီး ယင်းငွေကြေးများမှာမူ ဖောင်ဒေးရှင်းရန်ပုံငွေအတွင်း မှ ထုတ်နုတ်သွားမည်မဟုတ်ကြောင်း သိရသည်။

၁၈၈၄ ခုနှစ် မှ ၁၉၁၅ ခုနှစ်အထိ ဂျာမန်အင်ပါယာသည် နမီးဘီးယား အား ကိုလိုနီပြုလုပ်ခဲ့ပြီး ဂျာမနီပိုင် အနောက်တောင် အာဖရိကတိုက်ဟုခေါ်တွင်ခဲ့သည်။ ယင်းအချိန်တွင် ဂျာမနီ စစ်တပ်သည် ဒေသခံ ပြည်သူများအား ရက်စက်စွာ ဖိနှိပ်မှုကျူးလွန်ခဲ့သည်။ သမိုင်းမှတ်တမ်းများ၏ စားရင်းပြုစုချက်အရ ၁၉၀၄ ခုနှစ် မှ ၁၉၀၈ ခုနှစ်အတွင်း ယင်းဒေသရှိ Herero လူမျိုး ၈ သောင်းတွင် ၆၅,၀၀၀ သေဆုံးခဲ့ရကြောင်း ၊ Namaqua လူမျိုး ၂ စု သောင်းခန့်တွင် အနည်းဆုံး လူပေါင်း တစ်သောင်းခန့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှစတင်၍ ဂျာမနီနိုင်ငံ နှင့် နမီးဘီးယားနိုင်ငံ တို့သည် ကိုလိုနီသမိုင်းကြောင်းအရ ကျန်ရှိခဲ့သည့် သမိုင်းပြဿနာနှင့် ပတ်သက်၍ ၅ နှစ် ဆက်တိုက်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းမတိုင်မီ ဂျာမနီနိုင်ငံအစိုးရအနေဖြင့် သတ်ဖြတ်မှုတွင် ကျင့်ဝတ်အရတာဝန်ရှိကြောင်း ပြောကြားခဲ့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှုဆောင်ရွက်ခဲ့သည့် ပြစ်မှုအပေါ် ဝန်ခံခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ဂျာမနီနိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ Herero လူမျိုး စု နှင့် Namaqua လူမျိုး စု အသင်းအဖွဲ့များက ဂျာမနီနိုင်ငံအား ကိုလိုနီကာလအတွင်း လုယူသွားသည့် အနုပညာလက်ရာများ နှင့် ၎င်းလူမျိုးစုများ၏ ကြွင်းကျန်အရိုးစုများအား ပြန်လည်ပေးအပ်ရန်တောင်းဆိုခဲ့သော်လည်း လက်ရှိချိန်ထိ ဂျာမနီနိုင်ငံ၏ တရားဝင် ပြန်လည်အကြောင်းပြန်မှု မရရှိသေးကြောင်း သိရသည်။ (Xinhua)

———————————-
(Chinese Version)
(国际)德国政府承认在纳米比亚犯下种族屠杀罪行
2021-05-29 18:13:04 分类: 政治法律
新华社柏林5月29日电(记者张远)德国外交部28日发表声明,承认德国对前殖民地纳米比亚的赫雷罗族人和纳马族人犯下种族屠杀的罪行。
声明说,德国的种族屠杀罪行给受害者造成无法衡量的苦难,请求纳米比亚和受害者后裔的宽恕。这一表态是为“找到一条通向真正和解的方式,以缅怀受害者”。
声明说,德国将设立一个总额为11亿欧元的基金,用于帮助赫雷罗族人和纳马族人发展农业、改善供水设施和开展职业教育等。受害者后裔诉讼的相关补偿不从该基金中扣除。
1884年到1915年,德意志帝国在现纳米比亚建立殖民地,称德属西南非洲。在此期间,德国军队残酷镇压当地民众的反抗。据历史学家估计,在1904年至1908年期间,当地约8万赫雷罗族人中就有6.5万人丧生,约2万纳马族人中至少有1万人丧生。
从2015年起,德国与纳米比亚就殖民统治历史问题进行了持续5年多的谈判。此前,德国政府承认对屠杀有“道德责任”,但未承认犯下种族屠杀罪行。
德国媒体报道说,一些赫雷罗族和纳马族团体要求德国归还殖民时期掠夺的艺术品和族人遗骨,但尚未得到德国官方回应。(完)

Photo
3月3日,在德国首都柏林,一名佩戴口罩的行人经过一面德国国旗。 新华社记者 单宇琦 摄